cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

သဘာဝပစ္စည်းများဖြင့် မြေဖုံးခြင်း၏ အကျိုးကျေးဇူးများ

. Agriculture Knowledge
မြေဖုံးခြင်း (Mulching) သည် အော်ဂဲနစ်စိုက်ပျိုးနည်းစနစ်တွင် အစွမ်းထက်ဆုံး နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။

  • မြေဆီလွှာကို သဘာဝပစ္စည်းများဖြင့် ဖုံးအုပ်ထားခြင်းဖြင့် လုပ်သမားအသုံးပြုမှုကို သက်သာစေပြီး မြေဆီလွှာအရည်အသွေးကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါသည်။ မြေဖုံးစနစ် အသုံးပြုခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်ပါသည် - 

    🌱 ၁။ ပေါင်းပင်များကို သဘာဝအတိုင်း နှိမ်နင်းပေးခြင်း။

    သဘာဝပစ္စည်းများဖြင့် ထူထူထပ်ထပ်အနေအထား မြေဖုံးထားခြင်းသည် နေရောင်ခြည် မြေဆီလွှာအထိ ဝင်ရောက်မှု ပိတ်ဆို့သဖြင့် ပေါင်းပင်မျိုးစေ့ပေါက်ရန် ခက်ခဲစေသည်။ ပေါင်းနှိမ်နင်းရန် လိုအပ်မှု လျော့နည်းစေပြီး ဓာတုပစ္စည်းများမလိုအပ်ဘဲ ပေါင်းပင်ကို ထိထိရောက်ရောက်ဟန့်တားနိုင်သည်။

    💧 2. မြေဆီလွှာ အစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း။

    မြေဖုံးစနစ်သည် ရေငွေ့ပျံခြင်းကို လျှော့ချပေးပြီး မြေဆီလွှာကို ကြာရှည် စိုစွတ်နေစေရန် ကူညီပေးသည်။ ဆိုလိုသည်မှာ အကြိမ်ရေနည်းနည်းသာ ရေလောင်းရန် လိုအပ်ပြီး ခြောက်သွေ့သော ရာသီတွင် အပင်များ ပိုမိုခံနိုင်ရည်ရှိစေသည်။

     🌡️ 3. မြေဆီလွှာအပူချိန်ကို ထိန်းညှိပေးခြင်း။ 

    မြေဖုံးခြင်းသည် နွေရာသီတွင် အမြစ်များကို အေးမြစေပြီး ဆောင်းရာသီတွင် အနွေးဓာတ်ရရှိစေကာ အပင်များအပေါ် ရာသီဥတုဖိစီးမှုဒဏ်ကို လျှော့ချပေးသည့် အကာအကွယ်တစ်ခုအနေဖြင့် လုပ်ဆောင်သည်။

    🌿 4. မြေဆီလွှာကျန်းမာရေးကို ကောင်းမွန်စေခြင်း။

    သဘာဝမြေဖုံးပစ္စည်းများ (ကောက်ရိုး၊ မြေဆွေး၊ အရွက်များ သို့မဟုတ် သစ်ခေါက်အသေးလေးများ) သည် အချိန်ကြာလာသည်နှင့်အမျှ ပြိုကွဲသွားပြီး မြေဆီလွှာကို အာဟာရဖြည့်တင်းပေးသည်။ မြေဆီလွှာဖွဲ့စည်းမှုကို ပိုမိုကောင်းမွန်စေသည့် အော်ဂဲနစ်ပစ္စည်းများကို ပေါင်းထည့်ပေးပါသည်။

    🪱 ၅။ တီကောင်နှင့် အခြားအကျိုးပြုအဏုဇီဝပိုးမွှားများကို အားပေးခြင်း။

    မြေဖုံးခြင်းလုပ်ကိုင်သော ဥယျာဉ်၊ ခြံများတွင် အကျိုးပြုအဏုဇီဝများ ပိုမိုပေါက်ပွားစေသည်။ တီကောင်နှင့် အကျိုးပြုအဏုဇီဝများသည် အေးမြစိုစွတ်သော၊ အာဟာရကြွယ်ဝသော မြေဆီလွှာတွင် ရှင်သန်ပေါက်ဖွားကြသည်။

    💥 6. မြေဆီလွှာတိုက်စားမှု နှင့် မြေကြပ်မှု မဖြစ်စေခြင်း 

    မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေတိုက်ခြင်းမှ မြေဆီလွှာမျက်နှာပြင် တိုက်စားမှုကို ကာကွယ်ပေးပြီး ကျန်းမာသော မြေဆီလွှာကို ထိန်းသိမ်းပေးထားသည်။ 

    🦠 7. အပင်ရောဂါ ကျရောက်မှုကို လျော့နည်းစေခြင်း။

    မြေဆီလွှာနှင့် အပင်ကိုယ်ထည်ကြားတွင် အတားအဆီးတစ်ခုအဖြစ် လုပ်ဆောင်ခြင်းဖြင့် ရေလောင်းချိန် သို့မဟုတ် မိုးရွာချိန်တို့တွင် မြေဆောင်ရောဂါများ အပင်မျက်နှာပြင်ပေါ်သို့ လွှင့်ထွက်လာမှု/ ကျရောက်လာမှုကို ဟန့်တားပေးပါသည်။

    🧪 ၈။ ဓာတုကင်းစင်သော မြေဆီလွှာအဖြစ် စီမံခန့်ခွဲနိုင်ခြင်း

    အော်ဂဲနစ်စိုက်ပျိုးရေးနည်းစနစ်အတွက် မြေဆီလွှာအာဟာရဓာတ်နှင့် မြေဆီလွှာကျန်းမာရေးကို ထိန်းထားနိုင်ရန် ဓာတုဓာတ်မြေသြဇာများ သို့မဟုတ် ဓာတုဆေးများ မလိုအပ်ပါ။ မြေဖုံးစနစ်ကို အသုံးပြုခြင်းဖြင့် ဓာတုကင်းစင်သော စိုက်ပျိုးနည်းစနစ်ကို ဖော်ဆောင်နိုင်ပါသည်။

    အကောင်းဆုံး အော်ဂဲနစ် မြေဖုံးပစ္စည်းများ

    • ကောက်ရိုး သို့မဟုတ် မြက်ခြောက် (ပေါင်းစေ့ကင်းစင်သော)

    • မြေဆွေး

    • အရွက်များ။

    • ညှပ်ထားသော မြက်များ (ပါးလွှာသောအလွှာများ)

    • သစ်သားအခေါက်လေးများ သို့မဟုတ် လွှစာများ

    • ထင်းရှူးပင် (အက်ဆစ်နှစ်သက်သော အပင်များအတွက်) 

    အကြံပြုချက်- စိုက်ပျိုးပင်၏ပင်စည်မှ အနည်းငယ်ခွာပြီး အထူ ၅ - ၁၀ စင်တီမီတာ အထူဖြင့် မြေဖုံးနိုင်ပါသည်။

    ဘာသာပြန်သူ - နွယ်အေး

    Source: organic-consumers-association

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါသည်။

    ------


  • article
likes
10
comments
1
views
2142