cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဆေးဖက်လည်းဝင် သင်္ဘောပင် ဘက်စုံအသုံးဝင်

. Market News
သင်္ဘောရွက်မှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝပါတယ်။ ဆေးဖက်ဝင်သလို ဟင်းလျာ တစ်ခု အဖြစ်နဲ့ စားသုံးလို့ရတဲ့ အရွက်တစ်မျိုးပါ။ ဒီတစ်ပါတ် မှာတော့ သင်္ဘောရွက်ရဲ့ ဆေးဖက်ဝင်တဲ့ အကြောင်းလေး ပြောပြပေးချင်တယ်။
  • article
  • သင်္ဘောပင်က အသီးကို စားလို့ရသလို အရွက်နုနုလေးတွေကိုလည်း သုပ်စားတာဖြစ်ဖြစ်၊ လက်ဖက်နဲ့ စားတာဖြစ်ဖြစ် စားလို့ရပါတယ်။ သင်္ဘောရွက်မှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝပါတယ်။ ဆေးဖက်ဝင်သလို ဟင်းလျာ တစ်ခု အဖြစ်နဲ့ စားသုံးလို့ရတဲ့ အရွက်တစ်မျိုးပါ။ ဒီတစ်ပါတ် မှာတော့ သင်္ဘောရွက်ရဲ့ ဆေးဖက်ဝင်တဲ့ အကြောင်းလေး ပြောပြပေးချင်တယ်။  

    သင်္ဘောရွက်က ကျန်းမာရေး အကျိုးကျေးဇူးအနေနဲ့ 

    • အစာကြေစေနိုင်တယ် 

    သင်္ဘောရွက်မှာ chymopapain၊ papain၊ protease နဲ့ amylase တို့လိုမျိုး အင်ဇိုင်းတွေပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အစာအိမ်အနာရှိသူတွေအတွက်လည်း သင့်တော်ပါတယ်။ နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်တာကြောင့် အစာအိမ်နဲ့ အူမကြီးရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ 

    • ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ် 

    သင်္ဘောရွက်မှာပါတဲ့ acetogenin လို့ခေါ်တဲ့ ဒြပ်ပေါင်းက အဆုတ်၊ ပန်ကရိယ နဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေတို့ကို လျော့ကျစေနိုင်ပါတယ်။ ကင်ဆာဖြစ်နေသူတွေအတွက်လည်း အထောက်အကူပြုပေးနိုင်ပါတယ်။ 

    • အသည်းကျန်းမာစေနိုင်ပါတယ် 

    အသည်းကို သန့်စင်ပေးခြင်းက အသည်းထိခိုက်နိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။ အသည်းသန့်စင်ပေးနိုင်တဲ့ သဘာဝပစ္စည်းအများအပြားထဲမှာ သင်္ဘောရွက်ကလည်း တစ်ခု အပါအဝင်ပါ။ ဒါကြောင့် အသည်းကျန်းမာပြီး အသည်းရောဂါကင်းစေဖို့အတွက် သဘာဝဆေးဖက်ဝင်စားစရာတစ်ခုဖြစ်တဲ့ သင်္ဘောရွက်ကို စားပေးလို့ရပါတယ်။ 

    • ရာသီလာစဉ် နာကျင်မှုကို သက်သာစေနိုင်တယ် 

    ရာသီလာစဉ် နာကျင်ကိုက်ခဲမှုက ပျိုမေလေးတို့ကို တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စေတာပါ။ ဒီပြဿနာကို ကင်းစေဖို့က ဟော်မုန်းတွေကို ထိန်းညှိနိုင်ဖို့လိုပါမယ်။ ကိုယ်တွင်းဟော်မုန်းပမာဏကို ထိန်းညှိပေးပြီး ရာသီလာစဉ် နာကျင်ကိုက်ခဲမှု သက်သာစေဖို့ဆိုရင်တော့ သင်္ဘောရွက်လေးက အသုံးတည့်မှာ အသေအချာပါ။ 

