cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

"ဝါဆို/ဝါခေါင် ရေဖောင်ဖောင်မှာ သပြေသီးမှည့်ကောက်ရအောင်"

. Health Articles
သပြေသီးမှည့်ပေါချိန်ရောက်ပြီဆိုတော့ သပြေသီးမှည့်ရဲ့ မြန်မာ့ဆေးကျမ်းများမှာ ဖော်ပြထားတဲ့ အထွေထွေဆေးအသုံးဝင်ပုံလေးတွေကို ဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ပါတယ်။
  • ၀မ်းအတွင်းရှိ ရွှေမှုန့်၊ကြေးမှုန့်၊သံမှုန့်မြေဖြူမှုန့်၊မြေကြီးမှုန့် ဆံပင်မွှေးများ စသည်တို့ ၀င်ရောက်၍ ၀မ်းဗိုက်အောင့်ခြင်း ထိုးခြင်းဖြစ်ပါကသပြေသီးကို သတိရကြပါ။ 

    (၁) သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကို ဆားဖြင့် တို့စားခြင်းအား (၇)ရက်မျှ ပြုလုပ်ပြီး (၇)ရက်ပြည့် လျှင်        မန်ကျည်းဖျော်ရည်သောက်ပေးရသည်။     ၀မ်းတွင်းရှိအမူန့် အမွှားများ ဆံပင်ထွေးများ     အညစ်အကြေးနှင့် အတူပါသွားတော့သည်။                              

    (၂) သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ်တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိစားပြီး ၀မ်းနုတ်ပေး၍  လည်းမလိုလားအပ်သောအမှုန့်များ၊ဆံပင်ချည်ထွေးများ ကျစေပါသည်။ ဆံပင်ညှပ်သမားဆရာတစ်ဦး ပြောပြသော နည်းဖြစ်ပါ သည်။ ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေး၀မ်းပြုရာက၀မ်း     တွင်းသို့ ဆံပင်စများ ၀င်သည်များလာကာ ဗိုက်အောင့် သည်ဆို၍ ဆေးအမျိုးမျိုး သောက်သော်လည်း မပျောက်ကင်းနိုင်ခဲ့ပါ။ နောက်ဆုံးသပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေးနှင့်အတူ ဆံပင်ထွေးများ ကျသွားသည်ဟုဆိုပါသည်။  

    သပြေသီးမှည့်သည့် ရင်သားကင်ဆာမဖြစ်ပွား စေအောင် ကာကွယ်ပေးနိုင်သည့်အပြင် ၊ရင်သားကင်ဆာဝေဒနာရှင်တို့ သပြေသီးစားသုံးခြင်းဖြင့် ကင်ဆာဆဲလ်များမပြန့်ပွားအောင် ထိန်းထားနိုင်သည်ဆိုပါသည်။  

    သပြေသီးသတ္တုရည်ကို လိမ်းပေးပါက ဘောက်ထတတ်တဲ့ ဦးရေပြားမှိုစွဲခြင်း ရောဂါပျောက်ကင်းစေသည်။ သပြေသီးတွင် ချိုဖန်သောအရသာရှိသည်။ သပြေသီးချိန် တွင် သပြေသီးမှည့်ကို စားပေးခြင်း၊သပြေခေါက်ကို အမှုန့်ပြုပြီး နေ့စဉ် လက်ဖက်စားဇွန်း(၁)ဇွန်း နံက်ညစား ပေးခြင်းဖြင့်လည်း ဆီးလွန်ရောဂါကို သက်သာပျောက် ကင်းစေပါသည်။ 

     

    သပြေသီးတင်မဟုတ် သပြေစေ့စားပါက ဆီးချိုရောဂါအတွက် အပင်တွင် ဆေးစွမ်း အကြီးဆုံးက သပြေသီးမှည့်၏အစေ့ဖြစ်ပါသည်။ထိုအစေ့ကို စနစ်တကျ အခြောက်လှန်း အမှုန့် ပြုလုပ်ပြီး နေ့စဉ်လက်ဖက်စားဇွန်း(၁) ဇွန်းနှုန်း နံနက်ညသောက်ပေးပါကဆီးချို တကယ်ပျောက်သည် ဆိုပါသည်။ 

    အိန္ဒိယဆေးကျမ်းများတွင် သပြေရွက်ပြုတ်ရည်ကို အသည်းအားဆေး အဖြစ်တိုက်ကြွေးသည့် အပြင် မှက်၊ခြင်၊ တို့ မကိုက်စေရန် သပြေရွက်ကို ကိုယ်ခန္ဓာတွင် ပွတ်တိုက်လိမ်း ကျံကြသည်။ သတိပြုရမည့်အချက်မှာ အစာမကြေသူများ၊ကိုယ်၀န်ဆောင်သူများနှင့် မတည့်ပါဆေးဖက်၀င်သည် ဆိုသော်လည်း လွန်လွန်ကျွံကျွံမစားသုံးသင့်ပါ။ 

    ရဲမျိုးသူ(ဗောဓိမြိုင်)            

    ✦✦✦✦✦✦✦✦ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752                                         


  • article
likes
10
comments
0
views
3016