cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပြည်နယ်နှင့်တိုင်းအလိုက် မိုးလေဝသခန့်မှန်းချက်

. Weather News
ဧရာဝတီ မြစ်အထက်ပိုင်းမှာ မိုးအား အသင့်တင့် ရှိနေပါတယ်။ ရံဖန်ရံခါ ဧရာဝတီ မြစ်ဆုံ အထက်ပိုင်းမှာ နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင့် မြစ်ကြီးနား မြစ်ရေကျဆင်းနေရာမှ ပြန်တက်လာခြင်း အကြိမ်ကြိမ် ဖြစ်ပေါ်နေပါအုံးမယ်။
  • ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် မှ စက်တင်ဘာလ ၂၃ ရက် နေ့အထိ ၇ ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့်  

    ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်များအတွက် တစ်ပတ်တာပျမ်းမျှ မိုးရေချိန် ၄.၅ လက်မ ဝန်းကျင် ရရှိနိုင်ပါသည်။ စက်တင်ဘာ ၁၇၊ ၁၈၊ ၁၉ ရက်တို့တွင် ပျမ်းမျှ မိုးရေချိန် ၀.၅ လက်မဝန်းကျင် ရရှိနိုင်ပါသည်။ ၂၀၊ ၂၁၊ ၂၂ ရက်နေ့တို့တွင် ၀.၈ လက်မဝန်းကျင်နှင့် ၂၃ ရက်နေ့တွင် ၀.၉ လက်မအထိ မိုးရွာသွန်းနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။     

    မန္တလေးမြို့အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် တစ်ပတ်တာ မိုးရေချိန် ၂.၄ လက်မ ဝန်းကျင် ရရှိနိုင်ပါသည်။ စက်တင်ဘာ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ ပျမ်းမျှ နေ့စဉ်မိုးရေချိန် ၀.၄ လက်မ အောက်သာ ရရှိနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၂၉°C နှင့် အနိမ့်ဆုံးအပူချိန် ၂၂°C ရှိနိုင်ပါတယ် ခင်ဗျာ။              

     နေပြည်တော်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် တစ်ပတ်တာ မိုးရေချိန် ၂.၉ လက်မ ဝန်းကျင် ရရှိနိုင်ပါသည်။ စက်တင်ဘာ ၁၇၊ ၁၈၊ ၂၀ ရက်တို့တွင် ပျမ်းမျှ မိုးရေချိန် ၀.၄ လက်မအောက် ရရှိနိုင်ပါသည်။ ၁၉၊ ၂၁၊ ၂၂၊ ၂၃ ရက်နေ့တို့တွင် ၀.၄ - ၀.၅ လက်မဝန်းကျင် ရရှိနိုင်ပြီး မိုးရွာနိုင်ချေမှာ အနည်းငယ်မှ အသင့်အတင့်သာ ရှိနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၂၂°C ရှိနိုင်ပါတယ် ခင်ဗျာ။     

     မကွေးတိုင်း၊ မင်းဘူးမြို့အတွက် တစ်ပတ်တာ မိုးရေချိန် ၂.၂ လက်မ ဝန်းကျင် ရရှိနိုင်ပါသည်။ စက်တင်ဘာ ၁၇၊ ၁၈၊ ၁၉ ရက်တို့တွင် ပျမ်းမျှ မိုးရေချိန် ၀.၂ လက်မဝန်းကျင်သာ ရရှိနိုင်ပါသည်။ ၂၀၊ ၂၁ ရက်နေ့တို့တွင် ၀.၄ လက်မအောက် ရရှိနိုင်ပြီး ၂၂၊ ၂၃ ရက်တို့တွင် ပျမ်းမျှမိုးရေချိန် ၀.၄ လက်မအထက်တွင် ရရှိနိုင်ပါသည်။ မိုးရွာနိုင်ချေမှာ အနည်းငယ်မှ အသင့်အတင့်သာ ရှိနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၃°C ရှိနိုင်ပါတယ် ခင်ဗျာ။     

