cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဆန်ဆေးရည် ရေခဲတုံးလေးတွေက အသားအရည် တောက်ပအောင် ဘယ်လိုလုပ်ပေးတာလဲ။

. Health Articles
အပိုင်း -၂
  • (၇)  ဆန်ဆေးရည်ဟာ တခြား အရေပြား အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ 

    သင့်အသားအရေကို ကျန်းမာတောက်ပစေတဲ့အပြင် ဆန်ရေဟာ ချွေးပေါက်တွေကို ကျဉ်းစေပြီး ရောင်ရမ်းမှုကို လျော့ချပေးကာ သူ့မှာပါဝင်တဲ့ သဘာဝ antioxidants နဲ့ အမိုင်နိုအက်ဆစ်တွေကြောင့် ယားယံတာကိုလည်း သက်သာစေပါတယ်။ ဆန်ဆေးရည်ဟာအရေပြား၏ ပျော့ပျောင်းမှုကို မြှင့်တင် ပေးကာ ပိုမိုတင်းရင်းစေသည်။ 

    ထို့အပြင် ငယ်ရွယ်နုပျိုစေသည်ဟု လူသိများတဲ့ ၎င်း၏ပျော့ပျောင်းသော ကစီဓာတ်ဖွဲ့စည်းမှု သည် အဆီထုတ်လုပ်မှုကို ဟန်ချက်ညီစေရန်အတွက် သဘာဝ တိုနာအဖြစ် သုံးဆောင်နိုင်သည်။ ပုံမှန်အသုံး ပြုပေးခြင်းဖြင့် အမည်းစက်များကို ပျောက်ကင်းစေကာ အသားအရေအရောင်ကို ညီညာစေပြီး အဆီပြန်ခြင်းမရှိဘဲ အသားအရေကို ရေဓာတ်ထိန်းသိမ်းပေးနိုင်ပါသည်။ 

    (၈) ဆန်ရေခဲတုံးသည် သာမန်ဆန်ရေထက် ပိုကောင်းပါသလား။ 

     ဆန်ရေခဲတုံးတွေဟာ သွေးကြောတွေကို ကျဉ်းစေပြီး ချွေးပေါက်တွေကို ကျဉ်းစေတာကြောင့် အအေးခံထားတဲ့ အပူချိန်က ဆန်ရေရဲ့ အာဟာရ ထိရောက်မှုကို တိုးတက်ကောင်းမွန်စေတာကြောင့်    ပုံမှန်ဆန်ရေကို အသုံးပြုတာထက် ဆန်ရေခဲတုံးတွေဟာ ပိုကောင်းတယ်လို့ ယူဆကြပါတယ်။ ဝက်ခြံတွေကို လျော့ပါးစေပြီး မျက်နှာကို ပိုမိုတောက်ပပြီး တောက်ပစေပါတယ်။ 

    (၉)  သင်ရော အဲဒီ တောက်ပမှုနောက်ကို လိုက်နေတာလား။ 

    အကယ်၍ သင်ဟာ အသားအ‌‌ရေအတွင်းပိုင်းမှ တောက်ပမှု့ အလင်းရောင်ကို ပိုင်ဆိုင်ဖို့ကြိုးစားနေ ရင်တော့ ၊ ခရင်မ်များ၊ အစိုဓာတ်ထိန်းခရင်မ် နှင့် serumsတွေမှာ ဆန်ရေပါဝင်ဖော်စပ်ထားတဲ့ အသားအရေထိန်းသိမ်းမှုသည် ပြောင်းလဲမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်နှင့် အမိုင်နို အက်ဆစ်များ ပါ၀င်သော ဆန်ရေသည် အသားအရေကို ကြည်လင်စေပြီး အသားအရေကို ညီညာစေ သည့်အပြင် ရေဓာတ်ကိုလည်း မြှင့်တင်ပေးပါတယ်။ ဆန်ဆေးရည်၏ သဘာဝ antioxidants များသည် မွဲခြောက်ခြင်းကို တိုက်ဖျက်ကာ ဖုန်၊ သဲ ၊ လေ နဲ့ နေရောင်ခြည် စတဲ့ ပတ်ဝန်းကျင်ကြောင့် ဖြစ်တဲ့ ပျက်စီးခြင်းမှလည်း ကာကွယ်ပေးပြီး ယားယံမှုကို သက်သာစေသော ဂုဏ်သတ္တိများ ရှိသည့်အတွက် ပုံမှန်  အသုံးပြုပါက သင့်အသားအရေကို ချောမွေ့ပျော့ပျောင်းစေပြီး ပိုမိုတောက်ပစေကာ သင့်အလှ တရား အတွက် ထိရောက်တဲ့ ထိန်းသိမ်းမှု့ဖြစ်စေပါတယ်။ 

