cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

စပါးခင်းများ ရွှေခရုကြောင့် ဧက နှစ်သောင်းခွဲကျော် ပျက်စီး🌾🌾

. All News
“မိုးဦးကျ အချိန်တုန်းက စိုက်ခဲ့တဲ့လယ်တွေ မှာ ရွှေခရု ဖျက်လို့ ခုမှ ပြန်စိုက်ရတဲ့ လယ်တွေရော ရေကျနောက် စိုက်တဲ့လယ်တွေရော ရွှေခရုအကိုက်ခံရတယ် အချို့ဆို ရွှေခရုတွေ ကိုက်ဖျက်လို့ လယ်ပြန်စိုက်ရတာနှစ်ကြိမ်အနည်းဆုံး ရှိတယ်လို့ ....
  • ဧရာဝတီတိုင်းအတွင်း မှာ ရေကျနောက် စိုက်ပျိုးတဲ့ ဒေသက စပါးပင်တွေကို သီးနှံဖျက် ရွှေခရုတွေ ကိုက်ဖျက်တာကြောင့် စိုက်ပျိုးပြီး ဧကတွေ အနက် ဧက နှစ်သောင်းခွဲ ကျော် ပျက်စီးခဲ့ရပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာ ပထမပါတ်အတွင်းမြောင်းမြ ၊အိမ်မဲ၊ ဝါးခယ်မ ၊ ညောင်တုန်း၊ ပန်းတနော် ၊မအူပင်၊ လေးမျက်နှာ ၊ ကန်ကြီးထောင့်၊ မော်လမြိုင်ကျွန်း နဲ့ ဘိုကလေး မြို့ နယ်အတွင်းရေကျနောက် စိုက်တဲ့လယ်ယာတွေမှာ သီးနှံဖျက် ရွှေခရု တွေ ကျရောက်ခဲ့တာလို့ တိုင်း စိုက်ပျိုးရေးဌာန သတင်း ရင်းမြစ်ကဆိုပါတယ်။

    “မိုးဦးကျ အချိန်တုန်းက စိုက်ခဲ့တဲ့လယ်တွေ မှာ ရွှေခရု ဖျက်လို့ ခုမှ ပြန်စိုက်ရတဲ့ လယ်တွေရော ရေကျနောက် စိုက်တဲ့လယ်တွေရော ရွှေခရုအကိုက်ခံရတယ် အချို့ဆို ရွှေခရုတွေ ကိုက်ဖျက်လို့ လယ်ပြန်စိုက်ရတာနှစ်ကြိမ်အနည်းဆုံး ရှိတယ်လို့ “ စိုက်ပျိုးရေးဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က DNA ကိုပြောပါတယ်။

    စိုက်ပျိုးပြီးတဲ့ဧကစုစုပေါင်းကိုတော့DNAအနေနဲ့ မသိရှိရသေးဘဲစုံစမ်းနေဆဲပါ။

    သီးနှံဖျက် ရွှေခရုတွေဟာ စိုက်ပျိုးပြီး ၇ ရက်ကနေ ၁၄ ရက် အတွင်းရှိ သက်တန်းနု စပါးပငတွေကို ကိုက်ဖြတ် စားသောက်တတ်ကြပြီး၊ရွှေခရုတွေရဲ့ဖျက်စီးမှုဟာ အလွန်မြန်တာကြောင့် ကျရောက်လာတဲ့ အကောင်အရေအတွက်ပေါ် မူတည်ပြီး လယ်ဆယ်ဧက ဝန်းကျင်ကို ညတွင်းချင်း ကိုက်ဖြတ် ဖျက်ဆီးနိုင်ပါတယ်။

    သီးနှံဖျက် ခရုံတွေ မကျရောက်ဖို့ ကြိုကာကွယ်တဲ့နည်းလမ်းတွေကို စိုက်ပျိုးရေးဌာနက တောင်သူတွေထံ အသိပညာ ပေးတာတွေ ရှိခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြိးနောက် တောင်သူတွေ အနေနဲ့ လိုက်ပါဆောင်ရွက်နိုင်မှုတွေ အားနည်းလာတယ်လို့ စိုက်ပျိုး ရေးဌာန မန်နေဂျာ တဦးက သုံးသပ် ပြောဆိုပါတယ်။

    “စိုက်ပျိုးရေးဌာနရဲ့ အသိပညာပေးတာတွေကအမျိုးမျိုးရှိတယ် အားလုံးကောင်းပါတယ်၊ ဒါပေမယ့် လူအားနဲ့ ခရုတွေ ကောက် တာ အပါအဝင် ဆေးချထုံးပက်တာအဆုံး အားလုံး က ငွေကြေး နဲ့ရင်းရတာဆိုတော့ အကျိုးအမြတ်က မကျန်တော့ အဆင်ပြေသလို လုပ်ကြရတယ်”လို့ သာပေါင်းမြို့နယ် ကတောင်သူတဦး ကပြောပါတယ်။

    မိုးစပါး နဲ့ ရေကျနောက်စပါးက တဧကတင်း ၅၀ ဝန်းကျင် ထွက်ကြပေမယ့် ဆေးသုံးရတဲ့အပြင် သွင်းအားစု ကုန်ကျစရိတ်ကနည်းတာကြောင့် စပါးဈေးကောင်းတဲ့အချိန်က မိုးစပါး စိုက်တာအဆင်ပြေပေမယ့် ခုအချိန်က စပါးဈေးက ထိုး ကျနေတာလို့မိုးစပါးစိုက် တောင်သူတွေ အဆင် မပြေကြတာပါ။

    အလွန်အမင်း ထိုးကျနေတဲ့ ဆန်စပါး အကြမ်းဈေး နဲ့ အဆမတန် မြင့်တက်နေတဲ့ ပိုးသတ် ဈေး ပေါ့င်းသတ်ဆေး၊ အထွက်တိုးဆေး နဲ့ လုပ်သားခ ၊ စက်ငှားခ၊ စက်သုံးဆီ စတဲ့ အထွေထွေသွင်းအားစု စျေးနှုန်းတွေကြောင့် တောင်သူတွေ စပါးပျိုးမှုလျော့ကျလာပြီး စပါးထွက်နှုန်းလည်း လျော့ကျလာနိုင်ပါတယ်။

    မိုးစပါးစိုက်ပျိုးတာနဲ့ ရေကျနောက် စပါး စိုက်ပျိုးရာမှာ စပါးထွက်နှုန်းရဲ့ ရရှိငွေက စိုက်ပျိုးစရိတ် ကုန်ကျမှုကို မကာမိတာကြောင့် ဧရာဝတီတိုင်းက တောင်သူအများစုဟာ ထွက်နှုန်းကောင်းပြီး သီးနှံဖျက်ပိုး ကျရောက်မှုနည်းတဲ့ ဆောင်းသီးနှံ နဲ့ နွေစပါးစိုက်ဖို့ကို အာရုံစိုက်နေကြပေမယ် တက်ရိပ်မပြသေးတဲ့ ဆန်ကြမ်းစပါးဈေးကြောင့် နွေစပါးစိုက် ဖို့ စိုးရိမ်နေတဲ့ တောင်သူတွေလည်း ရှိနေပါတယ်။

    ၁၈၊ စက်တင်ဘာ။

    Source to: Delta News Agency

    -----

    မိုးလေဝသ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။


  • article
likes
7
comments
0
views
2089