cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်း စက်တင်ဘာလ ၅ ရက် မှ ၁၁ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မန္တလေးတိုင်းအလယ်ပိုင်းက ပခုက္ကူမြို့နယ်နှင့် ထိစပ်သည့်ဒေသများ၊ မြင်းခြံ၊ တောင်သာစတဲ့မြို့တွေနဲ့ တောင်ပိုင်းက မိတ္ထီလာ၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်းစတဲ့မြို့နယ်တွေမှာ မိုးအနည်းငယ်မှ မိုးအသင့်အတင့်(၇ ရက်မိုးရေချိန် ၂.၂ လက်မခန့်)ရွာနိုင်ပါမယ်။
  • ဘင်္ဂလားပင်လယ်အော်နှင့်တောင်တရုတ်ပင်လယ်အခြေအနေ(စက်တင်ဘာလ ၄ ရက် ည ၉ နာရီခွဲ update) 

    ·          စက်တင်ဘာလ ၃ ရက် ညနေပိုင်းမှာ ဘင်္ဂလားပင်လယ်အော်၊ အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဩရိဿပြည်နယ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီး ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအနေနဲ့ ဆက်လက်တည်ရှိနေပါတယ်၊၊ လေဖိအားနည်းရပ်ဝန်းက အနောက်ဘက်အိန္ဒိယနိုင်ငံအလယ်ပိုင်းကို ဆက်လက်ရွေ့လျားမယ်လို့ခန့်မှန်းထားပါတယ်။ အဲ့ဒီကုန်းတွင်းလေဖိအားနည်းရပ်ဝန်းကြောင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ အနောက်တောင်မုတ်သုံလေ ဆက်လက်အားကောင်းနေပါတယ်။ 

    ·          တောင်တရုတ်ပင်လယ် ဟောင်ကောင်/မကာအိုရဲ့ အရှေ့တောင်ဘက်၊ ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်ကျွန်းအနောက်ဘက်ပင်လယ်ပြင်မှာ စက်တင်ဘာလ ၇ ရက်နေ့မှ စ ပြီး လေဖိအားနည်းရပ်ဝန်းတခုဖြစ်လာနိုင်ကာ အပူပိုင်းမုန်တိုင်းအဆင့်ထိရောက်လာနိုင်ပြီး၊ မြောက်ဘက်တရုတ်ပြည်မကြီးကမ်းခြေကို ဟောင်ကောင်၊ မကာအိုမြို့များအနီးမှ ဖြတ်ကျော်ဝင်ရောက်သွားနိုင်ကြောင်း ကြိုတင်ခန့်မှန်းထားပါတယ်။ 

    ·          ယခုအချိန်အထိ ရရှိပြီး ကြိုတင်ခန့်မှန်းချက်များအရ တောင်တရုတ်ပင်လယ်မှာ မုန်တိုင်းဖြစ်လာပြီးနောက် မုန်တိုင်းအကြွင်းအကျန်များသက်ရောက်မှုက မြန်မာနိုင်ငံဘက်ကို သက်ရောက်နိုင်မှုမရှိသေးပါ။ 

    မန္တလေးတိုင်း စက်တင်ဘာ ၅ ရက် မှ ၁၁ ရက် - ၇ ရက်အတွင်း မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ 

    ·          မန္တလေးတိုင်းမြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေက ယခုတပတ်အတွင်းမှာ မိုးရွာသွန်းနိုင်မှုအများဆုံးဒေသတွေ ဖြစ်ပါမယ်။ 

    ·          မန္တလေးတိုင်းမြောက်ပိုင်းမှ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်နဲ့ ပြင်ဦးလွင်မြို့တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၄.၃ လက်မရွာသွန်းရရှိနိုင်ပြီး၊ မန္တလေးတိုင်းထဲမှာ မိုးရေချိန်အများဆုံးမြို့နယ်တွေ ဖြစ်ပါမယ်။ 

    ·          မန္တလေးတိုင်းအလယ်ပိုင်း - မန္တလေးမြို့၊ အမရပူရမြို့နဲ့ ကျောက်ဆည်မြို့တွေမှာတော့ ၇ ရက်အတွင်း မိုးရေချိန် ၂.၅ လက်မခန့် ရွာသွန်းရရှိနိုင်ပါမယ်။ 

    ·          မန္တလေးတိုင်းအလယ်ပိုင်းက ပခုက္ကူမြို့နယ်နှင့် ထိစပ်သည့်ဒေသများ၊ မြင်းခြံ၊ တောင်သာစတဲ့မြို့တွေနဲ့ တောင်ပိုင်းက မိတ္ထီလာ၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်းစတဲ့မြို့နယ်တွေမှာ မိုးအနည်းငယ်မှ မိုးအသင့်အတင့်(၇ ရက်မိုးရေချိန် ၂.၂ လက်မခန့်)ရွာနိုင်ပါမယ်။ 

      အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          မန္တလေးမြို့ဝန်းကျင်မှာ အမြင့်ဆုံးနေ့အပူချိန် ၃၃°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၆°C ရှိနိုင်ပြီး၊ မကွေးတိုင်းနယ်စပ် ပုဂံညောင်ဦးမှာ အမြင့်ဆုံးနေ့အပူချိန် ၃၅°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပါတယ်။ တောင်ပေါ်မြို့တွေဖြစ်တဲ့ ပြင်ဦးလွင်နဲ့ မိုးကုတ်မြို့တွေမှာ နေ့အပူချိန် ၂၄°C နဲ့ ညအပူချိန် ၂၁°C ရှိနိုင်ပါမယ်။ 

    ·          မန္တလေးတိုင်းရဲ့ ပျမ်းမျှလေထုစိုထိုင်းဆက နေ့လည်ပိုင်းမှာ ၆၀% ရှိနိုင်ပြီး ညနဲ့ နံနက်စောစောမှာ ၉၀% ရှိနိုင်ပါတယ်။ 

    မန္တလေးတိုင်း၊ မန္တလေးမြို့မှာ လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI value 50 အထိရှိနိုင်ပြီး ကျန်ဒေသတွေမှာ AQI value 20 ခန့်သာရှိနိုင်ပါတယ်။ 

     Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    https://disasterinfo.mmweather.org/ 

     ငါးကန်ရေအရောင်စစ်ဆေးရန် အကြံပြုချက်  

     - ငါးနှင့်ရေသတ္တဝါအားလုံးသည် သဘာဝအစာ (သက်ရှိအစာ)ကို အခြေခံစားသောက်ကြပါသည်။ 

    - သဘာဝအစာဆိုသည်မှာ အပင်မျှောလှေးနှင့် အကောင်မျှောလှေးများဖြစ်ကြပါသည်။ ကန်အတွင်းသဘာဝ အစာ ရှိနေပါက ကန်ရေ၏အရောင်သည် အစိမ်းရောင် ပေါ်ပေါက်နေပါသည်။ 

    - ကန်ရေ၏အရောင်သည် အစိမ်းနုရောင် ရှိနေပါက သဘာဝအစာ သင့်တင့်မျှတစွာရှိနေကြာင်းကို ဖော်ပြပြီး၊ အစိမ်းရင့်ရောင်ဖြစ်နေပါ က သဘာဝအစာပေါများစွာရှိနေကြောင်းကို ဖော်ပြပါသည်။ ကန်အတွင်း သဘာဝအစာပေါက်ဖွားခြင်းသည် အလင်းမှီစုဖွဲ့အစာချက်လုပ်ခြင်းမှ ပေါက်ဖွားလာခြင်းဖြစ်ပါသည်။ 

    ------------  

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
13
comments
0
views
3397