cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

သဘာဝနှစ်ရှည်ပင် သပြုသီးပင်မှပေးသော အပိုဝင်ငွေ

. Market News
သပြုပင်က အရွက်၊ အသီး၊ အခေါက်အားလုံးနီးပါးက အသုံးတည့် ကြပါတယ်။ ယခုနှစ် ၂၀၂၅ခုနှစ် ဇူလိုင်လ တွင် သဘာဝသီးပင် သပြုသီး များ မအူပင် မြို့နယ်တွင် လှိုင်လှိုင် ထွက်ပေါ်နေပြီးဖြစ်သည်။
  • သပြုပင်က ပူနွေးစိုစွတ်သော ရာသီဥတုမှာ ပေါက်ရောက်တတ်ကြပြီး အမြဲစိမ်းအပင်တစ်မျိုးပါ။ အပင်ကြီးတစ်မျိုးဖြစ်ပြီး ပေ ၃၀ ကနေ ၈၀ အထိမြင့် တတ်ကြပါတယ်။ သပြုပင်က အရွက်၊ အသီး၊ အခေါက်အားလုံးနီးပါးက အသုံးတည့် ကြပါတယ်။ ယခုနှစ် ၂၀၂၅ခုနှစ် ဇူလိုင်လ တွင် သဘာဝသီးပင် သပြုသီး များ မအူပင် မြို့နယ်တွင် လှိုင်လှိုင် ထွက်ပေါ်နေပြီးဖြစ်သည်။ သပြုသီးပင်သည် သဘာဝနှစ်ရှည်ပင်ဖြစ်ပြီး မိုးရာသီတွင် အသီးများ ပိုမိုထွက်ရှိသည်။ သပြုသီးများကို မအူပင်ဈေးကွက်အတွင်း ရောင်းချနေပြီး ၁လုံးလျှင် ၃၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။  

    သပြုသီးကို ကျေးရွာများရှိ အပင်များမှ ကုန်စိမ်းရောင်းချသူများက ဈေးကောင်းပြီး မအူပင်ဈေးအတွင်းလာရောက် ရောင်းချခြင်းဖြစ်ကြောင်း၊ တစ်ချို့ ကလည်း သပြုသီးကို ပြုတ်၍ ရောင်းချလျက်ရှိကြောင်း တွေ့ရသည်။ သပြုသီး ပိုမိုထွက်ရှိပါက ရန်ကုန်သို့ အနည်းငယ်သာ ပေးပို့ပြီး စီးပွားဖြစ် တင်ပို့ခြင်းမျိုး မရှိကြောင်း သိရသည်။ သပြုသီးကို အမှတ်တမဲ့ကြည့်လျှင် အရသာရှိသော သီးနှံလို့မထင်ရပါဘူး။ သပြုသီးကို စားလိုက်သည့်အခါ ချဉ်ပြုံးပြုံးအရသာက အတော်စားကောင်းပါသည်။ ဟင်းချက်တဲ့အခါ အချဉ်အရသာရအောင် ထည့်ချက်ကြတဲ့ မရမ်းသီး၊ မန်ကျည်းသီးတို့နဲ့မတူဘဲ သပြုသီးချဉ်ရဲ့ အရသာလေးက စားရတာခံတွင်းတွေ့ပါသည်။ သပြုသီးကို ငပိချက် ချက်စားခြင်း၊ ချဉ်ရည်ဟင်း ပုဇွန်ဖြင့် ချက်စားပါကလည်း ကတွင်းမြိန်စေသည်။ သပြုပင်က ပူနွေးစိုစွတ်သော ရာသီဥတုမှာ ပေါက်ရောက်တတ်ကြပြီး အမြဲစိမ်းအပင်တစ်မျိုးဖြစ်ကြောင်း အပင်ကြီးတစ်မျိုးဖြစ်ပြီး ပေ ၃၀ ကနေ ၈၀ အထိမြင့်တတ်ကြောင်း သပြုသီးရောင်းချသူကပြောပြသည်။ မအူပင် အခွန်လွတ်ဈေးတွင် သဘာဝပေါက်သော အပင်မှ သီးသော သပြုသီး တစ်နေ့လျှင် အလုံးရေ ၁၀၀၀ နီပါး လာရောက်ရောင်းချကြောင်း တွေ့ရှိရပြီး။ မအူပင် ရွှေတော်ပေါ်ကျေးရွာတွင် သပြုပင် ၁၅ပင် ခန့် ရှိပြီး သပြုပင်မှ သီးသော သီနှံမှ ဝင်ငွေ အပိုရရှိလျက်ရှိပြီး ဈေးကောင်းလျက်ရှိကြောင်း သိရသည်။ စားသုံးသူများပိုမိုစားသုံးလာသည်နှင့်အမျှ တွင်ကျယ်လာသော စျေးကွက်ကြောင့် ကထိကထ မများလှသော နှစ်ရှည်ပင် သပြုသီးပင်လေးတွေ စိုက်ပျိုးကြစေရန်တိုက်တွန်းရင် ဖော်ပြလိုက်ရပါတယ်။  

    DOCA(ဧရာဝတီ) မှ ကူးယူဖော်ပြသည်။ 

    ----------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
8
comments
0
views
2219