     ပဲခူးတိုင်း၊ ပဲခူးမြို့အတွက် တစ်ပတ်တာ မိုးရေချိန် ၄.၆ လက်မ ဝန်းကျင် ရရှိနိုင်ပါသည်။ စက်တင်ဘာ ၁၇ ရက်နေ့တွင် ၀.၃ လက်မဝန်းကျင်သာ ရရှိနိုင်ပြီး ၁၈၊ ၁၉၊ ၂၀ ရက်တို့တွင် ပျမ်းမျှ မိုးရေချိန် ၀.၆ လက်မဝန်းကျင်အထိ ရရှိနိုင်ပါသည်။ ၂၁၊ ၂၂၊ ၂၃ ရက်နေ့တို့တွင် ၀.၈ မှ ၁ လက်မဝန်းကျင်အထိ မိုးရွာသွန်းနိုင်ပါသည်။ တနင်္ဂနွေနေ့မှစပြီး မိုးအနည်းငယ်ပိုလာနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၂၃°C ရှိနိုင်ပါတယ် ခင်ဗျာ။     

     ဧရာဝတီတိုင်း၊ ပုသိမ်မြို့အတွက် တစ်ပတ်တာ ပျမ်းမျှမိုးရေချိန် ၄.၆ လက်မ ဝန်းကျင် ရရှိနိုင်ပါသည်။ စက်တင်ဘာ ၁၇ ရက်နေ့တွင် ၀.၅ လက်မဝန်းကျင်သာ ရရှိနိုင်ပြီး ၁၈၊ ၁၉၊ ၂၀ ရက်တို့တွင် နေ့စဉ် မိုးရေချိန် ၀.၆ လက်မဝန်းကျင်အထိ ရရှိနိုင်ပါသည်။ ၂၁ ရက်နေ့တွင် ၀.၇ လက်မ ရရှိနိုင်ပြီး ၂၂၊ ၂၃ ရက်နေ့တို့တွင် ၀.၈ လက်မ ဝန်းကျင်အထိ မိုးရွာသွန်းနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။      

    ၁၇.၉.၂၅ ရက်နေ့ နံနက် ( 06:30) အချိန် တိုင်းတာချက် မြစ်ရေအခြေအနေ

    •          #ဧရာဝတီ မြစ်အထက်ပိုင်းမှာ မိုးအား အသင့်တင့် ရှိနေပါတယ်။ ရံဖန်ရံခါ ဧရာဝတီ မြစ်ဆုံ အထက်ပိုင်းမှာ နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင့် မြစ်ကြီးနား မြစ်ရေကျဆင်းနေရာမှ ပြန်တက်လာခြင်း အကြိမ်ကြိမ် ဖြစ်ပေါ်နေပါအုံးမယ်။

    •          ‎#စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ် တစ်ခုလုံး၊မြန်မာပြည် မြောက်ပိုင်း စွန်းဒေသ များနှင့်ဧရာဝတီ မြစ်အထက်ပိုင်း မေခမြစ်နှင့်မလိခ မြစ်ဝှမ်း ဒေသများမှာ မိုးတိမ်တောင် ဖြစ်ထွန်းမှုအား အသင့်တင့် ရှိနေ ပါတယ်။

    •          ‎#ဗန်းမော်မြစ်ရေ

    •          ‎ဖြေးဖြေးချင်းဆက်လက် ကျဆင်းနေပါမယ်

    •          ‎ယနေ့ ညနေပိုင်း နှင့် ညပိုင်း တို့တွင် ပြန်လည်‎မြင့်တက်နိုင်ပါတယ်

    ကိုးကား။ Weather Impact ၊ မြစ်ရေသတင်း - Naing Lin Htwe  

    မိုးစပါးစိုက်တောင်သူများထံသို့....

