cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်း ဩဂုတ်လ ၂၉ ရက် မှ စက်တင်ဘာလ ၄ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မန္တလေးတိုင်းအတွင်း မုန်တိုင်း(လက်ရှိအချိန်တွင် လေဖိအားနည်းရပ်ဝန်း 20W)၏ အကြွင်းအကျန်များဖြတ်သန်းဝင်ရောက်လာနိုင်တာကြောင့် စက်တင်ဘာလ ၁ နှင့် ၂ ရက်နေ့များတွင် နေရာကွက်၍ မိုးသည်းထန်နိုင်၊ မိုးအသင့်အတင့်မှ မိုးများနိုင်ခြင်း(၂၄ နာရီအတွင်း မိုးရေချိန် ၁.၂ လက်မအထက် ၅ လက်မအောက် ရွာသွန်းရရှိနိုင်ခြင်း)များဖြစ်ပေါ်နိုင်ပါတယ်။
  • ဖြစ်ပေါ်နိုင်သည့် ထူးခြားသောမိုးလေဝသအခြေအနေ 

    ·          ဩဂုတ်လ ၂၉ ရက် နံနက်ပိုင်းမှ စတင်၍ Depression Twenty(20W)သည် အပူပိုင်းမုန်တိုင်း(Tropical Storm - TS 20W) ဖြစ်လာနိုင်မည်(JTWC) 

    ·          အပူပိုင်းမုန်တိုင်းဖြစ်လာပြီး၊ ဗီယက်နမ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ပြီးနောက် - အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားကာ မုန်တိုင်းအကြွင်းအကျန်များသည် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံနယ်စပ်မှတဆင့် ကယားပြည်နယ်၊ ကရင်ပြည်နယ်မြောက်ပိုင်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းတောင်ဘက်နှင့် မကွေးတိုင်းအထိ ဆက်လက်ရွေ့လျားဝင်ရောက်လာနိုင်သည်။ (ECMWF and ICON Model ကြိုတင်ခန့်မှန်း) (ပုံ-၁ နှင့် ပုံ ၂ တွင် ကြည့်ပါ) 

    ပြည်နယ်တိုင်းဒေသများအလိုက် မိုးရေချိန်ရရှိနိုင်သည့်အခြေအနေ - 

    ·          ဩဂုတ်လ ၃၁ ရက် နေ့လည် ၁၂ နာရီ မှ စက်တင်ဘာလ ၁ ရက် နေ့လည် ၁၂ နာရီအထိ - ၂၄ နာရီ မိုးရေချိန်သည် ပဲခူးတိုင်းအရှေ့ပိုင်း၊ နေပြည်တော်(မန္တလေးတိုင်းတောင်ပိုင်း)နှင့် မကွေးတိုင်းတောင်ပိုင်းဒေသများတွင် မိုးများ/မိုးအလွန်များနိုင်သည်။ (ပုံ-၃ တွင် ကြည့်ပါ) 

    ·          မန္တလေးတိုင်းအလယ်ပိုင်း(မန္တလေးမြို့တောင်ဘက်)၊ မကွေးတိုင်းအလယ်ပိုင်း(နတ်မောက်၊ ရေနံချောင်း)၊ ရှမ်းပြည်နယ်တောင်ပိုင်း(တောင်ကြီးမြို့အောက်ဘက်)၊ ကယားပြည်နယ်တခုလုံး တွင် မိုးအသင့်အတင့်မှ မိုးများနိုင်သည်။ 

    ·          ကျန်ပြည်နယ်နှင့်တိုင်းများ မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်သည်။   

    မန္တလေးတိုင်းအတွင်း ဩဂုတ် ၂၉ ရက် မှ စက်တင်ဘာ ၄ ရက်အထိ ၇ ရက်အတွင်းရွာသွန်းရရရှိနိုင်သည့် မိုးရေချိန် 

    မန္တလေးတိုင်းတောင်ဘက်(ကျောက်ဆည်မြို့တောင်ဘက်)ဒေသများမှာ ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မ မှ ၄ လက်မဝန်းကျင်ရွာသွန်းရရှိနိုင်ပြီး ကျောက်ဆည်မြို့အထက်ဘက်ဒေသများတွင် ၇ ရက် မိုးရေချိန် ၂ လက်မဝန်းကျင်ခန့်ရွာသွန်းရရှိနိုင်ပါမယ်။ 

    မန္တလေးတိုင်းအတွင်း မုန်တိုင်း(လက်ရှိအချိန်တွင် လေဖိအားနည်းရပ်ဝန်း 20W)၏ အကြွင်းအကျန်များဖြတ်သန်းဝင်ရောက်လာနိုင်တာကြောင့် စက်တင်ဘာလ ၁ နှင့် ၂ ရက်နေ့များတွင် နေရာကွက်၍ မိုးသည်းထန်နိုင်၊ မိုးအသင့်အတင့်မှ မိုးများနိုင်ခြင်း(၂၄ နာရီအတွင်း မိုးရေချိန် ၁.၂ လက်မအထက် ၅ လက်မအောက် ရွာသွန်းရရှိနိုင်ခြင်း)များဖြစ်ပေါ်နိုင်ပါတယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    မန္တလေးတိုင်းအတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၀°C မှ ၃၄°C အထိ ဒေသအလိုက်ကွာခြားနိုင်ပြီး အနိမ့်ဆုံးညအပူချိန်မှာလည်း ၂၂°C မှ ၂၆°C ကြားတွင် ဒေသအလိုက် ကွာခြားမှုရှိနေနိုင်ပါမယ်။ 

