cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

အုန်းပင်အား အိမ်သုံးဆား (Sodium Chloride) ကျွေးခြင်း

. Soil Management
ဗဟုသုတအနေနဲ့ပြောရရင် အုန်းပင်လိုမျိုး ဆားငန်ဒဏ်ခံနိုင်ရည်ရှိတဲ့အပင် (ခံနိုင်ရည်ရှိတာပေါ့၊ သူက ပင်လယ်ကမ်းစပ်မှာ ပေါက်လေ့ရှိတာကိုး) တွေမှာတော့ ဆိုဒီယမ်က ကောင်းတဲ့အကျိုးကျေးဇူးတွေကို ပေးပါတယ်။
  • အုန်းပင်တွေကို အိမ်သုံးဆားကျွေးသင့်ပါသလား? အုန်းပင်ခြေမှာ ဆားပုံသင့်ပါသလား?

    ဒီကိစ္စနဲ့ပက်သက်ရင် အငြင်းပွားစရာတွေ၊ စိတ်ပူစရာတွေ ရှိကြပါတယ်။

    အိမ်သုံးဆားထဲမှာ အဓိကပါဝင်တဲ့ ဆိုဒီယမ် (Na) က အပင်တွေအတွက် မရှိမဖြစ်မဟုတ်တဲ့အပြင် အနှောင့်အယှက်ဖြစ်စေတာကိုး။

    အပင်တွေလိုအပ်တဲ့ အဓိကအာဟာရဓာတ်တွေထဲ ဆိုဒီယမ်မပါပါဘူး။

    ဗဟုသုတအနေနဲ့ပြောရရင် အုန်းပင်လိုမျိုး ဆားငန်ဒဏ်ခံနိုင်ရည်ရှိတဲ့အပင် (ခံနိုင်ရည်ရှိတာပေါ့၊ သူက ပင်လယ်ကမ်းစပ်မှာ ပေါက်လေ့ရှိတာကိုး) တွေမှာတော့ ဆိုဒီယမ်က ကောင်းတဲ့အကျိုးကျေးဇူးတွေကို ပေးပါတယ်။

    ဥပမာ- အပင်ဆဲလ်တွေတောင့်တင်းအောင်၊ ရေနဲ့ အာဟာရစုပ်ယူမှုအဆင်ပြေအောင် ထိန်းသိမ်းပေးပါတယ်။ အထူးသဖြင့် ပိုတက်ဆီယမ်ချို့တဲ့တဲ့မြေတွေမှာဆိုရင် ပိုတက်ဆီယမ်ရဲ့တာဝန်ကိုယူပြီး အရှေ့ကလုပ်ငန်းတွေကို ဆောင်ရွက်ပေးပါတယ်။

    ဆားငန်မြေနဲ့ မိုးခေါင်တဲ့ဒေသတွေမှာ အပင်အတွင်း ရေခြွေတာ၍ မျှမျှတတဖြစ်စေရန် ဆဲလ်တွေကို ထိန်းချုပ်ပေးပါတယ်။

    ထို့ပြင် ပြောင်းပင်၊ ကြံပင်၊ ဟင်းနုနယ်၊ ဟင်းနုနယ်ဆူးပေါက်၊ ဘာလီပင်၊ မြက်မျိုးရင်းအချို့၊ လမုပင်၊ ကျောက်ဆူးပင်၊ ပင်လယ်ကမ်းခြေရှိအပင်အချို့နဲ့ အခြားဆူးပါသောကန္တရပင်တွေမှာဆိုရင် PEP လို့ခေါ်တဲ့ အဓိကကွန်ပေါင်းတွေကို ထုတ်လုပ်ခြင်းအားဖြင့် အရွက်များ၌အစာချက်ခြင်းကို အားပေးပါတယ်။

    သုတေသနများအရ အုန်းသီးအထွက်နှုန်းနဲ့ အုန်းဆံခြောက်၊ အုန်းဆီအထွက်နှုန်းကိုပါ တိုးစေပါတယ်။

