cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ထူးခြားမိုးလေဝသ မြန်မာနိုင်ငံပေါ်သက်ရောက်နိုင်မှု

. Weather News
မြန်မာနိုင်ငံတောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်တွေမှာ စက်တင်ဘာ ၈ ရက် မှ ၁၆ ရက်အထိ မုတ်သုံမိုးရွာသွန်းခြင်းပိုလာနိုင်ပါမယ်။
  • ဘင်္ဂလားပင်လယ်အော်၊ တောင်တရုတ်ပင်လယ်တို့တွင် ဖြစ်ပေါ်နိုင်သည့် ထူးခြားမိုးလေဝသအခြေအနေများနှင့် မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့်အခြေအနေ ကြိုတင်ခန့်မှန်းခြင်း

    (စက်တင်ဘာ ၄ ရက် နေ့လည် ၁၂ နရီ ၃၀ မိနစ်)

    =====

    တောင်တရုတ်ပင်လယ်၊ ဟောင်ကောင်/မကာအိုမြို့တွေရဲ့ တောင်ဘက်ပင်လယ်ပြင်မှာ စက်တင်ဘာလ ၈ ရက် ညနေပိုင်းတွင် လေဖိအားနည်းရပ်ဝန်း/အပူပိုင်းမုန်တိုင်း(Depression or Tropical Storm)တခုဖြစ်ပေါ်နိုင်ကြောင်း သင်္ချာပုံစံပြုမော်ဒယ်များ(NWP)ဖြစ်ကြသော ECMWF, GFS နဲ့ ICON တို့ရဲ့ ကြိုတင်ခန့်မှန်းချက်များကို ဒီနေ့ MODEL UPDATES တွေမှာ တွေ့လာရပါတယ်။

    တောင်တရုတ်ပင်လယ်မှ ထူးခြားတဲ့ မိုးလေဝသအခြေအနေ(မုန်တိုင်းဖြစ်ပေါ်နိုင်မည့်အခြေအနေတွေ)က အဲ့ဒီမုန်တိုင်းဆက်လက်ရွေ့လျားဝင်ရောက်နိုင်တဲ့ တရုတ်ပြည်မဘက်ကိုသာသက်ရောက်မှုရှိနိုင်ပြီး ဗီယက်နမ်၊ လာအို၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေဘက်ကို သက်ရောက်မှု မရှိနိုင်ပါ။

    ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တွေမှာ အနောက်တောင်မုတ်သုံလေအားကောင်းလာပြီး -

    · မြန်မာနိုင်ငံတောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်တွေမှာ စက်တင်ဘာ ၈ ရက် မှ ၁၆ ရက်အထိ မုတ်သုံမိုးရွာသွန်းခြင်းပိုလာနိုင်ပါမယ်။

    · မြန်မာနိုင်ငံအရှေ့ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာ စက်တင်ဘာ ၁၄/၁၅/၁၆ ရက်များတွင် မိုးအသင့်အတင့်မှ မိုးများနိုင်ကြောင်း(၂၄ နာရီ မိုးရေချိန် ၁.၅ လက်မခန့် ရွာသွန်းရရှိနိုင်ကြောင်း)တွေ့ရပါတယ်။

    · မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်ဒေသတွေမှာတော့ နောက်လာမည့် ၁၄ ရက်အတွင်း ၂၄ နာရီ မိုးရေချိန် ၀.၅ လက်မနှင့်အောက်(မိုးအနည်းငယ်)သာ ရွာသွန်းရရှိနိုင်ပါတယ်။

    · လာမည့် ရက်သတ္တပါတ် ၂ ပါတ်(၁၄ ရက်အတွင်း) မြန်မာ့ကမ်းရိုးတန်းကမ်းနီးပင်လယ်ပြင်တွေမှာ လှိုင်းအမြင့် ၄ ပေ မှ ၅ ပေ ခန့်အထိ ရှိနိုင်ပြီး၊ အနောက်တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၁၅ မိုင်မှ မိုင် ၂၀ ခန့်အထိရှိနိုင်ပါတယ်။

    Win Naing

    Administration Team,

    MMWEATHER,

    https://www.mmweather.org/home

    https://disasterinfo.mmweather.org/

    ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများကို ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။


  • article
  • article
  • article
  • article
likes
13
comments
1
views
3180