cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

“စပါးစျေး အကျကြမ်းနေတဲ့အပြင် ရိတ်ခြွေစက်ငှားရမ်းခပါ စျေးကြီးတာကြောင့် မိုးစပါးတောင်သူများ အခက်တွေ့နေ”

. All News
“ဒီနှစ်မှာ လယ်ယာအလုပ် နဲ့ပါတ်သက်တဲ့ သူတွေ အားလုံး အဆင်မပြေကြဘူး၊ စပါးအကြမ်းဈေးက စပါးသစ် တင်းတရာကို အရင်ကျပ် ၁၄ သိန်း ကနေ ကျပ် ၇သိန်း အထိ ဇောက်ထိုးကိုထိုးကျတာ”
  • ဧရာဝတီတိုင်း အတွင်းမှာ စပါးရိတ်ခြွေစက် ငှါးရမ်းခ လေးဆနီးပါး မြင့်တက်လာတာကြောင့် မိုးစပါး စိုက်ပျိုးကြတဲ့ တောင်သူတွေ အခက်အခဲနဲ့ တွေ့ ကြုံနေရပါတယ်။

    တိုင်းဒေသအတွင်းရှိ ကုန်းပိုင်းကျ လယ်ယာတွေမှာ မိုးစပါး ရင့်မှည့်လာတဲ့အတွက် ရိတ်သိမ်းချိန်ကျ လာပြီး မိုးလေလွတ် အလျှင်အမြန် ရိတ်သိမ်းတာမှာ လိုအပ်လာတဲ့ စပါးရိတ်ခြွေစက် ငှါးရမ်းခဟာ စစ်တပ် အာဏာမသိမ်းခင်က စပါးတဧက ရိတ်ခြွေခ ကျပ် ၃၅၀၀၀ ရှိရာက ယခုနှစ်မှာ ကျပ်တသိန်း လေးသောင်း ဝန်းကျင်မြင့်တက်လာတာပါ။

    “တော်သတင်းလ ဝင်လာပြီဆိုတော့ ကုန်းပိုင်းကျတဲ့ လယ်တွေက ရိတ်သိမ်းချိန်ကျလာပြီ။ အချို့ဆို

    ရိတ်သိမ်းနေကြပြီ။ မိုးလေ လွတ်ရိတ်သိမ်းဖို့အတွက် ရိတ်ခြွေစက်က လယ်သမားတိုင်းမှာ မရှိတော့ ငှားရိတ်ရတယ်။ အခုနှစ်မှာ လေးဆလောက် ဈေးတက်လာတယ်။ စပါးဈေးကလည်း ကျတယ် ဆိုတော့ ဒီနှစ် မိုးစပါး လုပ်တာမှာ ခွက်ခွက်လန် အောင် ရှုံးကြပြီ’ လို့ ကျောင်းကုန်းမြို့နယ်က တောင်သူတဦးက DNA ကိုပြောပါတယ်။

    တောင်သူအများစုမှာ ရိတ်ခြွေစက်ကိုဝယ်ယူ အသုံးမပြုနိုင်တဲ့သူတွေဖြစ်ကြပြီး ရင့်မှဲ့နေတဲ့စပါးတွေ အချိန်နဲ့တပြေးညီ မရိတ်သိမ်းနိုင်ပါက လေလွင့်ပျက်စီး နိုင်တာကြောင့် ငွေကြေးတတ်နိုင်တဲ့ ရိတ် ခြွေစက်ပိုင်ရှင် အငှားလိုက်သူတွေထံက ငှားရိတ် ကြရတာပါ။

    လက်ရှိ ဧရာဝတီတိုင်း အတွင်းမှာ အဆင့်မြင့်စက်သုံးဆီ (ဒီဇယ်) တပေပါ (၅၂ဂါလံ) ကို ခြောက် သိန်း ကိုးသောင်း ရှိနေပြီး စပါးတဧက ရိတ်သိမ်းပါက အဆင့်မြင့်စက်သုံးဆီ (ဒီဇယ်) ကျပ် တသိန်းဖိုး အသုံး ပြုရတဲ့အပြင် စက်ပစ္စည်း ဈေးနှုန်းတွေ ကလည်းတက်နေတာကြောင့် ပြင်ဆင်စရိတ် စက်မောင်းသူ စရိတ် ထုတ်နှုတ်လိုက်ပါက တစ်ဧက ရိတ်သိမ်းရင် ကျပ် ၂သောင်း ဝန်းကျင်သာ ကျန်တယ်လို့ ခြွေရိတ်စက် အငှားလိုက်သူတွေ ထံကသိရပါတယ်။

    “ဒီနှစ်မှာ လယ်ယာအလုပ်နဲ့ပါတ်သက်တဲ့သူတွေ အားလုံး အဆင်မပြေကြဘူး၊ စပါးအကြမ်းဈေးက စပါးသစ် တင်းတရာကို အရင်ကျပ် ၁၄ သိန်း ကနေ ကျပ် ၇သိန်းအထိ ဇောက်ထိုးကိုထိုးကျတာ ပိုးမွှား ရာသီဥတု ဖျက်ဆီးတာကလည်းရှိခဲ့တယ်။ ဆိုတော့ လယ်သမားတွေတင် မဟုတ်ဘူး အားလုံးကြပ်တည်း ကုန်ကြတာပေါ့” လို့ လယ်သမားအရေးတက်ကြွလှုပ်ရှားသူ ဦးခင်သိန်းကသုံးသပ်ပါတယ်။

    ဧရာဝတီတိုင်းမှာ မိုးစပါး တဧက စိုက်ပါက စပါး တင်း ၅၀ ထွက်ရှိပြီး စပါး တင်းတရာကို ကျပ် ၇ သိန်း ရရှိတဲ့အတွက် တဧက စိုက်ပျိုး စရိတ် ကျပ် ၆သိန်း ဝန်းကျင်ရှိရာ မိုးစပါးစိုက်သူများ အရှုံးပေါ် နေပြီး ရေကျနောက် စပါးစိုက်ဖို့နဲ့ နွေစပါး စိုက်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။

    တောင်သူတွေဟာ စပါးရိတ်ခြွေခ ဈေးတက်တာအပြင် စပါးဈေးကျတာ ရွှေခရု အပါအဝင် သီးနှံဖျက်ပိုးနဲ့ ရာသီဥတု ဖေါက်ပြန်ဖျက်စီးခံရတာ ၊သွင်းအားစုနဲ့ အထွေထွေကုန်ဈေးနှုန်း မြင့်တက်ပြီးရင်းတက်နေတာ။ စစ်မှုမထမ်းချင်လို့ ရှောင်တိမ်းနေကြရတာ။ အချို့ကို စစ်ထဲအတင်းအကြပ် ထည့် ခံရတာတွေ စတဲ့ အခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

    ဧရာဝတီတိုင်း စိုက်ပျိုးရေး ဦးစီးဌာနရဲ့ မှတ်တမ်းအရ ဧရာဝတီတိုင်းမှာ အသားတင်စိုက်ပျိုးမြေဧက ၄,၈၁၀,၀၄၄ ဧကရှိပြီး မိုးစပါး စိုက်ပျိုး ဧက ၃၈ သိန်း နီးပါးရှိကာ ကျေးလက်နေထိုင်သူ ၇၀ ရာခိုင် နှုန်းကျော်မှာ လယ်ယာလုပ်ငန်း လုပ်ကိုင်သူတွေ ဖြစ်ကြပါတယ်။

    Source: Delta News Agency

    ✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
likes
14
comments
2
views
2407