    အနောက်ဘက်၊ တောင်ဘက်နှင့် အရှေ့မြောက်အရပ်များမှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၂၀ မိုင်အထက်ရှိနိုင်ပါတယ်၊ မိုးရွာသည့်ဒေသများအလိုက်လေထုစိုထိုင်းဆ ၆၀% မှ ၉၀% ကြားတွင် ရှိနေနိုင်ပြီး၊ ခံစားရသည့်အပူချိန် ၃၉°C အထိ ရှိနိုင်ပါမယ်။ 

    မန္တလေးတိုင်းရဲ့ ယခုတပါတ်လေထုညစ်ညမ်းမှုအညွှန်းကိန်းအခြေအနေသည် အများဆုံး ၃၀ အထိသာရှိနိုင်သဖြင့် အန္တရာယ်ရှိနိုင်သော အခြေအနေမဟုတ်ပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    မန္တလေးတိုင်းဒေသကြီးအတွင်း ဂန္ဓမာစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက်

    မန္တလေးတိုင်းဒေသကြီးအတွင်း ဂန္ဓမာစိုက်ပျိုးရာတွင် ပန်းပွင့်အထွက်ကိုထိခိုက်စေပြီး ပန်းအရည်အသွေးကို ကျဆင်းစေတဲ့ ဂန္ဓမာရွက်ထွင်းပိုး ကာကွယ်နည်းအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ဂန္ဓမာရွက်ထွင်းပိုးမှာ ဥ မှစစပေါက်ချင်းသားလောင်းဘဝမှစ၍ ၁၇ ရက်အတွင်း ဂန္ဓမာအရွက်များကို ထိုးဖောက်စားသောက်ကာဖျက်ဆီးတတ်ကြပါတယ်။ ကာကွယ်နှိမ်နင်းနည်းလမ်းများကတော့-

    ၁. သီးလှည့်စိုက်ပျိုးရမည်။

    ၂. ပုလဲ(နိုက်ထရိုဂျင်)မြေသြဇာ လွန်ကဲစွာအသုံးပြုမူကိုရှောင်ရှားရမည်။

    ၃. ပိုးများခိုအောင်းရာ ပေါင်းမြက်များအားရှင်းလင်းပေးပါ။

    ၄. ဓာတုဆေးအနေဖြင့် ကာကွယ်လိုပါက Cartap Hydrochloride၊ Emamectin Benzoate ၊ Lambda Cyhalothrin၊ Indoxacarb ကဲ့သို့သော ပိုးသတ်ဆေးများ အသုံးပြုနိုင်ပါသည်။

    ငါးအစာကျွေးခြင်းဆိုင်ရာ အကြံပြုချက်  

    ငါးမွေးမြူ ရေးလုပ်ငန်းအတွက် ကန်ရေအပူချိန်သည် 25°C မှ 32°C အတွင်း (စံ)ထားသော်လည်း ၊ ကန်ရေအပူချိန် ( 27°C , 28°C, 29°C, 30°C ) အနေအထားမျိုးတွင် အစာစားနှုန်း ကောင်းမွန်ကြပါသည်။  

    ထို့ကြောင့် ငါးမွေးကန်တခု၏ မနက်ပိုင်း အပူချိန်နှင့် ညနေပိုင်း အပူချိန်တွင် ညနေပိုင်းတွင် ကန်ရေအပူချိန်မြင့်တက်နေသဖြင့် အစာကို ညနေပိုင်းတွင် ပိုမိုစားသုံးကြပါသည်။  

    ဖြည့်စွက်စာကို တွက်ချက်ကျွေရာတွင် ဥပမာ တနေ့လျှင် (၁)ပိဿာကျွေးရမည်ဆိုပါက ၊မနက်ပိုင်း ၄၀ကျပ်သား နှင့် ညနေပိုင်းတွင် ၆၀ ကျပ်သားကျွေးပေးပါရန် အကြံပြုအပ်ပါသည်။  

    ကန်ရေအပူချိန်သည် (စံ)သတ်မှတ်ချက် အတွင်း မရှိပါက အစာမ‌ကျွေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ထို့အတူ မိုးရွာနေသောအချိန်တွင်လည်း အစာကျွေးခြင်းကို မပြုလုပ်ရန် အကြံပြုအပ်ပါသည်။   

    မိုးလေဝသ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။  


  • article
likes
7
comments
0
views
4433