cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

အားကောင်းသော တိုင်ဖွန်းမုန်တိုင်း ဖြစ်လာနိုင်⭕⭕

. Weather News
မြန်မာနိုင်ငံကို တိုက်ရိုက်ဝင်တဲ့မုန်တိုင်းမဟုတ်ပေမဲ့ အဲ့ဒီ ၂ ခုရဲ့ အရှိန်သက်ရောက်မှုတွေကြောင့် ရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်တွေက များပါတယ်။ ရန်ကုန်မှာပူအိုက်နေကြတဲ့သူတွေအတွက်လဲ မိုးများနိုင်တာ၊ ရေကြီးနိုင်တာရှိနေတော့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ အထူးသတိထားကြရမှာပါ။
  • ယခုအချိန်မှာ - ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာ၊ အရှေ့ဖိလစ်ပိုင်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ INVEST-90W က တောင်တရုတ်ပင်လယ်ထဲရောက်လာပြီးတဲ့အခါ အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းကြီးဖြစ်လာနိုင်ကြောင်း ကနဦးကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။

    #အခုကြိုတင်ခန့်မှန်းချက်တွေအရ ECMWF model ကလမ်းကြောင်းတွက်ချက်ထုတ်ပေးထားပြီး အားကောင်းတဲ့ CATEGORY-3 တိုင်ဖွန်းမုန်တိုင်း ဖြစ်လာနိုင်ကြောင်းခန့်မှန်းထားတာတွေ့ရပြီး၊

    #ICON MODEL ရဲ့ ကြိုတင်ခန့်မှန်းချက် - ရေပြင်ညီအမြင့်လေတိုက်နှုန်း၊ ပေ ၅၀၀၀ အမြင့်က လေတိုက်နှုန်းနဲ့ ဗဟိုဖိအားခန့်မှန်းချက်တွေအရ CATEGORY-4 အားအလွန်ကောင်းသောတိုင်ဖွန်းမုန်တိုင်းအထိဖြစ်လာနိုင်ကြောင်းတွေ့ရပါတယ်။

    #သဘာဝဘေးအန္တရာယ်များထဲမှာ မုန်တိုင်းကြီးများအန္တရာယ်ကို လေ့လာဆန်းစစစ်တဲ့အခါ မုန်တိုင်းလေတိုက်နှုန်း၊ မုန်တိုင်းလမ်ကြောင်းနဲ့ မုန်တိုင်းအရွယ်အစားတွေက အဓိကစောင့်ကြည့်ရမည့်အချက်တွေဖြစ်ကြောင်းရှင်းပြခဲ့ပြီးပါပြီ။ မုန်တိုင်းကြီးရင် ကြီးသလို မုန်တိုင်းအကြွင်းအကျန်နဲ့ မုန်တိုင်းအရှိန်သက်ရောက်မှု ဆိုတာတွေကလဲ များနိုင်ပါမယ်။

    မနက်ဖန် စက်တင်ဘာ ၂၀ ရက် နေ့ည ၈ နာရီမှာ သိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်းတခု အရင်ဖြစ်လာပြီးတဲ့အခါ ECMWF, ICON, GEFS, GEPS HWRF model တွေက ကြိုတင်ခန့်မှန်းချက်တွေဘယ်လိုဖြစ်လာနိုင်မလဲဆိုတာကို စောင့်ကြည့်ရပါမယ်။

    https://disasterinfo.mmweather.org/divisionTownPage

    https://www.mmweather.org/divisional-cities-weather

    (စက်တင်ဘာလ ၁၈ ရက် နေ့လည် ၁၂ နာရီ)

    #စက်တင်ဘာလ ၂၆ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်လာနိုင်တာရယ်၊

    အရှေ့ဘက် ဗီယက်နမ်နဲ့လာအိုတို့ကတဆင့် ရွေ့လျားဝင်ရောက်လာနိုင်တဲ့ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်တွေရယ်၊

    #မြန်မာနိုင်ငံကို တိုက်ရိုက်ဝင်တဲ့မုန်တိုင်းမဟုတ်ပေမဲ့ အဲ့ဒီ ၂ ခုရဲ့ အရှိန်သက်ရောက်မှုတွေကြောင့် ရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်တွေက များပါတယ်။

    #ရန်ကုန်မှာပူအိုက်နေကြတဲ့သူတွေအတွက်လဲမိုးများနိုင်တာ၊ ရေကြီးနိုင်တာရှိနေတော့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ အထူးသတိထားကြရမှာပါ။

    နောက်မည့် ၉ ရက်ကို ရက်ဝေးကြိုတင်ခန့်မှန်းထားတာကြောင့် အပြောင်းအလဲတွေရှိနိုင်ပါဦးမယ်။

    ကျနော်တို့က သတိကြီးကြီးထားပြီး စောင့်ကြည့်ကြရမှာပါဘဲ။ ရက်နီးတဲ့အခါ ထပ်ပြီး တင်ပေးပါဦးမယ်ဗျာ။

    စက်တင်ဘာလ ၁၈ ရက် နံနက် ၀၀:၃၀ နာရီ

    Weather Source: U Win Naing

    -----

    မိုးလေဝသ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။


  • article
  • article
  • article
  • article
  • article
likes
12
comments
0
views
5270