cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်

. Market News
( ၈. ၉.၂၀၂၅ မှ ၁၂.၉. ၂၀၂၅) မတ်ပဲ၊ နှမ်းက စျေးအတက်ပြပြီး ပြောင်း၊ ပဲစင်းငုံနှင့် ကြက်သွန်ဖြူက စျေးကျ
  • မတ်ပဲ

    မတ်ပဲက ယခုတစ်ပတ်မှာလည်း စျေးတန်းထပ်ပြီးအတက်ပြပါတယ်။ FOB စျေးပြန်တက်လာပြီး အမေရိကန်ဒေါ်လာ ၇၂၅ မှ ၇၃၅ အထိပြန်ရှိလာပေမယ့် မတ်ပဲတစ်တန်ကို သိန်း ၃၀ ကျော်အထိ မြင့်တက်လာခြင်းမရှိသေးပါဘူး။ 

    ရွှေစျေးနဲ့ ဒေါ်လာစျေး၊ FOB စျေး ဆက်တိုက်ကျခဲ့တုန်းကဆိုရင် မတ်ပဲက သိန်း ၃၀ ကျော်ကနေ ၂၈ သိန်းအထိကျဆင်းခဲ့ပါတယ်။ ယခုစျေးပြန်တက်ရမယ့်အချိန်မှာတော့ မတ်ပဲစျေးကွက် အတက်နှေးနေတယ်လို့ သိရပါတယ်။

    နယ်စျေးကွက်မှာလည်း မတ်ပဲတစ်တင်းကို  ၉၄၀၀၀ မှ ၉၅၀၀၀ ဝန်းကျင်သာရှိပါတယ်။ ရန်ကုန် 

    ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာ မှာ ၂၉၅၉၀၀၀ ၊ အင်္ဂါမှာ ၂၉၄၆၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၉၄၃၀၀၀ ၊ ကြာသပတေးမှာ ၂၉၆၅၀၀၀ ၊သောကြာမှာ ၂၉၇၅၀၀၀ စျေးတန်းရှိပါတယ်။

    အရင်တစ်ပတ်က မတ်ပဲ FAQ တစ်တန်ကိုတနင်္လာနေ့ မှ သောကြာနေ့အတွင်း ၂၈၉၀၀၀၀ မှ ၂၉၆၀၀၀၀ ကျပ်ရှိခဲ့တာကြောင့် တစ်ပတ်အတွင်းမှာ တစ်တန်ကို ၁၀၀၀၀ ကျပ်လောက်စျေးထပ် တက်လာပါတယ်။

    ပဲစင်းငုံ

    ပဲစင်းငုံကတော့ အခုတစ်ပတ်မှာလည်း  စျေးတန်းထပ်ကျလာပြန်ပါတယ်။ အရင်တစ်ပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၁၀၀၀၀ ကျော်လောက် ထပ်မံ စျေးကျလာတာဖြစ်ပါတယ်။

    ပဲစင်းငုံက FOB စျေးမကျပေမယ့်  ပြည်ပအဝယ်နည်းတဲ့အခြေအနေကြောင့် စျေးကွက်ကျနေတာဖြစ်တယ်လို့သိရပါတယ်။ ရွှေစျေးနဲ့ဒေါ်လာစျေးဂယက်မှာ ဆက်တိုက်စျေးပြုတ်ကျပြီးကတည်းက ယခုအထိ စျေးပြန်တက်မလာဘဲ ဆက်တိုက်ကျနေတာဖြစ်ပါတယ်။ 

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၅၂၅၀၀၀၊ အင်္ဂါ‌နေ့မှာ ၂၅၀၀၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၅၂၅၀၀၀ ၊ ကြာသပတေး‌နေ့မှာ ၂၅၁၅၀၀၀ ၊ ​သောကြာ‌နေ့မှာ ၂၅၂၀၀၀၀ စျေးတန်းရှိပါတယ်။

    အရင်တစ်ပတ်တုန်းက တနင်္လာ‌နေ့ကနေ သောကြာနေ့မှာဆိုရင် ပဲစင်းငုံနီတစ်တန်ကို ၂၅၀၅၀၀၀ မှ ၂၅၃၇၀၀၀ ကျပ်ရှိခဲ့ ပါတယ်။

    ပြောင်း

    ပြောင်းဆံကလည်း ယခုတစ်ပတ်မှာ စျေးထပ်ပြီး ကျလာတာတွေ့ရပါတယ်။ လက်ရှိမှာက ထိုင်းကိုအခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းဆံတင်ပို့ခွင့် ကုန်ဆုံးသွားပြီဖြစ်တာကြောင့် ပြည်ပတင်ပို့မှု လျော့ကျပြီး ပြောင်းစျေးကွက်လည်းကျလာတာဖြစ်ပါတယ်။ 

