cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

အပူပိုင်းမုန်တိုင်းကြောင့် ရှမ်း၊ ကချင် စစ်တိုင်းတိုင်း‌ နေရာကွက်၍ မိုးအလွန်များနိုင်

. Weather News
ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတွေကို အများဆုံးရောက်ရှိလာနိုင်ပြီး၊ နေရာကွက်၍ မိုးများနိုင်/မိုးအလွန်များနိုင်ကြောင်း(မိုးရေချိန် ၂၄ နာရီအတွင်း ၄ လက်မ မှ ၆ လက်မခန့်အထိ ရွာသွန်းရရှိနိုင်ကြောင်း)
  • အပူပိုင်းမုန်တိုင်း TAPAH(22W) UPDATE

    စက်တင်ဘာလ ၇ ရက် နံနက် ၁ နာရီ ၂၀ မိနစ်

    ====

    ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်း၊ တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း Depression 22W က အပြည်ပြည်ဆိုင်ရာအမည်ရ-အပူပိုင်းမုန်တိုင်း "TAPAH" ဖြစ်လာပါတယ်၊ မုန်တိုင်းအမည် TAPAH က မလေးရှားနိုင်ငံက အလှည့်ကျပေးတဲ့အမည်ဖြစ်ပါတယ်။

    အပူပိုင်းမုန်တိုင်း TAPAH ဟာ စက်တင်ဘာ ၈ ရက်(ဟောင်ကောင် အချိန် ညပိုင်းမှာ)တရုတ်ပြည်မ Guangzhou ပြည်နယ်ကမ်းခြေကို ဟောင်ကောင်ရဲ့ အနောက်ဘက် မိုင် ၁၃၀ ခန့်အကွာမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ECMWF Model ကခန့်မှန်းထားပါတယ်။

    မုန်တိုင်း TAPAH သည် စက်တင်ဘာလ ၈ ရက် နံနက်ပိုင်းမှာ တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ကြောင်း၊ အားအပြင်းဆုံးလေတိုက်နှုန်း တနာရီ ၇၄.၈ မိုင်(65 knots)ရှိနိုင်ကြောင်း JTWC မှ ခန့်မှန်းထားပါတယ်။

    မုန်တိုင်းအကြွင်းအကျန်များဝင်ရောက်နိုင်သည့်အခြေအနေ -

    ယနေ့ ကြိုတင်ခန့်မှန်းချက်များအရစက်တင်ဘာလ ၈ ရက် မှ ၁၁ ရက်အတွင်း -

    ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတွေကို အများဆုံးရောက်ရှိလာနိုင်ပြီး၊

    နေရာကွက်၍ မိုးများနိုင်/မိုးအလွန်များနိုင်ကြောင်း(မိုးရေချိန် ၂၄ နာရီအတွင်း ၄ လက်မ မှ ၆ လက်မခန့်အထိ ရွာသွန်းရရှိနိုင်ကြောင်း)

    မန္တလေးတိုင်း၊ မကွေးတိုင်းအရှေ့ပိုင်းနှင့်မြောက်ဘက်ပိုင်း၊ ကယားပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာနိုင်ပြီး ၂၄ နာရီအတွင်း မိုးရေချိန် ၂ လက်မ မှ ၄ လက်မခန့်အထိ "နေရာကွက်၍"ရွာသွန်းနိုင်ကြောင်း၊

    ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် နေရာကွက်၍မိုးများနိုင်ပြီး ၂၄ နာရီအတွင်း မိုးရေချိန်အများဆုံး ၂ လက်မ ခန့် ရွာသွန်းရရှိနိုင်ကြောင်း၊

    တနင်္သာရီတိုင်းအပါအဝင် ကျန်ပြည်နယ်တိုင်းအားလုံးတွင် မုတ်သုံမိုးအနည်းငယ်မှ အသင့်အတင့်ရွာနိုင်ကြောင်း ကြိုတင်ခန့်မှန်းရပါတယ်။

    NOTE: မိုးရွာသွန်းနိုင်ချေခန့်မှန်းချက်များသည် "ကြိုတင်ခန့်မှန်းချက်"ဖြစ်ပြီး ပြောင်းလဲမှုရှိလာလျှင် ထပ်မံတင်ပြပေးသွားပါမယ်။

    Source: U Win Naing

    စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။


  • article
likes
9
comments
1
views
4201