စပါးခင်းထဲက ရေညှိတွေကို ဘယ်လိုနှိမ်နင်းကြမလဲ ?
- စိုက်ခင်းထဲမှာ ယူရီးယား ဓါတ်မြေသြဇာတွေကို အလွန်အကျွံ အသုံးပြုမယ်ဆိုရင် ရေညှိပင်တွေကို ပိုပြီး ပွားများပြီးတော့ စပါးပင်ကြီးထွားမှုကို အခက် အခဲ ဖြစ်စေပါတယ်။ - စပါးပင်ပေါက်လေးတွေက မြေကြီးကို ကောင်းစွာ မကုပ်တွယ်နိုင်ဘဲ အလွယ်တကူ ကျွတ်ထွက်နိုင်ပါတယ်။ - ရေညှိတွေက အာဟာရတွေကို စပါးပင်တွေနဲ့အပြိုင် စားသောက်တာကြောင့် အပင်အတွက် လိုအပ်တဲ့ အာဟာရကို ကောင်းစွာ မရရှိနိုင်ပါ။ ဒါကြောင့် နိုက်ထရိုဂျင် ဓါတ်မြေသြဇာများကို လွန်ကဲစွာ အသုံးမပြုပါနှင့်။ - ကာကွယ်နှိမ်နည်းနည်း - - ကော့ပါးပါသော ဆေးကို သုံးပေးမယ်ဆိုရင် စိုက်ခင်းထဲက ရေညှိတွေကို ကာကွယ်နိုင်ပါတယ်။ - -ဇင့်ကလည်း ရေညှိပင် ဆဲလ်တွေ၏ အစာချက်လုပ်မှု ဟန့်တားပေးတာကြောင့် အသုံးပြုပေးပါက အတော်အသင့် ကာကွယ်နှိမ်နင်းပေးပါတယ်။ - -ကောက်ရိုးများကို မြေခံမှာ ထည့်ပြီး ထယ်ထိုး ထွန်မွှေပေးပါက ရေညှိပွားများမှုနှုန်းကို လျှော့ချပေးပါတယ်။ - -စိုက်ခင်းကို ရေသွင်းရေထုတ်ကို စနစ်တကျလုပ်ဆောင်ပေးပါ။ ဆေးဖျန်းမယ်ဆိုရင် ရေထုတ်ပေးပြီးမှ ဖျန်းခြင်းကို လုပ်ဆောင်ပေးပါ။ - References - Missouri Rice Research - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