    အုန်းရည်နဲ့ အုန်းနို့ရည်ရဲ့အရသာကို တက်စေပါတယ်။

    အိမ်သုံးဆားမှာပါတဲ့ Chloride (Cl) သည်လည်းပဲ အလင်းမှီအစာချက်ဖို့နဲ့ အင်ဇိုင်းတွေအလုပ်လုပ်ဖို့ မရှိမဖြစ် အရေးပါပါတယ်။

    အထက်မှာရေးခဲ့သလို အုန်းပင်တွေရဲ့ မူရင်းဇာတိဖြစ်တဲ့ ပင်လယ်ကမ်းခြေဒေသတွေမှာ ပင်လယ်ရေဝင်ရောက်မှု၊ ဆားတွေစုပုံလာမှုကြောင့် ဆိုဒီယမ်ရော ကလိုရိုဒ်ရော ကြွယ်ဝလေ့ရှိပါတယ်။ မြေချဥ်ငန်ကိန်း pH က (၆.၀-၇.၅)၊ (၇.၅-၈.၅)နဲ့ (၇.၅-၈.၀) ခန့် ရှိကြပါတယ်။

    အုန်းပင်တွေသည် ဆားငန်ဒဏ်ကို အတန်အသင့်ခံနိုင်ရည်ရှိပါတယ်။

    ထို့ပြင် ထူးဆန်းစွာဖြင့် အိမ်သုံးဆားကို ပမာဏအနည်းငယ် (အနည်းငယ်)ကို လိုအပ်လေ့ရှိပါတယ်။

    ဒါကြောင့်မို့ ကမ်းခြေမဟုတ်ဘဲ ကုန်းတွင်းပိုင်းမှာစိုက်ပျိုးတဲ့ အုန်းခြံတွေမှာ အိမ်သုံးဆားကို ပမာဏနည်းနည်း ထည့်သွင်းကြပါတယ်။

    ထည့်မယ်ဆိုပါက အများကြီးတော့ မထည့်သင့်ပါဘူး။

    အရွယ်ရောက်ပြီးသား အုန်းပင်တစ်ပင်ကို တစ်နှစ်လျှင် (၁-၂) ကီလိုဂရမ်ခန့် ကျွေးနိုင်ပါတယ်။

    (၂)ခါ ခွဲကျွေးသင့်ပါတယ်။ မိုးဦးကျအချိန်နဲ့ မိုးရာသီလွန်မြောက်ပြီး နှစ်လည်အချိန်ပါ။

    အုန်းပင်အခြေမှ (၃)ပေခန့်အကွာ အမြစ်ဇုံတဝိုက်မှာ အိမ်သုံးဆား ကီလိုဝက်ခန့်ကို ဖြန့်ပေးပါ။

    ဆားကို အပင်နဲ့ အမြစ်နုတွေကို တိုက်ရိုက်ထိတွေ့စေခြင်းမှ ရှောင်ကြဥ်ရပါမယ်။

    အိမ်သုံးဆား ထည့်မည်ဆိုပါက ဂရုပြုရမည့်အချက်များ.......

    မိုးများသောဒေသများ၌သာ အုန်းပင်များ၌ ဆားကျွေးသင့်ပြီး၊ မိုးနည်းတဲ့ဒေသများ၌ ဆားထည့်ခြင်းကို မပြုလုပ်သင့်ပါ။

    အလွန်အကျွံထည့်သွင်းပါက ဆားငန်မြေဖြစ်၍ အခြားအာဟာရဓာတ်များကို အပင်များမှ မရယူနိုင်တော့ဘဲ စိုက်ပျိုးရေးကို ထိခိုက်နိုင်ပါမယ်။

    မြေဆီလွှာအတွင်း အဏုဇီဝပိုးများပေါက်ပွားမှုကို ထိခိုက်နိုင်ပါမယ်။

    ဆားမထည့်ခင် မြေဆီလွှာကိုစစ်ဆေး၍ ဆိုဒီယမ်နှင့် ကလိုရိုဒ်အလွန်နည်းပါးမှသာ ဆားထည့်ပေးပါ။

    ဆားပေါက်မြေ၊ ဆားငန်မြေမဖြစ်စေရန်အတွက် မြေဆွေးများ၊ အော်ဂဲနစ်မြေဩဇာများကိုပါ ထည့်သွင်းပေးပါ။

