cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မိုးနှောင်းကာလ မိုးလေဝသသုံးသပ်ချက်

. Weather News
စက်တင်ဘာလတွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှလွဲပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံး ပျမ်းမျှမိုးရွာသွန်းမှုထက် မြင့်မားနိုင်ခြေရှိပါသည်။ အောက်တိုဘာလတွင် ကမ်းရိုးတန်းဒေသများ၌ ပုံမှန်ထက် စိုစွတ်မှုများနေနိုင်သည့်အခြေအနေများ ရှိလာနိုင်သည်။ နိုဝင်ဘာလတွင် ခြောက်သွေ့ရာသီစတင်သည်နှင့်အမျှ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ပုံမှန်မိုးရွာသွန်းမှုအောက် နည်းပါးနိုင်မည်ဟု ခန့်မှန်းထားပါသည်။ (စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလများအတွက်များအတွက် သုံးသပ်ခန့်မှန်းချက်)
  • ကြိုတင်သုံးသပ်ကြည့်လျှင် -

    #စက်တင်ဘာလတွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှလွဲပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံး ပျမ်းမျှမိုးရွာသွန်းမှုထက် မြင့်မားနိုင်ခြေရှိပါသည်။  

    #အောက်တိုဘာလတွင် ကမ်းရိုးတန်းဒေသများ၌ ပုံမှန်ထက် စိုစွတ်မှုများနေနိုင်သည့်အခြေအနေများ ရှိလာနိုင်သည်။  

    #နိုဝင်ဘာလတွင် ခြောက်သွေ့ရာသီစတင်သည်နှင့်အမျှ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ပုံမှန်မိုးရွာသွန်းမှုအောက် နည်းပါးနိုင်မည်ဟု ခန့်မှန်းထားပါသည်။ အများအားဖြင့် နှစ်တစ်နှစ်၏ ယခုလိုအချိန် မိုးရွာသွန်းမှုမှာ နည်းပါးလေ့ရှိပါသည်။  

    #စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် ပုံမှန်ပျမ်းမျှအပူချိန် အထက် ၀.၅°C မှ ၁°C အထိတိုး၍ ဆက်လက်တည်ရှိမည်ဟု ခန့်မှန်းရရှိပါသည်။

    #စက်တင်ဘာလ

    ချင်းတောင်ပိုင်း၊ မန္တလေးတိုင်းအောက်ပိုင်း၊ နေပြည်တော်၊ မကွေးတိုင်းဒေသချို့၊ ကရင်ပြည်နယ်စပ်ဒေသ၊ တနင်္သာရီအဖျားပိုင်းတို့တွင် မိုးအလွန်များနိုင်ပါသည်။

    မြန်မာနိုင်ငံ အလယ်ပိုင်း၊ အောက်ပိုင်းဒေသတော်တော်များများတွင် ပုံမှန်မိုးရေချိန်မှ တစ်ခါတစ်ရံမိုးများနိုင်ပါသည်။

    ချင်းပြည်နှင့် ကပ်နေသော စစ်ကိုင်းတိုင်းအောက်ပိုင်း ဒေသအချို့တွင်လည်း ပုံမှန်မိုးရေချိန်မှ မိုးများနိုင်ပြီး စစ်ကိုင်းတိုင်းကျန်‌ဒေသများ၊ ပဲခူးအရှေ့ခြမ်းတို့တွင် ပုံမှန် မိုးရေချိန် ရရှိနိုင်သည်။

    ကချင်ပြည်နယ်တွင် ပုံမှန်မိုးရေချိန်အောက်‌လျော့ နည်းသွားနိုင်ပါသည်။

    ချင်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်ပူတာအို၊ မွန်ပြည်နယ် မော်လမြိုင်၊သထုံ၊ တနင်္သာရီတိုင်း ကော့သောင်း၊ ထားဝယ် တို့တွင် ၁၆ လက်မ မှ ၂၀ လက်မ အထိ ရွာသွန်းနိုင်ပါသည်။

    စစ်ကိုင်းတိုင်း ဟုမ္မလင်းခရိုင်၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်မြောက်ပိုင်း၊ တောင်ပိုင်း၊ ဧရာဝတီတိုင်း ဖျာပုံ၊ မအူပင်တို့တွင် ၁ လအတွင်း ၁၂ လက်မ မှ ၁၆ လက်မ အထိ ရွာသွန်းနိုင်ပါသည်။

    #အောက်တိုဘာလ

    မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများ၊ မွန်ပြည်နယ်တောင်ပိုင်း၊ တနင်္သာရီတိုင်းကမ်းရိုးတန်းတို့တွင် မိုးရေချိန်များနိုင်ပါသေးသည်။

    ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ တနင်္သာရီတိုင်း၊ ၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း ကျောက်တန်း၊ သုံးခွ၊ ချင်း‌တောင်ပိုင်းတို့တွင် မိုးအသင့်အတင့်မှ မိုးများနိုင်ပါသည်။

    ရှမ်းမြောက်နှင့် ရှမ်းရှေ့တို့တွင် ပုံမှန်မိုးရေချိန်မှ မိုးအားလျော့နည်းသွားနိုင်သည်။

    ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများ၊ ချင်းတောင်ပိုင်း၊ တနင်္သာရီတိုင်း(မြိတ်၊ကော့သောင်း)တို့တွင် ၁ လအတွင်း မိုးရေချိန် ၁၂ မှ ၁၆ လက်မ အထိ ရွာသွန်းနိုင်ပါသည်။

    ဧရာဝတီတိုင်းတွင် ၁ လအတွင်း ၈ လက်မခန့် ရွာသွန်းနိုင်ပါသည်။

    စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေး၊ ရှမ်း‌ရှေ့၊ မြစ်ကြီးနားတို့တွင် မိုးရေချိန်များ လျော့နည်းနေနိုင်ပါသည်။ (၁ လအတွင်း ၄ မှ ၈ လက်မ အထိသာ ရွာသွန်းနိုင်ပါသည်)။

    #နိုဝင်ဘာလ

    စစ်ကိုင်းတိုင်း ကသာ၊ ရှမ်းအရှေ့ပိုင်း၊ တောင်ပိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီပုသိမ်၊ လပွတ္တာ၊ မြောင်းမြ၊ ကချင်ပြည်နယ် ဆွမ်ပရာဘွမ်တွင်၊ မွန်ပြည်နယ် ရေးမြို့၊ ကရင်(ဘားအံမြို့)တို့တွင် ပုံမှန်မိုးရေချိန်မှ လျော့နည်းသွားနိုင်ပါသည်။

    စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ‌မကွေးတိုင်း၊ ရန်ကုန်မြောက်ပိုင်း၊ ကချင်ပြည်နယ် ပူတာအို၊ ဧရာဝတီတိုင်း ဖျာပုံ၊ ကျိုက်လတ်၊ မအူပင်ဘက်အခြမ်းတို့တွင်၊ ရှမ်းမြောက်တို့တွင် ပုံမှန်မိုးရေချိန်ရှိနိုင်ပါသည်။

    တနင်္သာရီတိုင်း ကော့သောင်းတွင် ၁ လအတွင်း ၈လက်မခန့်အထိ ရွာသွန်းနိုင်ပြီး ကျန်မြန်မာပြည်အနှံ့တွင် ၁ လအတွင်း ၄ လက်မ အထိသာ အများဆုံး ရွာသွန်းနိုင်ပါသည်။

    Source: Weather Impact

    (၀၁.၉.၂၀၂၅ ရက်နေ့သုံးသပ်ချက်)

    မိုးလေဝသ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။  


  • article
likes
107
comments
9
views
52378