ဧရာဝတီတိုင်း တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- (စက်တင်ဘာလ ၁၁ ရက် မှ စက်တင်ဘာလ ၁၇ ရက်အထိ မိုးလေဝသအခြေအနေ) - အရှေ့/အနောက်ပင်လယ်ပြင်များတွင် ယခု ၁ ပါတ်အတွင်းဖြစ်ပေါ်နိုင်သည့် ထူးခြားသောမိုးလေဝသအခြေအနေ - ယခု ၁ ပါတ်အတွင်း - - · စက်တင်ဘာလ ၁၂ ရက် မှာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ်ပြည်နယ် ကမ်းရိုးတန်းအနီးပင်လယ်ပြင်မှာ အမြင့်ပေ ၅၀၀၀ နဲ့အထက်က လေပွေလှိုင်းတခုဖြစ်ပေါ်နိုင်ပြီး ၁၃ ရက်နေ့မှာ ကမ်းရိုးတန်းကိုဖြတ်ကျော်ကာ ကုန်းတွင်း(အိန္ဒိယနိုင်ငံအလယ်ပိုင်း)ကို ဆက်လက်ရွေ့လျားဝင်ရောက်သွားနိုင်ကြောင်း ECMWF, GFS, ICON model တွေရဲ့ ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။ - · ဒီအခြေအနေကြောင့် စက်တင်ဘာလ ၁၅ ရက်နေ့အထိ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ အနောက်တောင်မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါမယ်။ ၁၅ ရက်နေ့မှ ၁၇-၁၈ ရက်များအထိ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာသာ မုတ်သုံလေအားကောင်းနေနိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားအသင့်အတင့်မှ အားနည်းနေနိုင်ပါမယ်။ - · စက်တင်ဘာ ၁၁ ရက် မှ ၁၇ ရက်အတွင်း မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်၊ စစ်ကိုင်းအထက်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့မှာ မိုးအသင့်အတင့်ရွာနိုင်ပြီး နေရာကွက်၍ မိုးများနိုင်ပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ မိုးအားလျော့နည်းနေနိုင်ပါတယ်။ - ဧရာဝတီတိုင်းအတွင်း မိုးရွာသွန်းနိုင်သည့်အခြေအနေ - · စက်တင်ဘာ ၁၁ ရက် မှ ၁၇ ရက်အထိ ၇ ရက်အတွင်း ဧရာဝတီတိုင်းတခုလုံးရဲ့ မိုးရေချိန်အများဆုံး ၃ လက်မခန့်သာရှိနိုင်ပြီး၊ - · စက်တင်ဘာ ၁၅ ရက်နေ့မှာ ပုသိမ်၊ ကျုံပျော်၊ ဇလွန်၊ ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း၊ ပန်းတနော်၊ ညောင်တုန်း၊ ဝါးခယ်မ၊ ကျောင်းကုန်း၊ မြောင်းမြ မြို့နယ်တွေမှာ ၂၄ နာရီအတွင်း မိုးရေချိန်ရရှိနိုင်မှု အများဆုံး ၀.၇ လက်မ ခန့် ရှိနိုင်ပါမယ်။ ကျန်တဲ့မြို့နယ်တွေမှာတော့ ၂၄ နာရီအတွင်းရွာသွန်းရရှိနိုင်တဲ့ မိုးရေချိန် ၀.၅ လက်အောက်သာရှိနိုင်ပါမယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ - · ဧရာဝတီတိုင်းအတွင်း ယခု ၁ ပါတ် အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ ပင်လယ်ကမ်းရိုးတန်းအနီးက မြို့နယ်တွေမှာ အမြင့်ဆုံးအပူချိန် ၂၉°C နဲ့ အနိမ့်ဆုံးအပူချိန် ၂၇°C ရှိနိုင်ပါတယ်။ - · ကမ်းရိုးတန်းအနီးက မြို့နယ်/ကျေးရွာတွေမှာ အရှေ့တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၁၄ မိုင်ခန့်ရှိနိုင်ပြီး ကုန်းတွင်းပိုင်းမှာ အရှေ့ဘက်အရပ်မှ လေတိုက်နှုန်း တနာရီ ၁၀ မိုင်ခန့်ရှိနိုင်ပါတယ်။ - · ဧရာဝတီတိုင်းအတွင်း နံနက်/ညအချိန်တွေနဲ့ နေ့လည်ပိုင်းအချိန်တွေရဲ့ လေထုစိုထိုင်းဆ ၇၀% မှ ၁၀၀% အတွင်းမှာ ရှိနေနိုင်ပြီး လေထုစိုထိုင်းဆ များနေချိန်မှာ ခံစားရတဲ့အပူချိန် ၃၉°C အထိရှိနေနိင်ပါတယ်။ - · လေထုညစ်ညမ်းမှုအခြေအနေ(AQI value)က အများဆုံး ၃၀ ခန့်သာရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှု မရှိပါ။ - ဧရာဝတီတိုင်းအနောက်ဘက်နဲ့တောင်ဘက် ကမ်းနီးပင်လယ်ပြင်တွေမှာ အနောက်-အနောက်တောင်ဘက်မှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၅ မိုင်ခန့်နဲ့ လှိုင်းအမြင့် ၃ ပေ မှ ၄ ပေခန့်အထိ ရှိနိုင်ပါတယ်။ - Win Naing - Administration Team, - MMWEATHER, - ငါးဒန်အစာကျွေးခြင်းဆိုင်ရာ အကြံပြုချက် - ငါးဒန်သည် ငါးကြင်းအုပ်စုဝင်ငါးများထက် သဘာဝအစာဖြစ်သော အပင်မျှောလှေးနှင့် အကောင် မျှောလှေးများတွင် အကောင်မျှောလှေးကို ပိုမိုကြိုက်နှစ်သက်ပါသည်။ - ထို့အပြင် ငါးကြင်းအုပ်စုဝင်ငါးများထက် အစာစားနှုန်းများပါသည်။ ငါးဒန်သည် အစုံစားသတ္တဝါဖြစ်ပြီး အသားဓါတ်ပါသော အစာကို ကြိုက်နှစ်သက်ပါသည်။ - ဖြည့်စွက်စာကျွေးပါက ပရိုတိန်း ၂၅ရာခိုင်နှုန်းအထက်ပါသော အစာတောင့်ကိုကျွေးပါက ပိုပြီး ကောင်းမွန်ပါသည်။ ငါးဒန်သည် အစာကောင်းစွာ စားသုံးရပါက ကြီးထွားနှုန်းမြန်သော ငါးမျိုးစိတ် ဖြစ်ပါသည်။ - ဖြည့်စွက်စာကျွေးနည်းလေ့လာရန် လင့်ကို နှိပ်ပါ - https://htwettoe.com/post/44817 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
