ဧရာဝတီတိုင်း ဩဂုတ်လ ၂၈ ရက် မှ စက်တင်ဘာ်လ ၃ ရက်အထိ မိုးလေဝသအခြေအနေ
- ဖြစ်ပေါ်နိုင်သည့် ထူးခြားသောမိုးလေဝသအခြေအနေ - တောင်တရုတ်ပင်လယ်မှာ INVEST-93W နှင့် ဘင်္ဂလားပင်လယ်အော်-အနောက်အလယ်ပိုင်းမှာ INVEST-96B ၂ ခု ဩဂုတ်လ ၂၇ ရက်နေ့မှာ တပြိုင်နက်ဖြစ်ပေါ်နေပြီး၊ ကြိုတင်ခန့်မှန်းရေး model များ၏ ခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်မှ 96B နှင့် တောင်တရုတ်ပင်လယ်မှ 93W ၂ ခုစလုံး မုန်တိုင်းအဆင့်သို ရောက်နိုင်ချေမရှိပဲ ကုန်းတွင်းလေပွေလှိုင်းများအဆင့်အထိသာရောက်နိုင်ကြောင်း တွေ့ရပါတယ်။ တောင်တရုတ်ပင်လယ်မှ INVEST-93W သည် ဗီယက်နမ်ကမ်းခြေ၊ လာအိုနိုင်ငံတောင်ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတိုအထိဖြတ်သန်းရွေ့လျားနိုင်ပြီး ကုန်းတွင်း၌ လေပွေလှိုင်းအဖြစ်အားလျော့သွားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ - အရှေ့ဘက်မှ လေပွေလှိုင်း(93W)နှင့် အနောက်ဘက်မှ 96B တို့၏ သက်ရောက်မှုကြောင့် - ဩဂုတ်လ ၃၀ ရက် ည ၉ နာရီမှ စက်တင်ဘာလ ၂ ရက်(၇၂ နာရီအတွင်း) တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် မိုးအသင့်အတင့်မှ မိုးများနိုင်(၇၂ နာရီမိုးရေချိန် ၅ လက်မ အထက် - ၈ လက်မခန့်အထိ ရွာသွန်းရရှိနိုင်)ပြီး၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်တိုတွင် မိုးအသင့်အတင့်(၇၂ နာရီအတွင်း မိုးရေချိန် ၃ လက်မ မှ ၄ လက်မခန့်အထိ ရွာသွန်းရရှိနိုင်ပါတယ်။ - ဧရာဝတီတိုင်းအတွင်း ဩဂုတ် ၂၈ ရက် မှ စက်တင်ဘာ ၃ ရက်အထိ ၇ ရက်အတွင်ရွာသွန်းရရရှိနိုင်သည့် မိုးရေချိန် - · မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးမှဒေသများတွင် မိုးရချိန်ရရှိမှုပိုမိုပြီး၊ ငါးသိုင်းချောင်းနှင့်ဇလွန်မြို့အထက်၊ ဧရာဝတီတိုင်းမြောက်ပိုင်းတွင် မိုးရေချိန်ရရှိမှုနည်းပြီး၊ - · ဧရာဝတီတိုင်း ၁ ခုလုံးအတွက် နေ့စဉ်ပျမ်းမျှမိုးရေချိန် ၀.၅ လက်မဝန်းကျင်ခန့်ရှိနိုင်ပါမယ်။ - · စက်တင်ဘာလ ၁ ရက် မှ ၅ ရက်အတွင်းမိုးရွာသွန်းခြင်း အနည်းငယ်ပိုလာနိုင်ပြီး နေ့စဉ် ၂၄ နာရီအတွင်း ပျမ်းမျှမိုးရေချိန်၀.၆ လက်မခန့် ရွာသွန်းရရှိနိုင်ပါတယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ - · ယခု ၁ ပါတ်အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပါမယ်၊ တောင်ဘက်နှင့် အနောက်တောင်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၁၅ မိုင်ခန့်ရှိနိုင်ပြီး လေထုစိုထိုင်းဆ ၇၀% မှ ၉၀% အတွင်း ပြောင်းလဲမှုရှိနိုင်ပါတယ်၊ - · လေထုစိုထိုင်းဆမြင့်မားချိန် ဧရာဝတီတိုင်းအထက်ပိုင်း၌ ခံစားရသည့်အပူချိန်(Apparent Temperature)၃၉°C အထိရှိနေနိုင်ပါမယ်။ - လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI Value) ၂၅ ရှိတာကြောင့် အန္တရာယ်မရှိပါ။ - ပင်လယ်ပြင်အခြေအနေ - ကမ်းရိုးတန်းအနီးပင်လယ်ပြင်မှာ အနောက်တောင်ဘက်မှ လေတိုက်နှုန်း တနာရီ မိုင် ၂၀ မှ ၂၅ မိုင်နှုန်းခန့်ရှိနိုင်ပြီး လှိုင်းအမြင့် ၄ ပေ မှ ၆ ပေခန့်အထိရှိနိုင်ပါတယ်၊ ငါးဖမ်းလှေငယ်များ ရေမိုင် ၅ မိုင်အပြင်ဘက် ပင်လယ်ပြင်သို့ထွက်ရန်မသင့်လျှော်ပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိမိုးစပါးစိုက်တောင်သူများထံသို့... - စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် - ရေထုတ်ရန်ခက်ခဲသောစပါးခင်းများ၊ အပူချိန် ၂၈-၃၂ ဒီဂရီနှင့် စိုထိုင်းဆ ၁၀၀% ရှိသောအခြေအနေတွင် အဓိကဖြစ်ပွားတတ်သည်။
- ပင်ပွားစီးချိန်မှ အနှံထွက်ချိန်အတွင်းကျရောက်တတ်ပြီး ရောဂါလက္ခဏာအနေဖြင့် ရေမျက်နှာပြင်နှင့်ထိစပ်နေသော ရွက်ဖုံးနေရာတွင် မီးခိုးရောင်အလယ်ဗဟိုနှင့် အညိုရောင် အနားသတ်အကွက်များကို အဓိကတွေ့ရတတ်သည်။
- စပါးရွက်ဖုံးခြောက်ကျရောက်ပါက နိုက်ထရိုဂျင်ပုလဲမြေဩဇာ အလွန်အကျွံမထည့်ပါနဲ့၊ အကြိမ်ရေခွဲထည့်ပေးပါ။
- ပိုတက်ရှ် (K)မြေဩဇာ ကိုအဓိကထည့်ပေးပါ။
- အပင်ဦးရေစိပ်စိပ်စိုက်ခြင်းရှောင်ပါ။
- ပေါင်းမြက်၊ ပင်ကြွင်းပင်ကျန်သေချာရှင်းပါ။
- အသုံးပြုနိုင်သော ဓာတုမှိုသတ်ဆေးများ - Chlorothalonil, Hexaconazole (ရောဂါစတင်ချိန်), Propiconazole, Validamycin
 - ငါးအစာကျွေးခြင်းဆိုင်ရာ အကြံပြုချက် - ငါးမွေးမြူ ရေးလုပ်ငန်းအတွက် ကန်ရေအပူချိန်သည် 25°C မှ 32°C အတွင်း (စံ)ထားသော်လည်း ၊ ကန်ရေအပူချိန် ( 27°C , 28°C, 29°C, 30°C ) အနေအထားမျိုးတွင် အစာစားနှုန်း ကောင်းမွန်ကြပါသည်။ - ထို့ကြောင့် ငါးမွေးကန်တခု၏ မနက်ပိုင်း အပူချိန်နှင့် ညနေပိုင်း အပူချိန်တွင် ညနေပိုင်းတွင် ကန်ရေအပူချိန်မြင့်တက်နေသဖြင့် အစာကို ညနေပိုင်းတွင် ပိုမိုစားသုံးကြပါသည်။ - ဖြည့်စွက်စာကို တွက်ချက်ကျွေရာတွင် ဥပမာ တနေ့လျှင် (၁)ပိဿာကျွေးရမည်ဆိုပါက ၊မနက်ပိုင်း ၄၀ကျပ်သား နှင့် ညနေပိုင်းတွင် ၆၀ ကျပ်သားကျွေးပေးပါရန် အကြံပြုအပ်ပါသည်။ - ကန်ရေအပူချိန်သည် (စံ)သတ်မှတ်ချက် အတွင်း မရှိပါက အစာမကျွေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ထို့အတူ မိုးရွာနေသောအချိန်တွင်လည်း အစာကျွေးခြင်းကို မပြုလုပ်ရန် အကြံပြုအပ်ပါသည်။ - မိုးလေဝသ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
