cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

အောင်ပန်းကုန်စည်ဒိုင်ရှိ အာလူးစျေး သုံးသပ်ချက်

. Market Analysis
အာလူး တစ်ပိဿာစျေးနှုန်းများကို သုံးသပ်ကြည့်ပါက နှစ်အစကနေ မတ်လအထိ သိသိသာသာ စျေးကျလာပြီး နောက်ပိုင်းလများတွင် စျေးအနည်းငယ် ပြန်တက်လာသည်ကို တွေ့ရှိရသည်။ ဇူလိုင်လနှင့်ယှဉ်လျှင် - ဇူလိုင်လတွင် စျေးတက်လာရာမှ သြဂုတ်လတွင် စျေးပြန်အေးသွားပါသည်။
  • ၂၈.၈.၂၀၂၅ ရက်နေ့ဖြစ်ပေါ်နေသော အာလူးစျေးနှုန်းများမှာ -

    အာလူး (အေ−၁)(မျက်နီ)မှာ 2500 မှ 3000 ကျပ်၊ အာလူး(အိုကေ) မှာ3500 မှ 3800 ကျပ်၊ အာလူး(အက်စ် ၁) မှာ 4500 မှ 4800 ကျပ်၊ အာလူး(အက်စ်-၂) 4500 ကျပ် အသီးသီး စျေးပေါက်နေပါသည်။

    အောင်ပန်းဈေးကွက်ရှိ သြဂုတ်လ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် အာလူး (အေ−၁)(မျက်နီ) စျေး နှုန်းမှာ တစ်ပိဿာလျှင် 2750 /-ကျပ်၊ အာလူး (အိုကေ) ပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာ လျှင် 3620 /-ကျပ်၊ အာလူး(အက်စ် ၁) စျေးနှုန်းမှာ တစ်ပိဿာလျှင် 4650/-ကျပ်၊ အာလူး(အက်စ်-၂) စျေး နှုန်းမှာ တစ်ပိဿာလျှင် 4530/-ကျပ်အထိ အသီးသီးဈေးပေါက်နေပါတယ်။

    ၂၀၂၅ ခုနှစ် လအလိုက်သုံးသပ်ခြင်း

    ၂၀၂၅ ခုနှစ် သြဂုတ်လ အထိ အာလူး (အေ−၁)(မျက်နီ) ၏ တစ်ပိဿာ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဇန်နဝါရီလတွင် 4194 /-ကျပ်၊ ဖေဖော်ဝါရီတွင် 3697 /-ကျပ်၊ မတ်လတွင် 3063 /- ကျပ်၊ ဧပြီလတွင် 3803 /ကျပ်၊ မေလတွင် 2892 /-ကျပ်၊ ဇွန်လတွင် 3012/-ကျပ်၊ ဇူလိုင်လတွင် 3250 /-ကျပ်နှင့် သြဂုတ်လ တွင် 2750 /-ကျပ် ဖြင့် သီးသီးဈေး ပေါက်နေပါတယ်။

    အာလူး (အိုကေ) ၏ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဇန်နဝါရီလတွင် 5333 /- ကျပ်၊ ဖေဖော်ဝါရီလ တွင် 4565 /- ကျပ်၊ မတ်လတွင် 3300 /-ကျပ်၊ ဧပြီလတွင် 3606 /ကျပ်၊ မေလတွင် 3762 /ကျပ်၊ ဇွန်လတွင် 3881 /-ကျပ်၊ ဇူလိုင်လတွင် 4000 /-ကျပ်နှင့် သြဂုတ်လတွင် 3620 /-ကျပ် ဖြင့် သီးသီးဈေး စျေးပေါက်နေပါတယ်။

    အာလူး(အက်စ် ၁) ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလတွင် တစ်ပိဿာလျှင် 5944 /- ကျပ်၊ ဖေဖော်ဝါရီလတွင် တစ်ပိဿာလျှင် 4989 /- ကျပ်၊ မတ်လတွင် 3400 /-ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ 4550 /ကျပ်၊ မေလတွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ 4261 /ကျပ်၊ ဇွန်လတွင် 4000 /-ကျပ် နှင့် သြဂုတ်လတွင် 4650 /-ကျပ် ဖြင့် သီးသီးဈေး စျေးပေါက်နေပါတယ်။

    အာလူး(အက်စ်-၂) ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလတွင် တစ်ပိဿာ လျှင် 8000 /- ကျပ်၊ ဖေဖော်ဝါရီလ တွင် တစ်ပိဿာ လျှင် 7537 /- ကျပ်၊ မတ်လတွင် 3600 /-ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ 5106 /ကျပ်၊ မေလ တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ 5262 /ကျပ်၊ ဇွန်လတွင် 5112 /-ကျပ်၊ ဇူလိုင်လတွင် 5250 /-ကျပ်နှင့် သြဂုတ်လ ဒုတိယပတ်တွင် 4530 /-ကျပ် ဖြင့် သီးသီးဈေး စျေးပေါက်နေပါတယ်။

    ဈေးကွက် သုံးသပ် ခန့်မှန်းချက်

    စားဖိုဆောင်သီးနှံ အာလူး၏ တစ်ပိဿာစျေးနှုန်းများကို သုံးသပ်ကြည့်ပါက နှစ်အစကနေ မတ်လအထိ သိသိသာသာ စျေးကျလာပြီး နောက်ပိုင်းလများတွင် စျေးအနည်းငယ် ပြန်တက်လာသည်ကို တွေ့ရှိရသည်။ ဇူလိုင်လနှင့်ယှဉ်လျှင် - ဇူလိုင်လတွင် စျေးတက်လာရာမှ သြဂုတ်လတွင် စျေးပြန်အေးသွားပါသည်။ တရုတ်အာလူးဝင်ရောက်လာမှုပေါ်မူတည်ပြီး စျေးအပြောင်းအလဲ ဖြစ်နေခြင်းဖြစ်သည်။ တရုတ် အာလူးများ စျေးကွက်သို့ ဝင်ရောက်မှုနည်းပါက အာလူးစျေး တက်လာနိုင်ကြောင်း ကုန်စိမ်း ရောင်းဝယ်သူများထံမှ သိရသည်။

    ကျေးဇူးတင်ပါသည်။

    နွယ်အေး (ထွက်တိုး)

    Data Source: AMIA

    -------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
5
comments
1
views
2719