cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ကျွဲကောသီးများ စျေးကွက်မဝင်တော့အောင် ဖျက်ဆီးတတ်တဲ့ သီးထိုးယင်

. Pests Management
ရင့်မှည့်ခါနီးကျွဲကောသီးများတွင် ကျရောက်ပါက ပိုးကိုက်ရာ နေရာတွင် အညိုရောင် အစက်အပျောက်ကို စတင်တွေ့ရှိရပြီး ဆက်လက်ရင့်မှည့်ခြင်းမရှိတော့ပဲ မာခဲခဲဖြစ်သွားတတ်၍ စျေးကွက်မဝင်တော့ပဲ ဖြစ်သွားတတ်ပါသည်။
  • မကြာခင်အချိန်မှာရောက်လာတော့မည့် ကျွဲကောသီးရာသီချိန်တွင် သီးထိုးယင်များကင်းသော ကျွဲကောသီးများဖြစ်စေရန် ကြိုတင်ကာကွယ်နှိမ်နင်းပေးသင့်သည့် သီးထိုးယင်အကြောင်း ဗဟုသုတ အနေဖြင့်မျှဝေလိုက်ပါသည်။ သီးထိုးယင်သည် ကျရောက်သော လက်ခံပင်(အသီးပင်) အမျိုးအစား၊ ယင်ကောင်၏ သွင်ပြင် လက္ခဏာ၊ မျိုးပွားနှုန်းနှင့် ဘဝစက်ဝန်းကြာချိန် စသည်တို့အပေါ် မူတည်၍ မျိုးစိပ်အမျိုးမျိုးရှိပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၆ခုနှစ်အထိ အမျိုးအစားခွဲခြား အတည်ပြုပြီးသော မျိုးစိပ်ပေါင်း (၁၆)မျိုး ရှိပါသည်။ ၎င်းတို့အနက်မှ မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရသော သီးထိုးယင် မျိုးစိပ်များမှာ Oriental fruit fly (Bactrocera dorsalis)၊ Melon fly (Bactrocera cucurbitae) နှင့် Guava fruit fly (Bactrocera correcta) တို့ဖြစ်ပါသည်။ ထိုသုံးမျိုးအနက်ကျွဲကောပင်တွင်ကျရောက်တတ်သော သီးထိုးယင် အမျိုးအစားမှာ Bactrocera dorsalis ဖြစ်ပါသည်။ 

    သီးထိုးယင်၏ဘဝစက်ဝန်းနှင့် ဖျက်ဆီးမှုလက္ခဏာများ 

    သီးထိုးယင်အမသည် တစ်ရက်လျှင် ၃- ၂၀ ဥ ခန့်အထိ အုနိုင်ပြီး အမသက်တမ်း တစ်လျှောက် တွင် ဥပေါင်း ၁၂၀၀ - ၁၅၀၀ ခန့် အထိ အုနိုင်ပါသည်။ အသီးထဲရှိ ဥများမှ ၁-၂ ရက် အတွင်း ပိုးလောက်ကောင်ငယ် ပေါက်လာပြီး အသီးအတွင်းတွင် စားသောက်ပြီး ၅-၇ရက်ခန့် အကြာတွင် လောက်ကောင်အကြီးဘဝသို့ ရောက်ရှိကာ အသီးအတွင်းတွင် ၇-၁၀ရက်ခန့် စားသောက် ဖျက်ဆီးသည်။ အသီးတစ်လုံးတွင် လောက်ကောင်များစွာ စားသောက်ထား သဖြင့် အသီးမှာ (၇)ရက်ခန့် အတွင်း ရေစိုနာကွက်များ ဖြစ်ပေါ်ပြီး ပျော့ပုတ်၍ ကြွေကျသည်။ ကြွေကျ အသီးအတွင်းရှိ လောက်ကောင်ကြီးများသည် ပိုးရုပ်ဖုံးအဆင့်သို့ ကူးပြောင်းရန် အသီးအတွင်းမှ မြေကြီးအတွင်းသို့ ဝင်ရောက်နေထိုင်ကာ ၇-၈ရက်ခန့်အကြာတွင် အကောင်ကြီးအဖြစ် ထွက်လာသည်။ ဥမှ အကောင်ကြီး ဖြစ်သည်အထိ ဘဝစက်ဝန်းကြာချိန်မှာ ပတ်ဝန်းကျင် အပူချိန်ပေါ်မူတည်၍ ၂၀-၂၅ရက်ခန့် ဖြစ်ပြီး သီးထိုးယင် မျိုးစိပ်အလိုက် အနည်းငယ်ကွာခြားမှုရှိပါသည်။ ပိုးရုပ်ဖုံးမှ ထွက်လာသော သီးထိုးယင် အကောင်ကြီးမှာ စားသောက်ရန် ပရိုတိန်းပြည့်ဝသောအစာ အလုံအလောက် ရရှိပါက ၂-၃ ပတ်ခန့် အကြာတွင် စတင် မျိုးပွားနိုင်သည်။ ရင့်မှည့်ခါနီးကျွဲကောသီးများတွင် ကျရောက်ပါက ပိုးကိုက်ရာ နေရာတွင် အညိုရောင် အစက်အပျောက်ကို စတင်တွေ့ရှိရပြီး ဆက်လက်ရင့်မှည့်ခြင်းမရှိတော့ပဲ မာခဲခဲဖြစ်သွားတတ်၍ စျေးကွက်မဝင်တော့ပဲ ဖြစ်သွားတတ်ပါသည်။  

