ဖြုတ်ပိုး ကြိုတင်ကာကွယ်နှိမ်နင်းနည်း
(၁) တစ်ပါတ်တစ်ခါ မိမိစပါးခင်းပင်ခြေနှင့် ရေထိစပ်နေသောနေရာတွင် ဖြုတ်ပိုးများရှိ၊မရှိ အမြဲကွင်းဆင်းစစ်ဆေးပါ။
(၂) အပူချိန် ၃၄-၃၆ ဒီဂရီ၊ ပူအိုက်စိုစွတ်တဲ့အခြေအနေ၊ စိုက်ခင်းထဲစိုထိုင်းဆ( ၉၀-၁၀၀% ) စပါးခင်းထဲရေအမြဲရှိတဲ့အခြေအနေနှင် မိမိစပါးရွက်၏ထိပ်ဖျားများအဝါရောင်၊ အနီရောင်စတင်ပြောင်းလာသောအခြေအနေတွင် အဓိကထားစစ်ဆေးဖို့လိုပါတယ်။
(၃) ပုလဲနိုက်ထရိုဂျင်ယူရီးယားမြေဩဇာများ အလွန်အကျွံထည့်ခြင်းကိုရှောင်ကြဥ်ပါ။ ပမာဏနည်းနည်းဖြင့် အကြိမ်ရေခွဲထည့်ပေးပါ။
(၄) ဖြုတ်ပိုးသည် အပင်ရည်ကိုစုပ်ယူစားသုံးပြီး ပွားများဖျက်ဆီးနှုန်းမြန်သောဖျက်ပိုးဖြစ်သောကြောင့် မလိုအပ်ဘဲ ဓာတုပိုးသတ်ဆေးများအလွန်အကျွံသုံးစွဲခြင်းကိုရှောင်ပါ၊ ဖျက်ပိုး ဆေးကိုယဥ်ပါးသွားပါက နှိမ်နင်းရခက်စေပါတယ်။
(၅) ဖြုတ်စတင်ကျရောက်သည်ကိုတွေ့တာနဲ့ ရေထုတ်ပေးပါ၊ လေကြောင်းခွဲပေးပါ။
(၆) ပိုတက်စီယမ်မြေဩဇာ (K) ကိုအဓိကထည့်ပေးပါ။
(၇) ဖြုတ်ပိုးအတွက် အဓိကထားရွေးချယ်နိုင်သောဓာတုပိုးသတ်ဆေးများ- Buprofezin+ Acetamiprid, Fenobucarb+ Cyantraniliprole, Dinotefuran+ Pymetrozine, Pymetrozine+ Nintepyram
(၈) ရေထုတ်ပြီးမှ ဆေးဖျန်းတာက ဖြုတ်ပိုးကိုပိုမိုထိရောက်စေပါတယ်။
အိမ့်ဖြိုး
✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752







NewsFeed
Communities
Explore
Inbox
Me
Market Price