cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

စက်တင်ဘာ လဆန်းပိုင်းမှာ မိုးများနိုင်သောဒေသများ

. Weather News
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ နေပြည်တော်နဲ့ မန္တလေးတိုင်းတွေမှာ မိုးများပါဦးမယ်။ အခုရရှိပြီးခန့်မှန်းချက်အရ စိုးရိမ်စရာအကောင်းဆုံး မိုးအလွန်များနိုင်တဲ့ - **တပ်ကုန်း၊ ရမည်းသင်း၊‌ ပျော်ဘွယ်** ဒေသတွေအတွက် အရင်သတိပေးထားပါမယ်။
  • စကားချီး

    =====

    တိုင်ဖွန်း KAJIKI က မီးစမွှေးသွားတယ်ပြောရမလားဘဲ၊ သူအစပျိုးလိုက်လို့ ပင်လယ်ကြီးနဲ့ Troposphere လေထုအလွှာကြီးလဲအငြိမ်မနေရ၊ သူတို့လှုပ်လှုပ်ရှားရှားတွေဖြစ်တော့၊ ကျနော်တို့ကလဲ ဆက်ပြီးလေ့လာရ စောင့်ကြည့်ရတာပေါ့ဗျာ။

    =====

    တောင်တရုတ်ပင်လယ်မှာ ဩဂုတ် ၃၀ ရက်နေ့ကျရင် လေဖိအားနည်းတခုဖြစ်ပြီး အနောက်ဘက် ဗီယက်နမ်၊ လာအိုတောင်ပိုင်းတွေကိုဖြတ်၊ ထိုင်းနိုင်ငံထဲအထိဆက်သွားနိုင်သေးတယ်ဆိုတာ တွေ့လာရတော့ မြန်မာပြည်ဘက်ကို ဘယ်လိုတွေသက်ရောက်မှုရှိစေနိုင်မလဲ check လုပ်ရတာပေါ့။

    ⚠️ မုန်တိုင်းအကြွင်းအကျန်ကြောင့်မဟုတ်ပဲ ထိုင်းနိုင်ငံအလယ်ပိုင်း၊ အထက်အမြင့်ပေ ၅၀၀၀ က လေပွေလှိုင်း တွန်းပို့တဲ့မိုးတိမ်တွေကြောင့် စက်တင်ဘာ လဆန်းပိုင်းမှာ -

    ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ နေပြည်တော်နဲ့ မန္တလေးတိုင်းတွေမှာ မိုးများပါဦးမယ်။

    အခုရရှိပြီးခန့်မှန်းချက်အရ စိုးရိမ်စရာအကောင်းဆုံး မိုးအလွန်များနိုင်တဲ့ -

    **တပ်ကုန်း၊ ရမည်းသင်း၊‌ ပျော်ဘွယ်** ဒေသတွေအတွက် အရင်သတိပေးထားပါမယ်။

    (ဩဂုတ်လ ၂၆ ရက် ညနေ ၄ နာရီခွဲ)

    Source: U Win Naing

    မိုးလေဝသ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။


  • article
  • article
  • article
  • article
likes
10
comments
0
views
3013