cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဆေးဖက်ဝင် ဒန့်ဒလွန်ပင်

. Health Articles
လူတော်တော်များများ သတိမထားမိတဲ့ ဒန့်ဒလွန်ပင်ရဲ့ အစေ့၊ အရွက် ၊ အပွင့် ၊ အသီး နဲ့ အခေါက် တို့ရဲ့ ကောင်းကျိုးများကို ဖော်ပြပေးလိုက်ပါတယ်။ စားရလွယ်သလို အသုံးပြုရလည်း လွယ်ကူပြီး အကျိုးကျေးဇူးတွေကလည်း အများကြီးပါပဲ။
  • ၁။ ဒန့်ဒလွန်သီးစေ့ 

     * ​ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ 

     * ​သွေးတွင်းသကြားဓာတ်ကို လျော့ကျစေတာကြောင့် ဆီးချိုသမားတွေအတွက် သင့်လျော်ပါတယ်။ 

     * ​ကိုလက်စထရောကို လျော့ကျစေပြီး နှလုံးကို အားကောင်းစေပါတယ်။ 

     * ​ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ 

     *ရောင်ရမ်းမှုကို သက်သာစေတဲ့ သဘာဝပစ္စည်းတွေပါဝင် တာကြောင့် ကိုက်ခဲနာကျင်တာ၊  အဆစ်အမြစ်၊ ခါးနဲ့ နောက်ကျောနာကျင်တာတွေကို သက်သာစေပါတယ်။ 

     * ​ဝမ်းမှန်စေပြီး ဝမ်းနုတ်ဆေးအပျော့စားအဖြစ် အလုပ်လုပ်ပါတယ်။ 

    စားသုံးနည်း.... 

     * ​တစ်နေ့ကို အစေ့ ၂-၃ စေ့လောက်ကို အစိမ်းလိုက်ဝါးစားပြီး ရေများများသောက်ပါ (သို့မဟုတ်) ဒန့်ဒလွန်သီး​စေ့ ၅-၇ စေ့လောက်ကိုရေနွေးနဲ့ ပြုတ်ပြီး လက်ဖက်ရည်ကြမ်းလိုမျိုး နွေးနွေး လေး သောက်နိုင်ပါတယ်။ 

    ၂။ ဒန့်ဒလွန်ရွက် 

     * ​ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ဖြည့်တင်းပေးပါတယ်။ 

     * ​ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ Antioxidant ဓာတ်တွေ ပါဝင်ပါတယ်။ 

     * ​Flavonoid နဲ့ ပိုတက်စီယမ်များစွာ ပါဝင်တာကြောင့် သွေးကြောတွေကို ပြေလျော့စေပြီး သွေးတိုးရောဂါကို ကျစေပါတယ်။ 

     * ​ခန္ဓာကိုယ်က သကြားဓာတ်ကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်အောင် ကူညီပေးတာကြောင့် သွေးတွင်းသကြားဓာတ်များသူတွေနဲ့ ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။ 

     * ​ဗီတာမင် A မြင့်မားစွာ ပါဝင်တာကြောင့် မျက်စိအားကောင်းစေပါတယ်။ 

     * ​မောပန်းနွမ်းနယ်တာကို ပြေစေပြီး သွေးအားကောင်းစေပါတယ်။ 

     ​ဒန့်ဒလွန်ရွက် စားသုံးနည်း.... 

     * ​အရွက်နုတွေကို ချဉ်ရည်ဟင်း၊ သို့မဟုတ် ဟင်းချိုချက်ပြီးသောက်လို့ရပါတယ်။ 

     * ​နေလှန်းပြီး အမှုန့်ကြိတ်ကာ တစ်နေ့ကို ၁-၂ ခွက် ဖျော်သောက်နိုင်ပါတယ်။ 

     အထူးသတိပြုရန်.... 

     * ​သွေးတိုးကျဆေး သို့မဟုတ် ဆီးချိုကျဆေးသောက်နေ သူများ အနေဖြင့်ဆရာဝန်နဲ့ အရင်တိုင်ပင်သင့် ပါတယ်။ 

     * ​တစ်နေ့ကို အရွက်စိမ်း လက်တစ်ဆုပ်စာ ၁-၂ ဆုပ်လောက်ပဲ အသင့်အတင့်စားသုံးသင့်ပါတယ်။ 

    ၃။ ဒန့်ဒလွန်ပွင့် 

    * ​ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး ခွန်အားကို တိုးစေပါတယ်။ 

    * ​မောပန်းနွမ်းနယ်တာကို ပြေစေပြီး အိပ်ပျော်လွယ်စေပါတယ်။ 

    * ​သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ 

    * ​အရိုးနဲ့ အဆစ်အမြစ်တွေကို သန်မာစေပါတယ်။ 

    ဒန့်ဒလွန်ပွင့် စားသုံးနည်း... 

     * ​အပွင့်စိမ်းတွေကို ရေနွေးဖြောပြီး ငပိရည်နဲ့တို့စားပါ။ 

     * ​ချဉ်ရည်ဟင်း သို့မဟုတ် ဟင်းချိုထဲမှာ ထည့်ချက်စားမယ်ဆိုရင် မွှေးပြီး အရသာရှိပါတယ်။ 

     * ​နေလှန်းပြီး လက်ဖက်ရည်ကြမ်းလိုမျိုး ဖျော်သောက်လို့လည်း ရပါတယ်။ 

    ၄။ ဒန့်ဒလွန်သီး  

    မီးနေသည်များ ဒန့်သလွန်ရွက် ဟင်းခါးရည် သောက်ပေးခြင်း၊ ဒန့်သလွန်သီးကို ငါးကင်ဖြင့် ချက်ကျွေးခြင်းများဖြင့် နို့ဖြိုင်ဖြိုင် ထွက်စေသည်။ ထို့နောက် ပန်းသေ ပန်းညှိုးဝေဒနာရှင်များ ဒန့်သလွန်သီး မနုမရင့်ကို ငါးကြင်းသားဖြင့် ချက်၍ စားပေးပါက ရောဂါဝေဒနာများ ပျောက်ကင်းစေပါသည်။ 

    ၅။ ဒန့်သလွန် အခေါက် 

    *ဒန့်သလွန် အခေါက်ကိုခွာပြီး ထုချေ၍ နာနာရှူပေးပါက ခေါင်းအုံ၊ ဇက်လေး၊ ဇက်ကြောတက်၊ နောက်ကြောတက်ရောဂါများ ပျောက်ကင်းစေပါသည်။ ဒန့်ဒလွန်ပင်ဟာ ရှာရလွယ်ကူတဲ့ ဆေးဖက်ဝင်အပင်ဖြစ်ပြီး ၊ သင့်တင့်မျှတစွာ ပုံမှန်စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ် ကျန်းမာစေမှာ အမှန်ပါပဲ။  

    MON SOUNG ထံမှ ကိုးကားဖော်ပြပါသည်။ 

    -------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
7
comments
1
views
2513