     (၁၀) မျက်နှာပေါ်မှာ ရေခဲတုံးတွေကို ဘယ်လောက်ကြာကြာ လိမ်းသင့်လဲ။ 

    ဆန်ဆေးရေခဲတုံးများဖြင့် အမည်းစက်များကို ပျောက်ကင်းဖို့ အဓိကထား လုပ်ဆောင်မည်ဆိုပါက မျက်နှာ၏ စက်ဝိုင်းပုံ နေရာကို ၅-၁၀ မိနစ်ခန့် ညင်သာစွာ နှိပ်နယ်ပေးကာ ရေနွေးနွေးဖြင့် မျက်နှာကို ဆေးပါ။ ဗီတာမင်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် အရောင်ခြယ်မှုကို သက်သာစေပြီး အသားအရေအရောင်ကို ညီညာစေပါသည်။ 

    (၁၁) ဘယ်နှစ်ရက် သိမ်းထားနိုင်မလဲ။ 

     ဆန်ဆေးရေခဲတုံးများကို ရေခဲသေတ္တာထဲတွင် တစ်ပတ်ခန့် သိမ်းဆည်းထားနိုင်သော်လည်း အသုံးပြု သည့် ဘူး၊ ထည့်ခွက်သည် အလွန်သန့်ရှင်းပါစေ။ အကျိုးကျေးဇူးအများဆုံးနှင့် လတ်ဆတ်မှု  ရရှိရန် ရေခဲတုံးများကို ၃ ရက်မှ ၄ ရက်အတွင်း အသုံးပြုရန် အကြံပြုထားကြပါသည်။  

     (၁၂)  စောင့်ရှောက်မှု (Aftercare) 

    ဖန်သားကဲ့သို့ အသားအရေကို တောက်ပစေဖို့အတွက် ဆန်ရေခဲတုံး လိမ်းပြီးတဲ့အခါ သင့်အသား အရေကို အာဟာရပြည့်မှီအောင် ထိန်းသိမ်းကာကွယ်ဖို့ မှန်ကန်တဲ့ aftercare ကို လိုက်နာဖို့ လည်းအရေး ကြီးပါတယ်။ ရေခဲများ အရည်ပျော်ပြီးသည်နှင့် သင့်မျက်နှာကို ရုတ်တရပ်ခြောက်သွေ့ စေသည့်အတွက် ဆန်ရေခဲတုံးကို ညင်သာစွာ ပွတ်ပေးပြီးနောက်ပေါ့ပါးသော အစိုဓာတ်ထိန်းဆေးဖြင့်လိမ်းပေးပါ။ ထိုသို့ ရေဓာတ်ကို ချက်ခြင်းဖြည့်ပေးလိုက်ခြင်းဖြင့် အအေးကြောင့် ဖြစ်ပေါ်လာသော ခြောက်သွေ့ခြင်း သို့မဟုတ် တင်းမာမှုတို့ကိုလည်း ကာကွယ်ပေးပါသည်။ မနက်ခင်းမှာ ဆန်ရေခဲတုံး လိမ်းပြီးတဲ့အခါ နေရောင်ကာခရင်မ်ကို အမြဲလိမ်းပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဆန်ဆေးရေရဲ့ အဖြူရောင် အလင်းဟာ အသားအရေကို နေရောင်ဒဏ်ပိုမိုထိခိုက်နိုင်တာကြောင့်ပါ။ သင်ပုံမှန်လုပ်ဆောင်နေကျ ရိုးရှင်းသော အသားအရေထိန်းသိမ်းမှု့ကနေ ဆန်ရေ ထပ်လောင်း အသုံးပြုခြင်းက တောက်ပမှု၊ ချွေးပေါက်ကျဉ်းစေသည့်အကျိုးကျေးဇူးများကို ထိန်းထားနိုင်တဲ့ အတွက် သင့်အသားအရေကို လန်းဆန်းစေကာ နုပျိုတောက်ပနေစေမှာ သေချာပါသည်။ 

    ဘာသာပြန်- မေ့ရင်သွေး 

    Source- The aftercare-How to make rice water ice cubes for glass skin glow 

    ----------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
  • article
  • article
  • article
  • article
  • article
likes
10
comments
0
views
2603