မျှစ်ကိုဘယ်သူတွေမစားသင့်တာလဲ?
- ကိုယ်ဝန်ဆောင်မိခင်တွေ။ - မျှစ်ကို ကိုယ်ဝန်ဆောင် မိခင်တွေ မစားသင့်ဘူးဆိုတဲ့ အထောက်အထား အခိုင်အမာ မရှိသေးပေမယ့် မစားတာ ပိုကောင်းပါတယ်။ - သိုင်းရွိုက်ရောဂါ။ - မျှစ်ကို သိုင်းရွိုက်ရောဂါရှိသူတွေ၊ သိုင်းရွိုက်ဆေးဝါးများ သောက်သုံးနေရသူတွေ မစားတာပိုကောင်းပါတယ်။ - မျှစ်ကို ပမာဏ များများဖြင့် ကာလကြာရှည် ဆက်တိုက် စားသုံးမယ်ဆိုရင် သိုင်းရွိုက်ရောဂါတွေ ဖြစ်လာနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။ - အစာအိမ်နာ/ရောင် ရောဂါ။ - မျှစ်စားသုံးတဲ့အခါ လူတွေကြုံတွေ့ရတဲ့ အဖြစ်များဆုံး ပြဿနာတွေထဲက တစ်ခုကတော့ အစာမကြေခြင်းပါပဲ။ လေထိုး၊လေအောင့်၊လေနာတာတွေကို ဖြစ်စေနိုင်ပါတယ်။ - အကြောင်းရင်းမှာ မျှစ်တွင် အမျှင်ဓာတ်ပါဝင်မှု မြင့်မားသောကြောင့် လူအချို့အတွက် အစာကြေရန် ခက်ခဲနိုင်ပါတယ်။ - မျှစ်မှာ cyanhydric acid အများအပြားပါဝင်တာကြောင့် အစာအိမ်နာနေသူတွေ မျှစ်မစားသင့်ပါဘူး။ - ဤအက်ဆစ်သည် အမြောက်အမြား စုပ်ယူသောအခါတွင် အစာအိမ်အနာကို ဖြစ်စေပြီး ကုသရန်ခက်ခဲသော နာတာရှည်ရောဂါများ တဖြည်းဖြည်း ဖြစ်လာစေနိုင်ပါတယ်။ - ကျောက်ကပ်ကျောက်တည်ခြင်း။ - မျှစ်တွင် oxalate ဟုခေါ်သော ဒြပ်ပေါင်းတစ်မျိုးပါဝင်ပြီး ခန္ဓာကိုယ်တွင်းရှိ ကယ်လ်စီယမ်နှင့် အခြားသတ္တုဓာတ်များကို ပေါင်းစပ်ကာ ကျောက်ကပ်ကျောက်တည်စေနိုင်ပါတယ်။ - ကျောက်ကပ်တွင် ကျောက်တည်နေလျှင်၊ သို့မဟုတ် ကျောက်ကပ်ကျောက်တည်ဘူးလျှင် မျှစ်စားသုံးမှုကို ရှောင် သို့မဟုတ် လျှော့ချသင့်ပါတယ်။ - ဂေါက်ရောဂါ (Gout)။ - ဂေါက်ရောဂါရှိသူတွေမှာ သွေးထဲမှာ ယူရစ်အက်ဆစ်ပမာဏကို ပိုဆိုးစေနိုင်တာကြောင့် သတိထားဖို့ လိုပါတယ်။ - မျှစ်၊ ကညွှတ်တို့လို ကြီးထွားမြန်တဲ့ အစားအစာတွေက ယူရစ်အက်ဆစ် ပေါင်းစပ်မှုကို မြန်စေပြီး ဂေါက်ရောဂါအတွက် မသင့်တော်ပါဘူး။ - ကျောက်ကပ်ရောဂါ။ - မျှစ်တွင် ကယ်လ်စီယမ် နှင့် အက်ဆစ် ပမာဏ များသောကြောင့် ကျောက်ကပ် ရောဂါ ရှိသူများအတွက် ကောင်းကျိုး မရှိနိုင်ပါဘူး။ - မျှစ်ကို အလွန်အကျွံစားတာက ကျောက်ကပ်ကို ပျက်စီးစေတဲ့ သွေးကြောနံရံတွေကို ထိခိုက်စေနိုင်တဲ့အတွက် ကျောက်ကပ်ရောဂါရှိသူတွေမှာ မျှစ်ကို အနည်းငယ်စားသုံးလိုပါက မိမိကို ကုသပေးတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။ - အရိုးကျိုးလူနာ။ - အရိုးကျိုး ဒဏ်ရာ ရရှိခဲ့ပါက မျှစ်ကို အလွန်အကျွံ မစားသင့်ပါ။ - အကြောင်းရင်းမှာ မျှစ်တွင် ပါဝင်သော oxalic acid သည် ခန္ဓာကိုယ်၏ ကယ်လ်စီယမ်နှင့် ဇင့်၏ စုပ်ယူမှုနှင့် အသုံးချမှုကို