နှမ်းနက်အပါအဝင် နှမ်းမျိုးစုံ အဝယ်သွက်နေ
ပဲနှမ်းဈေးကွက် တစ်ခုလုံး ဈေးကျဆင်း အဝယ်အေးနေရာ မှ သြဂုတ်လ ၁၄-၁၅ ရက်များတွင် ဈေးကျဆင်းမှု ရပ်သွားပြီးနှမ်း နက်များမှာ ပို့ကုန်သမား အဝယ်နှင့် ဈေးကျဆင်းချိန် ဖြစ်သော ကြောင့် လှောင် လက်သမားများ အဝယ်ပြန် သွက်လာရာနက်နက် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၅၀၀၀-၂၀ဝဝဝ ခန့် ဈေးပြန်လည် မြင့်တက်လာ ကြောင်း ၊ ဈေးကျဆင်းမှုရပ်ပြီးအနည်းငယ် ဈေးမြင့်တက်လာ သော်လည်း ယခင်ပုံမှန်ဈေးတန်း သို့ မရောက်ရှိ သေးကြောင်း၊ မြေပဲဆန် မျိုးစုံမှာလည်း အဝယ်ပြန်သွက်လာကာ ဈေးအနည်းငယ် မြင့်တက်လာ ကြောင်း လက်ရှိမှာပြည်တွင်း ကုန်စည် သယ်ယူပို့ ဆောင်ရာတွင် ဖြေလျော့မှုများ ရှိလာသဖြင့် ပဲ၊ နှမ်း ဈေးကွက် အရောင်း အဝယ် ပုံမှန် ဖြစ်လာမည်ဖြစ်ကြောင်း ရွှေစင်သိန်း ပွဲရုံပိုင် ဦးကျော်သွင် ကပြော သည်။
သြဂုတ် ၁၅ရက်တွင် ကျွန်း စားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၆၅၀၀၀၀၊ ပဲနီပြာ(ကျွန်း)တစ် အိတ်လျှင် ငွေကျပ် ၄၈ဝဝဝဝ၊မြေထောက်ပဲတစ်အိတ်လျှင် ငွေ ကျပ် ၃၀၀၀၀၀၊ စားတော်ပဲ (ကနေဒါ) တစ်အိတ်လျှင် ငွေ ကျပ် ၄၄၀၀၀၀ အသီးသီးပေါက်ဈေးရှိနေသည်။
သြဂုတ် ၁၅ ရက်တွင် ဈေး ကျဆင်းနေသည့် နှမ်းနက်မှာ ဈေးအနည်းငယ်ပြန်လည် မြင့်တက်လာရာ နှမ်းနက် သုံးတင်းဝင်တစ်အိတ်လျှင် ငွေ ကျပ် ၇၈ဝဝဝဝ၊ နှမ်းဖြူ၊ ဂျပန်) သုံးတင်းဝင်တစ်အိတ်လျှင်ငွေကျပ် ၃၄၅ဝဝဝ၊ နှမ်းဖြူ(ဗမာ)သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊ နှမ်းညိုသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃ဝဝဝဝဝ ပေါက်ဈေးရှိနေပြီး အလားတူမြေပဲအနီလုံး ဆန်များ ဈေးပြန်တက်လာရာ တစ် ပိဿာလျှင် ငွေကျပ် ၈၀၀၀၊ မြေပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၁၆၀၀၀၊
ပဲဖတ်တစ်ပိဿာလျှင် ငွေကျပ် ၄၃၅၀ အသီးသီး ပေါက် ဈေးရှိနေကြောင်း သိရသည်။
ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးကွက်အနည်းငယ် ကျဆင်းပြီး ဈေးငြိမ်နေရာ V2 ကုလားပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၅ဝဝဝဝ၊ V7 ကုလားပဲ သုံးတင်းဝင် တစ်အိတ် လျှင် ငွေကျပ် ၂၄၇၀၀၀၊ ထိုင် ဝမ်ကုလားပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀၊ 929 ကုလားပဲ သုံးတင်းဝင် တစ် အိတ်လျှင် ငွေကျပ် ၂၄၇ဝဝဝ အသီးသီး ဈေးကျဆင်းသွားသည်။ ထိုသို့ ဈေးကျဆင်းမှုကြောင့် လှောင်လက်သမားများ အဝယ် ကောင်းလာသည်။
ပို့ကုန်ပဲများဖြစ်သည့် ပဲစဉ်းငုံ သုံးတင်းဝင်တစ်အိတ်လျှင် ငွေ ကျပ် ၂၅၅ဝဝဝ၊ မတ်ပဲ သုံး တင်းဝင်တစ်အိတ်လျှင် ငွေကျပ်၂၈၇ဝဝဝ၊ ပဲတီစိမ်း သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၄၅ဝဝဝ သာ ပေါက်ဈေးနေပြီး ဆက်လက်ဈေးကျဆင်းနေကြောင်းသိရသည်။
ပြည်တွင်းသယ်ယူပို့ ဆောင်မှုဖြေလျော့ ပေးလာမှု များ ကြောင့်ပဲ၊နှမ်းဈေးကွက်အရောင်း အဝယ်ပြန်လည် ကောင်း မွန်လာကြောင်း သိရသည်။
ရွှေမန်း
မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။
-----------------------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


NewsFeed
Communities
Explore
Inbox
Me
Market Price