တရုတ်အပါအဝင်ပြည်ပနိုင်ငံများသို့ ရော်ဘာတန်ချိန် ၃၈၀၀၀၀ ခန့် တင်ပို့မည်
- ပြည်တွင်းထွက်ကုန် ရော်ဘာကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နေရခြင်းဖြစ်ပြီး စုစုပေါင်းပြည်ပတင်ပို့မှု ပမာဏ ရဲ့ ၇၅ ရာခိုင်နှုန်းခန့်ရှိတယ်လို့ သိရပါတယ်။ - ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း ပြည်ပကို ရော်ဘာတန်ချိန် ၃ သိန်းဝန်းကျင်တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေ ရိကန် ဒေါ်လာ သန်း ၅၀၀ နီးပါးရရှိခဲ့ရာ အခုဘဏ္ဍာနှစ်တွင် စုစုပေါင်းရော်ဘာတန်ချိန် ၃၅၀၀၀၀ ကနေ ၃၈၀၀၀၀ ကြားအထိ တိုးမြှင့်တင်ပို့ရန် လျာထားဆောင်ရွက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ - ပြည်တွင်းကထွက်ရှိသည့်ရော်ဘာများကို နှစ်စဉ်ပြည်ပသို့တင်ပို့ရာတွင် တရုတ်ကို ၇၅ ရာခိုင်နှုန်း တင်ပို့ နေပြီး မလေးရှား ၊ အင်ဒိုနီးရှား ဗီယက်နမ်၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတွေကိုလည်း တင်ပို့လျက်ရှိတယ်လို့ သိရပါတယ်။ - နှစ်စဉ် ပြည်ပသို့ရော်ဘာတင်ပို့မှုကနေ ပျမ်းမျှအမေရိကန်ဒေါ်လာ သန်း ၂၅၀ ကနေ သန်း ၄၅၀ အကြား ရရှိ ကြောင်းလည်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရပါတယ်။ - ပြည်တွင်း၌ ရော်ဘာကိုအများဆုံးစိုက်ပျိုးသည့်ဒေသများမှာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာ ရီတိုင်း ဒေသကြီးတို့ဖြစ်ပြီး၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်း၊ ကချင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုး ထွက်ရှိကြောင်း သိရပါတယ်။ - အောင်အောင် - Opinion Leaders Media မှ ကူးယူဖော်ပြပါသည်။ - ------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
