ဖရဲစျေးကွက်
- နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ပြည်ပနိုင်ငံများသို့တင်ပို့ရန် စရိတ်ကြီးမြင့်မှုများကြောင့် ဖရဲသခွားစိုက်တောင် သူများ ပြည်တွင်းဈေးကွက်ကိုသာ မျှော်မှန်းစိုက်ပျိုးနေရကြောင်း ဖရဲသခွားစိုက်တောင်သူများမှ သိရပါတယ်။ - လက်ရှိအချိန်မှာလည်း မိုးဖရဲသီးများ ဆွတ်ခူးချိန်ဖြစ်ပြီး ဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော် ဈေးကွက်များတွင်သာ ရောင်းချနေရပြီး ပြည်တွင်းဈေးကွက်အတွင်း စားသုံးနိုင်သည့် ပမာဏကိုသာ တွက်ချက်စိုက် ပျိုးထုတ်လုပ်ရောင်းချနေရတယ်လို့ အဆိုပါ တောင်သူများထံမှ သိရပါတယ်။ - “မိုးဖရဲသီးတွေကို ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော် ဈေးကွက်များမှာပဲ ရောင်းချနေရတယ်။ လက်ရှိအချိန် နယ်စပ်ကုန်သွယ်မှုက နေတစ်ဆင့်လည်း ပြည်ပနိုင်ငံများကို တင်ပို့ဖို့ စရိတ်ကြီးမြင့်တော့ မပို့နိုင်ဘဲ ပြည်တွင်းဈေးကွက်မှာသာ ရောင်းချနေရတာဖြစ်တယ်။ ပြည်တွင်းမှာသာ ရည်ရွယ်ပြီး ရောင်းချရတဲ့အတွက်လည်း စိုက်ပျိုးတဲ့ဧကကို လျှော့ချ စိုက်ပျိုးနေရပါတယ်။ ပြည်တွင်းစားသုံးမှု ပမာဏကိုသာ ချိန်ဆပြီး တစ်နှစ်ပတ်လုံး ဈေးကွက်အတွင်းမှာ အသီးရရှိရေးအတွက်သာ မျှော်မှန်းစိုက်ပျိုးနေရတာဖြစ်ပါတယ်။ ” လို့ ဖရဲသခွားစိုက် တောင်သူတစ်ဦးက ပြောပါတယ်။ - လက်ရှိတွင် ပြည်ပတင်ပို့နိုင်ခြင်းမရှိသည့်အတွက် ဈေးကွက်အတွင်းမှာလည်း စားသုံးသူများအနေဖြင့် ဈေးပေါပေါ ဖြင့် စားသုံးနိုင်ကြောင်း၊ သို့သော်လည်း လာမည့်နှစ်ဆောင်းရာသီတွင်စိုက်ပျိုးထွက်ရှိမည့် ဖရဲ သခွားများကိုမူ နိုင်ငံခြားဈေးကွက်သို့ ပြန်လည်တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်းလည်း သိရပါတယ်။ - ရန်ကုန်။ ၂၀၂၅၊ ဩဂုတ် ၃၁ ရက် - ---------- 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
