ငါးမွေးတောင်သူများအတွက် အာဟာရပြည့်ဝသော ဖြည့်စွက်စာ ကျွေးမွေးရမည့် နည်းလမ်းများ
- ငါးသားပေါက်ပြုစုသူများနှင့် အသားတိုးမွေးမြူကြသော ငါးမွေးတောင်သူများသည် ကြီးထွားနှုန်း ကောင်းမွန်စေရန်အတွက် ဖြည့်စွက်စာများ ကျွေးမွေးကြပါသည်။ ဖြည့်စွက်စာကျွေးရာတွင် အာဟာရပြည့် ဝသောအစာကျွေးမှသာ ကြီးထွားနှုန်း ကောင်းမွန် မြန်ဆန်ပါမည်။ ထို့ကြောင့် ငါးသားပေါက်ပြုစုသူများနှင့် အသားတိုးမွေးမြူကြသော ငါးမွေးတောင်သူများသည် အာဟာရပြည့်ဝသော အစာကို စပ်စာအဖြစ်ကျွေး မွေးနိုင်ကြပါရန် အကြံပြုအပ်ပါသည်။ - ရေနေသတ္တဝါများအားလုံးအတွက် အခြေခံအစာသည် အပင်မျှောလှေးနှင့် အကောင်မျှောလှေးများ ဖြစ်ကြပါသည်။ ထို့ကြောင့် ငါးသားပေါက်ပြုစုသူများနှင့် အသားတိုးမွေးမြူ ကြသူများသည် ကန်အတွင်း အပင် မျှောလှေးနှင့် အကောင်မျှောလှေး ပေါက်ဖွားကြစေရန် ရေဩဇာကောင်းစေရန် ဆောင်ရွက်ကြပါ သည်။ သို့သော် ကြီးထွားနှုန်းကောင်းစေရန်နှင့် ငါးများကျန်းမာစေရန်အတွက် ဖြည့်စွက်စာကို အောက်ပါအ တိုင်း အစာစပ်ပြီး ကျွေးနိုင်ပါသည်။ အစာတစ်ပိဿာ ဖော်စပ်နည်း နမူနာကို တင်ပြပါသည်။ - ဦးဆန်းအောင် - ထွက်တိုး - မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download - ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
