cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပိုက်ဆံလျှော်မျိုးစေ့ထုတ် စိုက်ပျိုးနည်း

. Cultivation Methods
ပိုက်ဆံလျှော်ပင်ဟု ပြောလိုက်သည်နှင့်တပြိုင်နက် သစ်စိမ်းမြေဩဇာပင် ဆိုပြီးသိရှိလာပြီ ဖြစ်ပါသည်။ ၎င်းသစ်စိမ်းမြေဩဇာ အမျိုးမျိုးအနက် ပိုက်ဆံလျှော်ပင်သည် အပင်အကြီးမြန်၍ စိုက်ပျိုးရအလွယ်ကူဆုံး ဖြစ်ပါသည်။
  • ပိုက်ဆံလျှော်၏ အင်္ဂလိပ်အမည်မှာ Sunnhemp ဖြစ်ပြီး သိပ္ပံအမည်မှာ Crotalaria juncea ဖြစ်ပါသည်။ ပိုက်ဆံလျှော်ပင်သည် အပူပိုင်းနှင့် အပူလျော့ပိုင်း ဒေသများအတွက် သစ်စိမ်းမြေဩဇာပင်အဖြစ် လူသိများသော ပဲမျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပါသည်။ အစိုဓာတ် လုံလောက်ပါက မည်သည့်မြေအမျိုးအစားတွင် မဆို ကောင်းစွာပေါက်ရောက် ရှင်သန် နိုင်သော အပင်ဖြစ်ပါသည်။ လင်းတာတုံ့ပြန်မှုရှိပြီး နေ့တာရှည်ကာလများရရှိပါက ပင်ပိုင်းကြီးထွားမှု ကြာရှည်စေသော အပင်မျိုးဖြစ်ပါသည်။ 

    ပိုက်ဆံလျှော်ကို သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုရန် စိုက်ပျိုးမည်ဆိုပါက ပိုက်ဆံလျှော် မျိုးစေ့ကြဲပက်၍ အပင် ၄၅ ရက်သားမှ ၆၅ ရက်သားအတွင်း သစ်စိမ်းမြေဩဇာ အဖြစ် ထယ်ထိုး မြေမြှုပ်ပေးလေ့ရှိပါသည်။ 

    မျိုးစေ့ထုတ်ရန်စိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးသင့်သောအချိန်မှာ ယခုအချိန်ပင်ဖြစ်ပါသည်။ စိုက်ပျိုးနည်းမှာ တစ်ဧကလျှင် မျိုးစေ့ ၃-၄ ပြည်နှုန်းဖြင့် အသုံးပြုရပါမည်။ စိုက်ပျိုးရာတွင် တန်းကြား တစ်ပေခွဲခြား၍ ကြွက်မြီးတန်းချ စိုက်ပျိုးရပါသည်။ နှစ်ပတ်သားခန့် တွင် ခြောက်လက်မခြား တစ်ပင်ချန် သားခွဲပေးရန်လိုပါသည်။ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် အသီးတောင့်များ ရိတ်သိမ်း နိုင်ပါသည်။ ရိတ်သိမ်းပြီးနောက် အခြောက်ခံခြွေလှေ့သန့်စင်၍ မျိုးစေ့အဖြစ် အသုံးပြုနိုင်ပါသည်။ တစ်ဧကလျှင် မျိုးစေ့အထွက်နှုန်း ၈ တင်းမှ ၁၀ တင်းခန့် ရရှိနိုင်ပါသည်။ ပိုက်ဆံလျှော်သည် နေ့တာတို အပင်မျိုး ဖြစ်ပြီး နေ့တာအတိုအရှည်အပေါ် မူတည်၍ ပန်းပွင့်ချိန် ကွာခြားနိုင် ပါသည်။ သို့ဖြစ်ပါ၍ တစ်နှစ်လျှင် တစ်ကြိမ်သာလျှင် မျိုးစေ့ထုတ်အဖြစ် စိုက်ပျိုးနိုင်ပါသည်။ 

    ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာပင်များသည် မြေဆီလွှာ၏ အရည်အသွေးကို တိုးတက် စေရုံသာမက ပိုက်ဆံလျှော်ပင်သည် ပေါင်းပင်များပေါ်မှ အုပ်မိုးကြီးထွားလေ့ရှိသဖြင့် ပေါင်း ပေါက်ရောက်မှု လျော့ပါးစေခြင်း၊ မြေတွင်းသို့ အခြားသဘာဝမြေဩဇာများ (မြေဆွေး၊ နွားချေး) များ လိုက်လံထည့်ပေးရသည်ထက် လုပ်အားခသက်သာခြင်း၊ စိုက်ပျိုးရလွယ်ကူခြင်း၊ ဓာတ်မြေဩဇာ သုံးစွဲမှုကို လျော့နည်းစေကာ ကုန်ကျစရိတ် သက်သာစေခြင်း၊ မြေဆီလွှာတိုက်စားမှုမှ ကာကွယ် ပေးခြင်းစသော အကျိုးကျေးဇူးများ ရရှိစေပါသည်။ သဘာဝပတ်ဝန်းကျင်းအား များစွာ ထိန်းသိမ်းပေးနိုင်သော ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာပင် မျိုးစေ့ထုတ်စိုက်ပျိုး နည်းစနစ်များအား ပြန်လည်မျှဝေပေးလိုက်ပါသည်။

    ------- 

    ဒေါက်တာနီနီတင့် ထံမှ ကောက်နှုတ်ဖော်ပြသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
11
comments
0
views
2711