မြေပဲလုံးဆန်၊ ပဲတီစိမ်း စျေးကျဆင်းရာမှ ပြန်လည်မြင့်တက်လာ
- ပြည်တွင်း ပို့ကုန်ပဲများနှင့် ပဲ၊ နှမ်းဈေးကွက်မှာ ဩဂုတ်လ အတွင်း ဈေးကျဆင်းနေရာမှ လကုန်ပိုင်းရက်များတွင် ဈေးကျ ဆင်းမှုရပ်သွားပြီး စက်တင်ဘာလ ဆန်းပိုင်းတွင် ပဲ၊ နှမ်းအမျိုးအစား အလိုက် ဈေးအနည်းငယ်ပြန်လည် မြင့်တက်လာကြောင်း၊ဈေးကွက် အတွင်း ဈေးကျဆင်းနေသည့် ပဲတီစိမ်းဈေးကွက်မှာလည်း မြင့် တက်လာသလို နှမ်းဈေးကွက်မှာ အကျဈေးဖြင့် ငြိမ်နေကြောင်း ပဲ၊ နှမ်းကုန်သည် ဦးဆန်းထွန်းလွင် က ပြောသည်။ - `` မြေပဲလုံးဆန်ရော၊ ဆီဆန် ရော ဈေးကျဆင်းမှုရပ်သွားပါပြီ။ လက်ရှိမှာ တောင်သူတွေက အရေးတကြီးရောင်းချမှုမရှိတော့ ဘဲ ဈေးထိန်းရောင်းတာကြောင့် မြေပဲဆန်ဈေးကွက် ပြန်လည်မြင့် တက်လာပါပြီ။ မြေပဲအမျိုးအစား အလိုက် တစ်ပိဿာလျှင် ငွေကျပ် ၃၀၀ ခန့် မြင့်တက်လာပါတယ်။ နှမ်းမျိုးစုံဈေးကွက်ကတော့ ဆက် လက်ဈေးငြိမ်နေပြီး ပဲတီစိမ်းက အကျဈေးကွက်ကနေ ပြန်လည် မြင့်တက်လာပါတယ်။ အခြားပို့ ကုန်ပဲတွေကတော့ ယခင်သီတင်း ပတ်အတိုင်း အပြောင်းအလဲမရှိ ဈေးငြိမ်နေပါတယ်´´ ဟု ၎င်းက ပြောသည်။ - စက်တင်ဘာ ၁ ရက်တွင် ပို့ကုန်ပဲများဖြစ်သည့် ပဲစင်းငုံ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေ ကျပ် ၂၃၅၀၀၀၊ မတ်ပဲပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀၊ ပဲတီစိမ်း(အညာ) သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀ အထိ ဈေးကျဆင်းနေသည်။ ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ အနည်းငယ်အတက်အကျရှိသော် လည်း အရောင်းအဝယ်ပုံမှန်ရှိနေ ရာ V2 ကုလားပဲသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၅၈၀၀၀၊ V7 သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀၊ ထိုင်ဝမ်ကုလား ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀၊ ၉၂၉ကုလားပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေ ကျပ် ၂၄၇၀၀၀ ပေါက်ဈေးရှိ နေသည်။ - ပြည်တွင်းသုံးပဲမာလိုင်းများ မှာ စက်တင်ဘာ ၁ရက်တွင် ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀၊ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ် ၆၇၀၀၀၀၊ ပဲနီပြာ(ကျွန်း) တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀၀၀၊ ပဲထောပတ် (သစ်)တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ မြေထောက်ပဲတစ်အိတ် လျှင် ငွေကျပ် ၂၉၀၀၀၀၊ စား တော်ပဲ(ကနေဒါ)တစ်အိတ်လျှင် ငွေကျပ် ၃၉၀၀၀၀ ပေါက်ဈေးရှိ နေသည်။ - နှမ်းမျိုးစုံဈေးကွက်မှာ ဈေး ကျဆင်းနေရာ စက်တင်ဘာ ၁ ရက်တွင် နှမ်းနက်သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၆၈၀၀၀၀၊ နှမ်းဖြူ(ဂျပန်)သုံးတင်းဝင် တစ် အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ နှမ်းဖြူ(ဗမာ)သုံးတင်းဝင် တစ် အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊ နှမ်းညိုသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀ ပေါက်ဈေးရှိ နေပြီး မြေပဲအနီလုံးဆန် တစ် ပိဿာလျှင် ငွေကျပ် ၇၈၀၀၊ မြေပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၁၆၀၀၀၊ ပဲဖတ်တစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀ အသီးသီး ပေါက် ဈေးရှိနေသည်။ - မန္တလေးကုန်စည်ဒိုင်၏ ပဲ၊ နှမ်းပေါက်ဈေးများမှာ ပစ္စည်း အရည်အသွေးနှင့် ဝယ်လိုအား၊ ရောင်းလိုအား ပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲများဖြစ်နိုင် သလို ဈေးအတက်အကျကိုလည်း ကုန်သည်ပွဲစားများမှ ထိန်းသိမ်း ကာ သတင်းထုတ်ပြန်မှုများကြောင့် နေ့စဉ်ပေါက်ဈေးများမှာ အပြောင်း အလဲရှိနိုင်ကြောင်း သိရသည်။ - ရွှေမန်း - မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။ - -------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
