cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

သီးနှံ မစိုက်ပျိုးခင်မှာ မျိုးစေ့လူးနယ်ဆေးကို ဘာကြောင့် အသုံးပြုသင့်တာလဲ.

. Agriculture Knowledge
မျိုးစေ့လူးနယ်နိုင်သောဆေးဆိုတာကတော့ အပင်များ ပိုးမွှားရောဂါကင်းစေရန်နှင့် အပင်ပေါက်နှုန်းကောင်းစေရန်အတွက် မစိုက်ပျိုးမီ မျိုးစေ့ကိုလူးနယ်ရသောဆေးဖြစ်ပါတယ်။
  • မိမိစိုက်ပျိုးတဲ့မျိုးစေ့တွေက မိခင်အပင်ကနေရယူတာဖြစ်ခဲ့မယ်ဆိုရင် မိခင်အပင်ကရောဂါရှိတယ်ဆိုပါက မျိုးစေ့မှာလည်း ရောဂါတွေပါလာနိုင်ပါတယ်။ ထို့အပြင် ရောဂါကျဖူးတဲ့ မြေပေါ်မှာစိုက်ပျိုးမယ်ဆိုရင် မျိုးစေ့များအပင်ပေါက်လာတဲ့အခါ အပင်ငယ်စဉ်မှာကတည်းက မြေဆောင်ရောဂါတွေ ဝင်လာတာမျိုး ဖြစ်နိုင်ပါတယ်။ အဲ့ဒီလိုရောဂါတွေဝင်လာတဲ့အခါ အပင်ပေါက်နှုန်းမကောင်းတာ အပင်မသန်တာနဲ့ အပင်ငယ်စဉ်ကတည်းက ရောဂါကျတာမျိုးတွေကို ကြုံတွေ့ရတတ်ပါတယ်။ 

    မျိုးစေ့လူးနယ်နိုင်သောဆေးဆိုတာကတော့ အပင်များ ပိုးမွှားရောဂါကင်းစေရန်နှင့် အပင်ပေါက်နှုန်းကောင်းစေရန်အတွက် မစိုက်ပျိုးမီ မျိုးစေ့ကိုလူးနယ်ရသောဆေးဖြစ်ပါတယ်။ မျိုးစေ့လူးနယ်နိုင်သောဆေးအသုံးပြုခြင်းဖြင့် မျိုးစေ့ဆောင်ရောဂါ၊ မြေဆောင်မှိုရောဂါ တို့ကိုကာကွယ်နိုင်ပြီး အပင်ပေါက်နှုန်းကိုလည်းကောင်းစေပါတယ်။ 

    မျိုးစေ့လူးနယ်နိုင်သောဆေးတွေက ယေဘုယျအားဖြင့် (၃) မျိုးရှိပါတယ်။ 

    (၁) မှိုရောဂါသတ်ဆေး {ဥပမာ - Metalaxyl (မီတယ်လဆီ), Tebuconzaole (တက်ဗျူကိုနာဇိုး), Hexaconazole (ဟက်ဇာကိုနာဇိုး)} 

    (၂) ပိုးသတ်ဆေး {ဥပမာ - Imidacloprid (အင်မီတာကလိုပရစ်), Fipronil (ဖစ်ပရိုနေးလ်)} 

    (၃) အားဆေး {ဥပမာ - Nitro phenol (တောနစ်)} အုပ်စု တို့ပဲဖြစ်ပါတယ် 

    - မှိုရောဂါသတ်ဆေးအသုံးပြုတယ်ဆိုရင် မျိုးစေ့ပုပ်တာ၊ အပင်ငယ်တွေမှာကျတတ်တဲ့ ခါးရိရောဂါ၊ ပင်ညှိုးရောဂါ၊ မြစ်ခြောက်ဆွေးရောဂါတွေနဲ့ တခြားသောမျိုးစေ့ဆောင်မှိုရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ 

    - ပိုးသတ်ဆေးလူးနယ်အသုံးပြုတယ်ဆိုရင်တော့ မျိုးစေ့ကို မြေခွေးပုရစ်စားသောက်ဖျက်ဆီးခြင်း၊ ဖိုးလမင်းကျိုင်းဖျက်ဆီးခြင်းအပြင် အပင်ငယ်စဉ်မှာ ပိုးမွှားဒဏ်ခံနိုင်ပြီး စုပ်စားပိုးတွေမကျအောင်လည်းကာကွယ်ပေးပါတယ်။ 

    - အားဆေးလူးနယ်စိုက်ပျိုးတယ်ဆိုရင်တော့ အပင်ပေါက်ညီညာခြင်း၊ အပင်ပေါက်နှုန်းကောင်းခြင်း၊ အပင်သန်ခြင်းတို့ကိုရရှိစေနိုင်ပါတယ်။ 

    ထွက်တိုး

     --------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
19
comments
1
views
2667