cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဒူးရင်းစိုက်ပျိုးသူများ သတိထားရမည့် ဒူးရင်းပင်စည်ထိုးပိုး

. Pests Management
ဒူးရင်းသီးစိုက်ပျိုးကြသောတောင်သူအများစုကြောက်ကြသည့် ဒူးရင်းပင်စည်ထိုးပိုးအကြောင်း လေ့လာကြည့်ရအောင် .......
  • ဒူးရင်းပင်စည်ထိုးပိုး ဆိုသည်မှာ Batocera rufomaculata ဟုခေါ်သော နှာတံရှည်ကျိုင်းကောင် တစ်မျိုးဖြစ်ပါသည်။ နှာတံရှည်ကျိုင်းကောင်အမျိုးအစား ရာနှင့်ချီရှိသည့်အနက် ဒူးရင်ပင်ကို အဓိက ဖျက်ဆီးစားသောက်တဲ့ နှာတံရှည်ကျိုင်းကောင်မှာ ၃-၄ စင်တီမီတာရှိပြီး မီးခိုးရောင်ကျောပေါ်တွင် လိမ္မော်ရောင်အစက် ၄ စက်နှင့် ဂုတ်ပေါ်တွင် ကျောက်ကပ်ပုံသဏ္ဍန် လိမ္မော်ရောင်အစက် ၂ စက် ပါရှိပါသည်။ အကောင်ကြီးအဆင့်တွင် ပင်စည်ကိုဖျက်ဆီးခြင်း မရှိနိုင်သော်လည်း အရွယ်ရောက် အမ အကောင်ကြီးမှ ဒူးရင်းပင်စည်အေခါက်ကို ဦးစွာ လှိုင်ခေါင်းသဖွယ်ဖောက်၍ သစ်ခေါက်အောက်တွင် ဥအုခဲ့ပါသည်။ ဥအုရာတွင် အကောင်ကြီး ၁ ကောင်လျှင် ဥ ၂၅၀ အထိ ဥအုနိုင်ကြသည့်အတွက် အကောင်ကြီးများတွေ့ရှိသည်နှင့် တပြိုင်နက် ကြိုတင်ကာကွယ်ပေးပါ။ ထို့နောက် ဥမှ ပေါက်ဖွားလာသော သားလောင်း ပိုးလောက်ကောင်သည် သစ်ခေါက်များကို စားသောက်ကာ ဒူးရင်ပင်၏ အစာကြောများထိခိုက်စေသည်အထိ ဖျက်ဆီး စားသောက် တတ်ကြပါသည်။ ပင်စည်အတွင်းလှည့်လည်စားသောက်ကာ ၎င်း၏ပိုးရုပ်ဖုံးကို ဒူးရင်း ပင်စည် အတွင်းပိုင်းတွင် ပြုလုပ်လေ့ရှိတတ်ကြပါသည်။ ဥအဆင့်တွင် ၇-၁၃ ရက်၊ ပိုးလောက်ကောင်အဆင့် မှာ ၁၇၀-၂၀၀ ရက်၊ ပိုးရုပ်ဖုံးအဆင့်မှာ ၂၀-၃၀ ရက် နှင့် အကောင်ကြီးအဆင့်မှာ ၆၀-၁၀၀ ရက်အထိ ကြာအောင် ရှင်သန်နေထိုင်သည့်အတွက် အထူးသတိပြုကာကွယ်သင့်သည့် ပိုးတစ်မျိုးဖြစ်ပါသည်။  

    စားသောက်ဖျက်ဆီးထားသည့် လက္ခဏာများမှာ ပင်စည်အပြင်ပိုင်းတွင် အနည်းငယ်ဖုနေပြီး သစ်ခေါက်အနည်းငယ်ခွာကြည့်ပါက ပိုးချေးနှင့် သစ်မွစာများကို တွေ့ရှိရမည်ဖြစ်ပါသည်။ စားသောက်ဖျက်ဆီးရာ လမ်းကြောင်းကို တွေ့ရှိသည်နှင့် လမ်းကြောင်းတစ်လျှောက် လိုက်လံခွာကြည့်ကာ ပိုးလောက်ကောင်အားဖယ်ရှားခြင်း၊ ဆေးထိုးအပ်ဖြင့် ပိုးသတ်ဆေးများထိုးသွင်းခြင်းများ လုပ်ဆောင်ပေးရန်လိုအပ်ပါသည်။ ဖျက်ဆီးခံထားရသော ဒူးရင်းပင်မှာ ကိုင်းဖျားများစတင်ခြောက်လာပြီး နောက်ပိုင်းတွင် တစ်ပင်လုံးခြောက်ကာ သေသွားတတ်ကြပါသည်။  

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ -  

    • ပိုးကျဖျက်ဆီးထားသော အပင်သေများရှိပါက ခြံနှင့်ဝေးရာသို့ ဖယ်ရှားဖျက်ဆီးပေးပါ။ 
    • အကောင်ကြီး ကျိုင်းကောင်များအား မီးထောင်ခြောက်ဖြင့် ဖမ်းဆီးကာကွယ်ပါ။ 
    • ပိုးဖောက်ရာလမ်းကြောင်းတွေ့ရှိသည်နှင့် အရွယ်ရောက်ကျိုင်းကောင်များ၏ဥအုခြင်းကို ကြိုတင် ကာကွယ်ရန် လျော့တိလျော့ရဲဖြစ်နေသော သစ်ခေါက်များကို ခြစ်ထုတ်ကာ ပိုးလောက်ကောင်အားဖယ်ရှားပါ၊ လမ်းကြောင်းအတွင်းသို့ ဒိုင်မီသိုရိတ်၊ ကာဗာရိုင် စသော ပိုးသတ်ဆေးများကို ရေနဲ့ရော၍ ထိုးသွင်းပေးပါ။ 
    • ကျရောက်ဖျက်ဆီးမှုဆိုးဝါးပါက ကော့ပ်ဆိုက် (Copper oxychloride) ကို ရေဖြင့် ခပ်ပျစ်ပျစ်ဖျော်၍ ပင်စည်ပေါ်သို့ သုတ်လိမ်းပေးပြီးကြိုတင်ကာကွယ်ပေးပါ။ 

    --------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
4
comments
2
views
2404