cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

တိုင်ဖွန်းမုန်တိုင်းအကြွင်းကျန်များ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့ကို စတင်ဝင်ရောက်လာနိုင်⭕⭕

. Weather News
ဘင်္ဂလားပင်လယ်အော်၊ တောင်တရုတ်ပင်လယ်တို့တွင် ဖြစ်ပေါ်နိုင်သည့် ထူးခြားမိုးလေဝသအခြေအနေများနှင့် မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့်အခြေအနေ ကြိုတင်ခန့်မှန်းခြင်း
  • article
  • article
  • article
  • article
  • article
  • (စက်တင်ဘာ ၁၅ ရက် နေ့လည် ၁၂ နာရီ ၃၀ မိနစ် - ECMWF MODEL UPDATE)

    =====

    ဖိလစ်ပိုင်ပင်လယ်မှ စတင်ပြီး အနောက်ဘက်-တောင်တရုတ်ပင်လယ်သို့ ရွေ့လျားဝင်ရောက်လာမည့် တိုင်ဖွန်းမုန်တိုင်း

    · ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်၊ ဂူအမ်ကျွန်း၏ အနောက်မြောက်ဘက် ဖိလစ်ပိုင်ပင်လယ်မှာ စက်တင်ဘာလ ၁၉ ရက် ည မှ စတင်၍ လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်လာနိုင်ပါတယ်။

    · အဲ့ဒီလေဖိအားနည်းရပ်ဝန်းက အနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး စက်တင်ဘာလ ၂၃ ရက် ည မှာ အပူပိုင်းမုန်တိုင်း/တိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို စတင်ဖြတ်ကျော်ပြီးတော့ -

    · စက်တင်ဘာလ ၂၄ ရက် ည မှာ တိုင်ဖွန်းမုန်တိုင်းအဆင့်နဲ့ပဲ တောင်တရုတ်ပင်လယ်အတွင်းကိုရောက်ရှိလာနိုင်ပါတယ်။

    · အနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး စက်တင်ဘာလ ၂၆ ရက် ည မှာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို စတင်ဖြတ်ကျော်ဝင်ရောက်နိုင်ပါမယ်။

    · မုန်တိုင်းအကြွင်းအကျန်များက လာအိုနိုင်ငံပေါ်မှတဆင့် မြန်မာနိုင်ငံအရှေ့ဘက်ဒေသတွေကို ဆက်လက်ရွေ့လျားဝင်ရောက်လာနိုင်မှာဖြစ်ကြောင်း ဒီနေ့ စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းမှာ ရရှိတဲ့ ECMWF MODEL ရဲ့ ကနဦးကြိုတင်ခန့်မှန်းလမ်းကြောင်းမှာတွေ့ရပါတယ်။

    မြန်မာနိုင်ငံဘက်တွင် မုန်တိုင်းအကြွင်းအကျန်သက်ရောက်နိုင်မည့် အခြေအနေ ကြိုတင်ခန့်မှန်းချက်

    လက်ရှိအချိန်အထိ ရရှိပြီး ကြိုတင်ခန့်မှန်းချက်များအရ -

    စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်း ဗီယက်နမ်နိုင်ငံမြောက်ဘက်ကမ်းခြေမှတဆင့် ကုန်းတွင်းကိုဝင်ရောက်လာတဲ့ တိုင်ဖွန်းမုန်တိုင်းအဆင့်မှအားပျော့သွားပြီး ကုန်းတွင်းမုန်တိုင်း၊ လေဖိအားနည်းရပ်ဝန်း၊ ကုန်းတွင်းလေပွေလှိုင်းအဆင့်များအဖြစ် အနောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပါတယ်။

    တိုင်ဖွန်းမုန်တိုင်းအကြွင်းကျန်များက မြန်မာနိုင်ငံအရှေ့ပိုင်း(ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့ကို စတင်ဝင်ရောက်လာနိုင်မှာဖြစ်ကြောင်း ခန့်မှန်းထားပါတယ်။

    ယခုတင်ပေးတဲ့ ခန့်မှန်းချက်များသည် ကနဦးကြိုတင်ခန့်မှန်းချက်များ(Long range forecast)ဖြစ်တာကြောင့် စက်တင်ဘာလ ၁၉ ရက်ည၊ ဖိလစ်ပိုင်ပင်လယ်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီးတဲ့အခါ ပြောင်းလဲနိုင်မည့် ကြိုတင်ခန့်မှန်းချက်များကို ဆက်လက်စောင့်ကြည့်ပြီး တင်ပေးသွားပါဦးမယ်။

    REFERENCE POST: https://disasterinfo.mmweather.org/01k55zn0nznzvmbdpn5pdg...

    Source: Win Naing

    Administration Team,

    MMWEATHER,

    -------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


likes
10
comments
0
views
4595