cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲတီစိမ်းအထွက်တိုးစေရန် မစိုက်ပျိုးခင် ကြိုတင်လေ့လာထားရမည့်စိုက်နည်းစနစ်များ

. Cultivation Methods
ပဲတီစိမ်းစိုက်မည့်တောင်သူများအနေဖြင့် ပဲတီစိမ်းမစိုက်ပျိုးခင် စိုက်နည်းစနစ်နှင့် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်နည်းလမ်းများအား ဗဟုသုတအနေဖြင့်မျှဝေလေးလိုက်ရပါတယ် ခင်ဗျာ။
  • ပဲတီစိမ်းစိုက်ပျိုးကြရာတွင် မြေဆောင်ရောဂါများဖြစ်ကြတဲ့ ဖျူစေရီယမ်ပင်ညှိုးနှင့် မြစ်ခြောက်ဆွေး ရောဂါများမှာ အပင်ငယ်စဥ်ကျရောက်ပါက ခံနိုင်ရည်မရှိပဲ အပင်သေသွားတတ်၍ ကြိုတင်ကာကွယ်ထားသင့်သော ရောဂါများဖြစ်ပါတယ်။ ကြိုတင်ကာကွယ်ရာတွင် မြေဆောင် မှိုသတ်ဆေးကြိုတင်ထည့်လေ့ရှိကြသလို မျိုးစေ့လူးနယ်မှိုသတ်ဆေးလဲ အသုံးပြုလေ့ရှိကြပါတယ်။ 

    ပဲတီစိမ်းစိုက်ပျိုးကြရာတွင် မြေဩဇာစနစ်တကျကျွေးခြင်းသည်လဲ များစွာအကျိုး သက်ရောက်မှုရှိပါတယ်။ တောင်သူအများစုမှာ ပဲတီစိမ်းစိုက်ပျိုးရာတွင် ရွက်ဖျန်းမြေဩဇာများ အသုံးပြုလေ့ရှိကြသော်လည်း မြေခံအနေနဲ့ အသုံးပြုရန် မလိုအပ်ပါဟူ၍ ထင်မှတ်နေတတ်ခြင်းမှာ မှားယွင်းသောအချက်ပင်ဖြစ်သည်။ မြေခံအနေနဲ့ပြည့်ဝစွာ ထည့်သွင်းထားမှသာ အပင်ငယ်စဥ် ကျရောက်လာမည့် ရောဂါပိုးမွှားဒဏ်များကို ခံနိုင်ရည်ရှိမှာဖြစ်စေပြီး အပင်ကို ကျန်းမာသန်စွမ်း စေမှာဖြစ်ပါသည်။  မြေသြဇာအကျိုးရှိစွာ အသုံးပြုပုံများမှာ- 

    - မျိုးမချမီ စိုက်ပျိုးမြေ တစ်ဧကလျှင် နွားချေး လှည်း ၅စီး-၁ဝစီးခန့် ထည့်ပေးရပါမည်။ 

    - ပုလဲ အိတ်ဝက် (၂၅ကီလိုဂရမ်)၊ ဖော့စဖောရတ်စ် ၁အိတ်(၅၀ကီလိုဂရမ်) နှင့် ပိုတက်ရှ် အိတ်ဝက်(၂၅ကီလိုဂရမ်) ကို ရောမွှေ၍ မြေပြင်ချိန်တွင် ထည့်ပေးရန် လိုအပ်ပါသည်။ 

    - ကောင်းစွာဆွေးမြေ့နေသော သဘာဝ မြေသြဇာ နွားလှည်း၅စီး-၁ဝစီးခန့်ကို မြေဆီအရည်အသွေး ကောင်းမွန်စေရန် ထည့်သွင်းပေးရပါမည်။ 

    - ပဲတီစိမ်းစိုက်ခင်းသည် ရေဝင်ရေထွက် အဆင်ပြေရမည်ဖြစ်ပြီး မြေအစိုဓာတ်လည်း လုံလောက်စွာ ရှိရပါမည်။ 

    - အပင်ကြီးထွားနှုန်း ကောင်းစေရန်အတွက် ရွက်ဖြန်းမြေသြဇာကိုမူ စိုက်ပျိုးပြီး ၁၈ရက်အကြာတွင် တစ်ကြိမ်နှင့် ၂၅ရက်အကြာတွင် တစ်ကြိမ် ပက်ဖြန်းပေးရပါမည်။  

    - ပန်းပွင့်နှုန်းနှင့် သီးတောင့်ထွက်နှုန်းတိုးရန်အတွက်မူ စိုက်ပျိုးပြီး ၃၅ရက်နှင့် စိုက်ပျိုးပြီး ၄၅ရက်တွင် အသီးအပွင့်အားဆး ပက်ဖျန်းပေးနိူင်ပါသည်။ 

    - မိမိကိုယ်တိုင် အသီးအပွင့် ရွက်ဖျန်းမြေသြဇာ ပြုလုပ်သုံးစွဲလိုပါက အောက်ပါအတိုင်း ဆောင်ရွက်နိူင်ပါသည်။ 

    - ရေ၄ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ပုလဲ စားပွဲတင်ဇွန်း ၁၈ဇွန်း၊ ဘိုရွန် စားပွဲတင်ဇွန်း ၄ဇွန်း ရောစပ်ကာ လယ်တစ်ဧကလျှင် ဆေးဖြန်းပုံး ၄-၅ပုံးခန့်ကို ပန်းစပွင့်ချိန်မှ သီးတောင့်ထွက်ချိန်အထိ နှစ်ကြိမ်-သုံးကြိမ်( မျိုးစေ့ချပြီးနောက် ၃၅ရက်နှင့် ၄၅ရက်ကြာပြီးနောက်) ၎င်းဆေးများကို အသုံးပြုပေးပါ။ 

    - ပန်းပွင့်ဝင်ချိန်မှာ အစိုဓာတ် ကောင်းစွာရရှိရန် လိုအပ်ပါတယ်။ 

    - အပင်ကြီးထွားမှု အစောပိုင်းအဆင့်မှာ စုပ်စားပိုးများ၊ ပင်စည်ထိုးယင်များ၊ ငမြှောင်တောင်ပိုးများနှင့် ရွက်လိပ်ပိုးများ ကျရောက်ဖျက်ဆီးတတ်ပါသည်။  

    -အပင်ကြီးထွားမှု နောက်ပိုင်းအဆင့်တွင် ပန်းပွင့်ချိန်မှစ၍ ရိတ်သိမ်းချိန်အထိ ပွင့်ထွေးပိုး ကျရောက် ဖျက်ဆီးနိူင်ပါသဖြင့် ပန်းစပွင့်ချိန်မှစ၍ ထိသေစားသေပင်လုံးပြန့် အာနိသင်ရှိတဲ့ ပိုးသတ်ဆေးကြိုတင် ပက်ဖျန်းနိုင်ပါတယ်။ 

     -အပင်ပေါက် ညီညာစေရန်နှင့် တစ်ဧက သတ်မှတ် အပင်ဦးရေ (တစ်ဧကလျှင် အပင်တစ်သိန်း) ပြည့်မှီမှု ရှိအောင် စိုက်ပျိုးရမည်။ 

    ထွက်တိုး 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe   

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။   


  • article
likes
14
comments
1
views
2575