    ပြောင်းဆံကို ပြည်တွင်းအစာစပ်စက်ရုံတွေနဲ့ ကုန်သည်တွေကတော့ ပြောင်းဆံအခြောက်အသန့်တွေကိုပုံမှန်ဝယ်ယူမှုရှိနေတယ်လို့သိရပါတယ်။

    မန္တလေးကုန်စည်စျေးကွက်မှာ ပြောင်း ( ရှမ်း) ကတော့ ၈၀၀၀၀ မှ ၈၁၀၀၀ ကျပ် ၊ ပြောင်း ( CP) က ၈၀၀၀၀ မှ ၈၁၀၀၀ ကျပ်သာရှိ ပါတယ်။တစ်အိတ်ကို ၁၀၀၀ ကျပ် ထပ်ကျလာတာဖြစ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာလည်း ပြောင်းတစ်ပိဿာကို ၁၅၃၀ ကျပ်မှ ၁၅၈၀ ကျပ်စျေးတန်းသာရှိပြီး ၄၀ မှ ၇၀ ကျပ်အထိကျသွားပါတယ်။

    ကြက်သွန်ဖြူ

    အတက်ကြမ်းခဲ့တဲ့ ကြက်သွန်ဖြူကတော့ အခုတစ်ပတ်မှာ စျေးတန်းပြန်ကျလာပါတယ်။ စျေးကွက်အတွင်းကို ကြူကုတ်ကြက်သွန်ဖြူဝင်ရောက်မှုပြန်ရှိလာခြင်း ၊ ရှမ်းကြက်သွန်က ရောင်းလိုအားများပြီး ဝယ်လိုအားနည်းခြင်း စတဲ့အခြေအနေတွေကြောင့် စျေးပြန်ကျလာတာဖြစ်တယ်လို့သိရပါတယ်။

    ရှမ်းကြက်သွန်တွေက အတက်ဘက်ကိုပြန်ရောက်ဖို့ အခြေအနေသိပ်မရှိတော့လို့ လှောင်သမားတွေအနေနဲ့ ယခုကာလမှာထုတ်ရောင်းသင့်တယ်လို့ကုန်သည်တွေကအကြံပြုထားပါတယ်။

    ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ကြူကုတ်တစ်ပိဿာကို ၁၆၀၀၀ ကျပ်ရှိပြီး  ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ အောင်ပန်းထူး ၂ တစ်ပိဿာကို ၃၈၀၀ ကျပ်၊အောင်ပန်းထူး ၃ က ၄၈၀၀ ကျပ်၊အောင်ပန်းထူး ၄က ၅၈၀၀ ကျပ်၊ အောင်ပန်းထူး ၅က ၆၈၀၀ ကျပ်ရှိ ပါတယ်။

    နှမ်း

    အရင်တစ်ပတ်က ကျရိပ်ပြခဲ့တဲ့ နှမ်းစမုံနက်နဲ့နှမ်းညိုက ယခုရက်ပိုင်းပြည်တွင်းနှမ်းမျိုးစုံစျေးကွက်မှာ စျေးနှုန်းပြန်တက်လာတာတွေ့ရ ပါ တယ်။နှမ်းဖြူက စျေးငြိမ်နေပါတယ်။

    ပြည်ပဝယ်လက်ကုန်သည်တွေနဲ့ သိုလှောင်မယ့်သူတွေဝယ်ယူမှုရှိတဲ့အပြင် ရွှေစျေးနဲ့ဒေါ်လာစျေးပြန်မြင့်တက်လာတာကြောင့် နှမ်းစျေးနှုန်း ပြန်လည်မြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။နှမ်းစမုံနက်ကို တရုတ်ကအဓိကဝယ်ယူတာဖြစ်ပါတယ်။တရုတ်ကဝယ်လိုအားကောင်းရင်စျေးတက်ပါတယ်။နှမ်းညိုကတော့ ဆီကြိတ်လုပ်ငန်းနဲ့ပြည်တွင်းစားသုံးမှုအပေါ်မူတည်ပါတယ်။

    မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ နှမ်းစမုံနက်စျေးနှုန်းက ၄၅ ပိဿာ တစ်အိတ်ကို ၇၁၀၀၀၀ ကျပ်မှ ၇၅၀၀၀၀ ကျပ်ရှိပြီး နှမ်းညိုက ၂၇၂၀၀၀ မှ ၂၈၅၀၀၀ကျပ်ရှိပါတယ်။ နှမ်းဖြူဗမာက ၂၇၅၀၀၀ မှ ၂၈၀၀၀၀ ကျပ်နဲ့ နှမ်းဖြူဂျပန်က ၂၉၅၀၀၀ မှ ၃၀၀၀၀၀ ကျပ်နဲ့ငြိမ်နေ ပါတယ်။

    AMIA


  • article
likes
10
comments
0
views
2864