ခရမ်းချဥ်ပင် ဘာကြောင့်ညှိုးရပါသလဲ
- ရေမြေဒေသ၊ ရာသီဥတု ၊ ပတ်ဝန်းကျင်အပေါ်မူတည်ပြီး ခရမ်းချဉ်အပင်ညှိုးရခြင်းအကြောင်းတရား များစွာရှိပါသည်။ များစွာသော အကြောင်းရင်းတွေထဲမှ ခရမ်းချဉ်စိုက်တောင်သူများတွေ့ရတတ်သော/ တွေ့နိုင်သော အကြောင်းအရာများမှာ - - ရေ၊ အစိုဓါတ် လိုအပ်သောကြောင့် အပင်ညှိုးခြင်း
- သွင်းရေ/ မိုး များခြင်း၊ ရေဝပ်ခြင်း
- ရွှေ့ပြောင်းစိုက်ချိန်ကာလ ညှိုးခြင်း
- အပူချိန်နိမ့်လွန်း/မြင့်လွန်းခြင်းကြောင့် အပင်ညှိုးရခြင်း
- မှို(သို့)ဘက်တီးရီးယားရောဂါ တမျိုးမျိုးကြောင့် အပင်ညှိုးခြင်း စသည်ဖြင့် အကြာင်းအရာ အမျိုးမျိုးရှိပါသည်။
 - ပတ်ဝန်းကျင် ၊ ရာသီဉတု အခြေအနေကြောင့် ဖြစ်ပေါ်သော အပင်များသည် ယာယီ ညှိုးသော ကြောင့်ရေသွင်း ၊ ရေထုတ် အား ဂရုစိုက်လုပ်ဆောင်ပါက ရက်အနည်းငယ် အတွင်း ခရမ်းချဉ် ပင်များ ပြန်လည် စိမ်းလန်းလာမည်ဖြစ်သော်လည်း မှို (သို့) ဘက်တီးရီးယား ကြောင့်ဖြစ်သော အပင်ညှိုးခြင်းအတွက် မှိုသတ်ဆေး (သို့) ကော့ပါးပါသော ဓါတုဆေးများကို အသုံးပြုနိုင်သော်လည်း မြေဆောင်ရောဂါများ ဖြစ်သည့် အတွက် ဓါတုဆေးချည်း အားကိုးလို့ မရနိုင်ပါ။ မြေချဉ်ငန်ပြုပြင်ခြင်း၊ ထရိုင်ကိုဒါးမား အသုံးပြုခြင်း၊ သီးနှံပြောင်းလဲ စိုက်ပျိုးခြင်း ၊ရောဂါဒဏ် ခံနိုင်တဲ့ မျိုးအား စိုက်ပျိုးခြင်းတွေ ပြုလုပ်ရပါတယ်။ ရောဂါကြောင့်ဖြစ်သော အပင်ညှိုးခြင်းအား အလွယ်တကူ ခွဲခြားနိုင်ရန် ဖော်ပြအပ်ပါသည်။ - မှိုကြောင့်ဖြစ်သော ခရမ်းချဉ်ဖြူစေရီယမ်ပင်ညှိုးရောဂါသည်ပျိုးပင်အဆင့်တွင် အပင်ပုလာ ခြင်း၊ အရွက်အောက်သို့ကုတ်ကျခြင်း၊ ပင်စည်အတွင်းသားများညိုမည်းခြင်း၊ ပင်ခြေတုတ်ခြင်း၊ အပင်ညှိုးသေခြင်း ထိဖြစ်ပေါ်စေသည်။ အပင်ကြီး ထွားချိန်နှင့် ပန်းပွင့်ချိန်တွင် ရောဂါလက္ခဏာ ထင်ရှားပါသည်။ ပထမ အရွက်များတစ်ခြမ်းဝါခြင်း၊ အပင်၏တစ်ပိုင်း ဝါခြင်း နောက်တစ်ပင်လုံးဝါခြင်း ၊ သေခြင်းများဖြစ်လာပါသည်။ - ခရမ်းချဉ်ဘက်တီးရီးယားပင်ညှိုးရောဂါမှာ အရွက်နုမှ စတင်ညှိုးပြီး တစ်ပင်လုံးညှိုးလာပါသည်။ နှစ်ရက် သုံးရက်အတွင်း တစ်ပင်လုံး အစိမ်းရောင်အတိုင်းညှိုးသေသွားပါသည်။ တစ်ပင်လုံးညှိုးလာ သောအခါပင်စည်ခေါက်ထိ အညိုရောင် ဖြစ်လာပြီး ပင်စည်ကို ဖြတ်၍ ရေဖန်ခွက် အကြည်ထဲ ထည့်ကာ နေရောင်တွင် ထောင်ကြည့်ပါက ပင်စည်မှ အဖြူရောင်အနှစ်များ ကျလာသည်ကို တွေ့နိုင် ပါသည်။ ထိုကဲ့သို့ ရောဂါရပင်ကြွင်း ပင်ကျန်များအား နှုတ်ယူ၍ မီးရှို့ ဖျက်စီးခြင်း၊ သီးလှည့် စိုက်ပျိုးခြင်း၊ ရေမဝပ်အောင်ဆောင်ရွက်ခြင်းဖြင့် ဦးကြီးတို့၏ ခရမ်းချဉ်ပင်များ ရောဂါကင်းဝေးပြီး အထွက်နှုန်းများ တိုးကြပါစေ။ - ထွက်တိုး - ✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
