cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

စပါးလင် စိုက်ပျိုး ဝင်ငွေတိုး

. Cultivation Methods
မိုးရာသီမှာ မြေဆီလွှာ တိုက်စားမှုနဲ့ ရေတိုက်စားမှုကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် သီးပင်၊ စားပင် ပတ်ဝန်းကျင်က မြေဆီလွှာကို အမြဲတမ်း ကောင်းမွန်နေစေပါတယ်။
  • စပါးလင်ကို ကြားသီးနှံအဖြစ် တွဲဖက်စိုက်ပျိုးခြင်းဖြင့် ဒီလိုမျိုး အကျိုးကျေးဇူး တွေရရှိနိုင် ပါတယ်... 

    ၁။ ​ပိုးမွှားတွေကို သဘာဝအတိုင်း နှိမ်နင်းနိုင်ခြင်း.... 

    စပါးလင်မှာ ပိုးမွှားတွေ မကြိုက်တဲ့ အနံ့တစ်မျိုးရှိပါတယ်။ သီးပင် ၊ စားပင်တွေကို ပျက်စီးစေတတ်တဲ့ ပိုးကောင်လေးတွေ၊ ပင့်ကူနီတွေ ၊ ပျ နဲ့ ပိုးလောက်လန်းတစ်ချို့ကို နှိမ်နင်းရာ မှာ အသုံးဝင်ပါတယ်။ စပါးလင်ကို ကြားသီးနှံ အဖြစ် ရောနှောစိုက်ပျိုးခြင်းဖြင့် သဘာဝအတိုင်း အကာအကွယ် ပေးပြီး ဓာတုဗေဒဆေးတွေကို အသုံးပြုရတာ လျှော့ချနိုင်ပါတယ်။ 

    ၂။ ​မြေဆီလွှာ တည်ငြိမ်အောင် ကူညီပေးခြင်း.... 

    စပါးလင်ရဲ့ အမြစ်တွေက မြေဆီလွှာကို ခိုင်မြဲစေပါတယ်။ အထူးသဖြင့် မိုးရာသီမှာ မြေဆီလွှာ တိုက်စားမှုနဲ့ ရေတိုက်စားမှုကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် သီးပင်၊ စားပင် ပတ်ဝန်းကျင်က မြေဆီလွှာကို အမြဲတမ်း ကောင်းမွန်နေစေပါတယ်။ ပေါင်းမြတ် ပေါက်ရောက်မှုကို နည်းပါးစေပြီး အဓိက စိုက်ပျိုးသည့် သီးနှံပင် အတွက် အစာယှဉ်ပြိုင်မှု နည်းပါးသည့် အတွက် သီးပင် ၊ စားပင်များ အစာအာဟာရ ပိုမိုရရှိနိုင်ပါတယ်။  

    ၃။ ​သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ အထောက်အပံ့ ဖြစ်စေခြင်း... 

    မြေကြီးပေါ်ကို ကြွေကျတဲ့ စပါးလင်ရွက်ခြောက်တွေဟာ မြေဆွေးအဖြစ် ပြောင်းလဲသွားပြီး မြေဆီလွှာကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် မြေကြီးမျက်နှာပြင်ကို ဖုံးအုပ်ပေးတာကြောင့် ရေငွေ့ပျံတာကို လျှော့ချပေးပြီး မြေကြီးကို အချိန်ကြာကြာ စိုစွတ်နေစေပါတယ်။ စပါးလင် ကို သီးနှံများ ကြား ကြားညှပ်စိုက်ပျိုးခြင်းဖြင့် စိုက်ပျိူးခြံပါတ်ဝန်းကျင်အတွက် ပိုမိုကောင်းမွန်ပြီး ဘေးကင်းတဲ့ သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ 

    ​၄။ ဝင်ငွေတိုးစေခြင်း... 

    စပါးလင်ကို ဟင်းခတ်အမွှေးအကြိုင် အဖြစ်သာမက ၊ ကျန်းမာရေးအတွက် ဆေးတစ်လက် အဖြစ် မှီဝဲစားသုံးသူများပြားခြင်း ၊ အစားအသောက် နှင့် အဖျော်ယမကာများတွင် ထူးခြားကောင်း မွန်သော ရနံ့ရရှိစေရန် အသုံးပြုခြင်း ၊ စပါးလင်မှ ရနံ့မွှေးဆီ ထုတ်လုပ်ကာ ရနံ့မွှေးကုထုံးတွင် အသုံးပြုခြင်း ၊ စပါးလင်မှရရှိသော Citronella oil ကို ခြင်ပြေးဖျန်းဆေး ၊ ခြင်ပြေးလိမ်းဆေး၊ အင်းဆက်ပိုးသတ်ဆေးအဖြစ် ထုတ်လုပ်အသုံးပြုကြခြင်းတို့ကြောင့် စပါးလင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေ တိုးလာနိုင်ပါကြောင်း သတင်းစကားပါးလိုက်ရပါတယ်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
12
comments
0
views
2576