    •          ရိတ်သိမ်းချိန်တွင် သတိပြုရမည့်အချက်များကိုအကြံပြုဆွေးနွေးပေးလိုက်ပါတယ်။

    •          စပါးရိတ်သိမ်းချိန်တွင် မိုးရွာနိုင်ချေ ရှိ၊မရှိသေချာစစ်ဆေးပါ။

    •          အနှံစေ့များအစိုဓာတ် ၂၀-၂၅ ရာခိုင်နှုန်းရှိချိန် (သို့မဟုတ်) အနှံအစေ့ပမာဏ ၈၀-၈၅ ရာခိုင်နှုန်းကောက်ရိုးရောင်ပြောင်းချိန်နှင့် အနှံအောက်ပိုင်းရှိ အစေ့များမာချိန်တွင် ရိတ်သိမ်းပါ။

    •          ဆန်ကွဲများစွာမရစေရန် အစေ့ခြွေခြင်းနှင့် အခြောက်ခံခြင်းတို့ကို စပါးရိတ်သိမ်းပြီးပြီးချင်း တစ်ပြိုင်တည်းဆောင်ရွက်ပါ။

    •          အခြောက်ခံရာတွင် အစိုဓာတ် ၁၄ ရာခိုင်နှုန်းထိရောက်အောင် အခြောက်ခံပါ။

    •          အခြောက်ခံရတာတွင် လေ၏အပူချိန်သည် ( ၄၃ ဒီဂရီစင်တီဂရိတ်) ထက်မပိုပါစေနဲ့။

    •          စပါးကိုလွန်ကဲစွာအခြောက်ခံမိပါက အစိုပြန်ခြင်းများဖြစ်ပေါ်နိုင်ပြီး တစ်ဆက်တည်းမှာပဲ ဆန်သားတွင် အက်ကြောင်းထင်ခြင်း၊ အကျိုးအကြေများခြင်းများဖြစ်နိုင်ပါတယ်။

    ပရိုတိန်းများသော ငါး၊ ပုစွန်၊ ဂဏန်းစာဖော်စပ်ခြင်း

    •          ပုစွန်၊ ဂဏန်း တို့သည် အသားဓာတ်များစွာပါသော အစာကို ကြိုက်နှစ်သက်ကြပါသည်။ အစာကို လက်ညှပ်ဖြင့် ဖဲ့ယူစားသောက်တတ်သဖြင့် ဖြည့်စွက်စာကျွေးရာတွင် အစာသည် မမာလွန်းသော မပျော့လွန်းသော အစာဖြစ်ရပါမည်။ (တနည်းအားဖြင့်) အဆိုပါအစာသည် ရေတွင် အနည်းဆုံးမိနစ်(၃၀) ခန့်မပျော်နိုင်သော အစာဖြစ်ရပါမည်။

    •          ယခုချိန်တွင် အစာကုန်ကြမ်းဈေးများသည် ကြီးမြင့်နေသဖြင့် အစာတောင့်ဈေးသည် ကြီးမားနေပါသည်။ ထို့ကြောင့်ထုတ်လုပ်မှု့စရိတ်ကြီးမားပြီး ၊ ထုတ်ကုန်ဈေးသည်လည်း မတည်ညိမ်သဖြင့် ထုတ်လုပ်မှုစရိတ်သက်သာစေရန် ဖော်စပ်အစာကို အသုံးပြုသင့်ပါသည်။ ယင်မဲသားလောင်းသည် ပရိုတိန်း၄၀ ရာခိုင်နှုန်းကျော်ပါဝင်သဖြင့် ယင်မဲသားလောင်းဖြင့် စပ်စာကို အသုံးပြုနိုင်ရန် အောက်ပါအတိုင်း အကြံပြုအပ်ပါသည်။

    •          ကုန်ကြမ်းအဖြစ် (၁)ယင်မဲသားလောင်း (၂) ငါးမှုန့်/ငါးအသား (၃) ဖွဲနု (၄)ဆန်ကွဲတို့ကို အသုံးပြုရပါမည်။ အဆိုပါစပ်စာတွင် ပရိုတိန်း (၃၅)ရာခိုင်နှုန်း ပါဝင်စေရန် အောက်ပါအတိုင်း ဆောင်ရွက်ပါ။ ဖော်စပ်စာတွင် ယင်မဲသားလောင်း နှင့် ငါးမှုန်ကို (၃း၁) အားဖြင့်လည်းကောင်း၊ ဖွဲနုနှင့် ဆန်မှုန့်ကို (၄း၁)ဖြင့်လည်းကောင်း အသုံးပြုရပါမည်။

    ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။

    ------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


likes
1
comments
0
views
2389