အနှောင့်အယှက်ဖြစ်စေသောကြောင့် ဖြစ်ပါတယ်။ - ဒါကြောင့် ကျိုးသွားသောအရိုးများ ပြန်လည်ကောင်းမွန်လာစေရန် အနှောင့်အယှက် ဖြစ်စေတတ်ပါတယ်။ - ခုခံအားနည်းနေသူများ ဖျားခြင်း။ - ခုခံအားနည်းနေသူများသည် ဖျားနာချိန်အခါ၌ မျှစ်တွင်ပါဝင်သော ဂလူးကို့စ်ပမာဏအချို့က ဒုက္ခပေးတတ်ပါတယ်။ - ပုံမှန်အားဖြင့် Glucide သည် ခန္ဓာကိုယ်အတွက် အန္တရာယ်မရှိသော်လည်း ခန္ဓာကိုယ် အားနည်းလာသောအခါတွင် အစာခြေအင်ဇိုင်းများနှင့် အစာအိမ်အတွင်းရှိ အက်စစ်ဓာတ်များ ကွဲထွက်ကာ အလွယ်တကူ အန်တတ်စေပါတယ်။ - ဆိုင်ယာနိုက်အဆိပ်သင့်ခြင်း။ - မျှစ်များများစားခြင်း၏ နောက်ဆက်တွဲဆိုးကျိုးမှာ ဆိုင်ယာနိုက်အဆိပ်သင့်ခြင်း ဖြစ်ပါတယ်။ - ရှားပါးပြီး ပုံမှန်အားဖြင့် မျှစ်ကို စနစ်တကျ မသန့်စင်၊ မချက်ပြုတ်ပဲ စားသော နိုင်ငံများတွင်သာ တွေ့ရသော်လည်း လတ်လတ်ဆတ်ဆတ် သို့မဟုတ် စည်သွတ်ဘူးမျှစ်ဖြင့် ချက်ပြုတ်ရာတွင် သတိထားရန် အရေးကြီးပါတယ်။ - အစာအဆိပ်သင့်ခြင်း။ - နောက်ဆုံးအနေနဲ့ မျှစ်မှာ အစာအဆိပ်သင့်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ ပါဝင်နိုင်ပါတယ်။ - ဒီအန္တရာယ်ကို လျှော့ချရန် မျှစ်ကို သေချာသန့်စင်ပြီး ပြုတ်ထားသော မျှစ်များကို ရွေးချယ်ပါ။ - စည်သွပ်မျှစ်များကို အနည်းဆုံး ၁၀ မိနစ်ခန့် ဆူအောင်အပူပေးပြီးမှ စားသင့်ပါတယ်။ - မျှစ်နဲ့ဓာတ်မတည့်ခြင်း။ - ရှားပါးသော်လည်း မိမိအနေဖြင့် မျှစ်စားပြီး ဝေဒနာတစ်ခုခုခံစားရပါက၊ ဓာတ်မတည့်ခြင်း ဖြစ်ပါက မျှစ်ကို မစားတာ ပိုကောင်းပါတယ်။ - မျှစ်စားခြင်းနှင့် ဆက်စပ်၍ ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုး အချို့ရှိသော်လည်း မျှတစွာ စားသုံးပြီး စနစ်တကျ ပြင်ဆင်ချက်ပြုတ်သောအခါတွင် လူအများစုအတွက် ဘေးကင်းပါတယ်။ - မျှစ်စားတဲ့အခါ အဆိပ်သင့်ခြင်း မဖြစ်စေရန် အောက်ပါအချက်များကို သတိပြုပါ။ - မျှစ်များကို ရေဖြင့်စိမ်ထားခြင်းသည် ရွှံ့နွံများကို သန့်စင်စေပြီး အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။ - မျှစ်ကို အစိမ်းမစားပါနဲ့။ - မျှစ်ကို ရေဖြင့် အထပ်ထပ်အခါခါ ဆေးကြောပြီး အချိန်အတန်ကြာအောင် ပြုတ်ထားပါ။ - ထိုမျှစ်ပြုတ်ရေများကို စွန့်ပစ်ပါ။ - မျှစ်ချဉ်သည် အဝါရောင်သန်းပြီး ချဉ်သောအနံ့ရှိရပါမယ်။ - (အချို့မျှစ်အမျိုးအစားတွေက အနီရောင် သန်းလေ့ရှိပါတယ်) - ဆိုးဆေး အသုံးပြုတ်ပြီး အရောင်တင်ထားသော မျှစ်များကို လုံးဝမစားသင့်ပါ။ - Source: ဒေါက်တာထက်အာကာ - Crd to original uploader - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