    • နှင်းခူသက်သာစေနိုင်တယ် 

    အရေပြားပြဿနာ တစ်ခုဖြစ်တဲ့ နှင်းခူသက်သာစေနိုင်ဖို့အတွက် သင်္ဘောရွက်ကို အသုံးပြုပေးလို့ရပါတယ်။ နှင်းခူဖြစ်နေတဲ့ နေရာပေါ်ကို ဆေးကြောသန့်စင်ထားတဲ့ သင်္ဘောရွက်ကို ကြိတ်ခြေပြီး အရည်ဆွတ်လို့ ကပ်ပေးမယ်ဆိုရင် နာကျင်ရောင်ရမ်းမှုကို သက်သာစေမှာပါ။ 

    • ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ် 

    အစာခြေစနစ်မှာ အကျိုးမပြုဘက်တီးရီးယားတွေ များနေတာက ခန္ဓာကိုယ်ကျန်းမာမှုကို တော်တော်လေး ထိခိုက်စေနိုင်တာပါ။ သင်္ဘောရွက်မှာ ပါတဲ့ဒြပ်ပေါင်းတွေက ကိုယ်တွင်းက အကျိုးပြုဘက်တီးရီးယားတွေရော၊ အကျိုးမပြုဘက်တီးရီးယားတွေကိုပါ ဟန်ချက်ညီမျှတအောင် ထိန်းညှိပေးနိုင်ပါတယ်။ အူတွင်းအကျိုးပြုဘက်တီးရီးယားအရေအတွက် တိုးပွားစေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ 

    • ဆံသားကျန်းမာစေနိုင်တယ် 

    သင်္ဘောရွက်မှာ ပါတဲ့ ဓာတ်တွေက ဦးရေပြားကို အာဟာရဖြည့်ပေးပြီး ဆံသားကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဗောက်မထအောင် ကာကွယ်ပေးပါတယ်။ 

    • အသားအရေကျန်းမာစိုပြေစေတယ် 

    ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုကြောင့် အသားအရေကို ထိခိုက်ပျက်စီးမှုလျှော့ချပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ အရေပြားမှာ ဆဲလ်သစ်တွေကိုဖြစ်ပေါ်စေနိုင်တယ်။ အရွယ်တင်နုပျိုစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ 

    • အားအင်ပြည့်ဖြိုးစေတယ် 

    ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ သွေးစီးဆင်းမှု ကောင်းမွန်စေပြီး ခန္ဓာကိုယ်မှာ အင်အားပြည့်နေစေအာင် လုပ်ဆောင်ပေးနိုင်ပါတယ်။ 

    ဘာတွေ သတိထားရမလဲ 

    ဆေးဖက်ဝင်တာ မှန်ပေမယ့် အများကြီး အသုံးပြုတာ၊ အလွန်အကျွံ အသုံးပြုတာမျိုး မလုပ်မိဖို့ လိုပါမယ်။ အများကြီးစားရင် ကျန်းမာရေး ထိခိုက်စေနိုင်တာကြောင့်ပါ။ 

    ဘယ်သူတွေ အသုံးမပြုသင့်ဘူးလဲ 

    သင်္ဘောရွက်က ဆေးဖက်ဝင်တယ် ဆိုပေမယ့် တန်ဆေးလွန်ဘေး ဆိုသလိုပါ။ လိုအပ်သလောက်ပဲ သုံးဖို့ပြောပါရစေ။ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ ရောဂါအခံတစ်ခုခုရှိသူတွေ အနေနဲ့ ကတော့ မသုံးသင့်ပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ အသုံးပြုသင့်ပါတယ်။ ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာတစ်ရပ်ရပ် အတွက် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုသင့် ပါတယ်။  

    Hello ဆရာဝန် မှ ကိုးကားဖော်ပြပါသည်။ 

    ------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


likes
10
comments
0
views
2700