    အုန်းပင်အခြေ၌ သစ်ရွက်ခြောက်များ၊ အုန်းလက်များဖြင့်အုံ့ဆိုင်းပေးခြင်းဖြင့် မြေသားအစိုဓာတ်ကို ထိန်းပေးပြီး၊ မြေသားအတွင်း ရေငွေ့ပြန်ခြင်းမှတဆင့် ဆားများမြေပေါ်တက်လာ၍ ဆားပေါက်ခြင်းအား တားဆီးနိုင်မည်ဖြစ်သည်။

    ဂျစ်ပဆန်ကျောက်မှုန့်ထည့်သွင်းပေးခြင်းဖြင့် မြေသားအတွင်းပိုနေသော ဆိုဒီယမ်အား ကယ်လဆီယမ်ဖြင့်ဖယ်ထုတ်၍ မြေဆီဩဇာကို တက်စေနိုင်ပါမယ်။

    နိဂုံးချုပ်အနေနဲ့ ဆားပေါက်တဲ့မြေ၊ ဆားငန်မြေဆိုရင် စိုက်ပျိုးရေးအတွက် မကောင်းတာ အားလုံးသိကြပါတယ်။

    ဆားများတဲ့မြေထဲမှာ အမြစ်တွေက ရေမစုပ်ယူနိုင်လို့ ရေငတ်ပြီး ကြီးထွားမှုရပ်မယ်၊ နောက်ဆုံး အပင်လောင်ပြီးသေသွားနိုင်တယ်။

    အပင်တစ်သျှူးတွေထဲ ဆိုဒီယမ်တွေများနေရင် ဆဲလ်နံရံတွေပျက်စီးပြီး အရွက်လောင်မယ်၊ ရောင်မညီကွက်ကျားတွေ ဖြစ်ပါတယ်။

    ဆိုဒီယမ်က ပိုတက်ဆီယမ်၊ ထုံးဓာတ်နဲ့ မဂ္ဂနီဆီယမ်ကဲ့သို့ အခြားဓာတ်တွေကို အပင်တွေထဲအလုပ်မလုပ်နိုင်အောင် အနှောင့်အယှက်ပေးလို့၊ အပင်တွေ၌ အဆိုပါဓာတ်တွေ ချို့တဲ့လာပါတယ်။

    မြေကြီးထဲမှာလည်း ထုံးဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ကို ဖယ်ထုတ်လိုက်တာကြောင့် မြေသားပုံစံကို ပျက်စီးစေတယ်၊ မြေသားအတွက်လေဝင်လေထွက်နည်းစေတယ်၊ အမြစ်ဖွံ့ဖြိုးမှုကို နည်းစေပါတယ်။

    အုန်းပင်စိုက်ပျိုးဖို့ အကောင်းဆုံး မြေချဥ်ငန်ကိန်း pH က (၆.၀-၇.၅) ခန့် ဖြစ်တာမို့၊ မြေအရမ်းငန်နေရင်လဲ အုန်းပင်မဖြစ်ထွန်းပါဘူး။

    ဒါကြောင့် အိမ်သုံးဆားကို မကျွေးသင့်ပါဘူး။ မြေဆီလွှာထဲ မထည့်သင့်ပါဘူး။

    အုန်းပင်တွေသည် ဆိုဒီယမ်ဆားမထည့်လဲ ရှင်သန်ကြီးထွားနိုင်ပါတယ်။

    သုတေသနများအရ အခြားလိုအပ်တဲ့ အဓိကနဲ့ အနည်းလိုအာဟာရဓာတ်များပါဝင်သော မြေဩဇာတွေကို စနစ်တကျကျွေးမည်ဆိုရင် အိမ်သုံးဆားမထည့်ပေးလဲ အုန်းပင်ပုံမှန်ဖွံ့ဖြိုး၍ အုန်းသီးနဲ့ အုန်းဆီအထွက်နှုန်းကောင်းမှာ သေချာပါတယ်ခင်ဗျာ။

    ဒေါက်တာဝဏ္ဏထွန်း

    ✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
likes
7
comments
0
views
2858