ပိုးသတ်ဆေး ဓာတ်ကြွင်းများလို့ မြန်မာ့ပဲတီစိမ်း တန်ချိန် ၁ သောင်းကျော်ကို တရုတ်လက်မခံ
- မြန်မာကနေ တရုတ်ကို တင်ပို့လိုက်တဲ့ ပဲတီစိမ်းတွေမှာ ပိုးသတ်ဆေး ဓာတုဓာတ်ကြွင်း အကြွင်းအကျန်များနေတာကြောင့် ပြန်ပို့ခံရတယ်လို့ တရုတ်နဲ့ ကုန်သွယ်နေတဲ့အခြေအနေသိရှိသူက ဘီဘီစီကို ပြောပါတယ်။ - သိုင်ယာမီသောင်ဇင်နဲ့ ထရိုင်ဆိုင်ကလိုဇော ဓာတ် ၂ မျိုးများနေလို့ ပြန်ပို့ခံရတာလို့လည်း သူက ပြောပါတယ်။ - လက်မခံတဲ့ပဲတွေကို ပြည်တွင်းက ပဲတင်ပို့တဲ့ကုမ္ပဏီ ၂၂ ခုက တရုတ်ကို ပေးပို့ခဲ့တာဖြစ်ပြီး ကွန်တိန်နာ ၂၂ လုံးစာ (ပဲတီစိမ်းတန်ချိန် ၁ သောင်းကျော်) ရှိတယ်လို့ သိရပါတယ်။ - ပိုးသတ်ဆေး ဖြန့်ဖြူးရောင်းချတဲ့ကုမ္ပဏီတွေအနေနဲ့ တောင်သူပညာပေး လုပ်ငန်းတွေ လုပ်ဆောင်တာ မရှိဘဲ တင်သွင်းဖြန့်ဖြူးနေပြီး ဒီအခြေအနေအပေါ် မထိန်းကျောင်းနိုင်ရင် နောင်မှာ လယ်ယာ ပို့ကုန်လုပ်ငန်းတွေအပေါ် ထိခိုက်လာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။ - မြန်မာ့ လယ်ယာထွက်ကုန်ဖြစ်တဲ့ ပဲတီစိမ်းကို တရုတ်ဈေးကွက်ထဲ အဓိကတင်ပို့ရောင်းချနေတာဖြစ်ပြီး မတ်ပဲနဲ့ ပဲစဥ်းငုံနီ တို့ကိုတော့ အိန္ဒိယနိုင်ငံကို အဓိကတင်ပို့နေတာဖြစ်ပါတယ်။ - Source:BBC Burmese မှ ပြန်လည် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ - ------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