    သီးထိုးယင် ကာကွယ်နှိမ်နင်းနည်းများ 

    သီးထိုးယင်များကို ကာကွယ်နှိမ်နင်းရာတွင် မရိတ်သိမ်းခင်နှိမ်နင်းနည်း (Pre-harvest treatment) နှင့် ရိတ်သိမ်းပြီးနှိမ်နင်းနည်း (Post-harvest quarantine treatment) ဟူ၍ နှစ်နည်း ရှိပါသည်။ 

    (၁) စိုက်ခင်းအတွင်းဘက်စုံကာကွယ်နှိမ်နင်းနည်းများ (Pre-harvest treatment) 

    • အခြားသီးထိုးယင်လက်ခံပင်များဖြစ်သည့် မာလကာ၊ ဇီးသီး၊ သင်္ဘော၊ နဂါးမောက်ပင်စသည် တို့နှင့် သီးညှပ်စိုက်ပျိုးခြင်းများ မပြုလုပ်သင့်ပါ။ 
    • သစ်သီးခြံများတွင် သီးထိုးယင်ဆွဲဆောင်ဆေးများဖြစ်သည့် မီသိုင်းယူဂျီနော(Methyl-Eugenol) ထောင်ချောက်အား (၁)ဧကလျှင် (၅)ခုနှုန်း တပ်ဆင်ပြီး သီးထိုးယင်အထီးများအား ဖမ်းယူပြီး ဖျက်ဆီးပါ။ 
    • ပရိုတိန်းမျှားစာကို ဖစ်ပရိုးနေး(သို့မဟုတ်) ဒိုင်ကလိုဖော့စ် ပိုးသတ်ဆေးနှင့်ရော၍ ခြံစည်းရိုး အပင်များအပေါ် အကွက်လိုက်ဖြန်းပေးခြင်းဖြင့် သီးထိုးယင် အထီးအမ(၂)မျိုးလုံးကို နှိမ်နင်းနိုင် သည်။ 
    •  သီးထိုးယင်ပိုးရုပ်ဖုံးများ မြေကြီးအတွင်းနေနိုင်သဖြင့် မြေဆွခြင်း၊ မြေပြုပြင်ခြင်းများ ပြုလုပ်ပြီး မြေအောင်းပိုးသတ်ဆေးများထည့်သွင်းပေးပါ။ 
    • ကြွေကျအသီးများ၊ အမှည့်လွန်အသီးများကို ကောက်ယူ၊ စုဆောင်းပြီး မြေကြီးအနက် ၁ပေခွဲ မှ ၂ပေခန့်အထိ မြေမြုပ်ဖျက်ဆီးပေးပါ။ 
    • အသီးကြွေများအားကောက်ယူပြီး ပလပ်စတစ်အိတ်အမဲများတွင် လေလုံအောင်ထုတ်ပြီး အိတ်အတွင်းထည့်ကာ နေပူလှန်းထားခြင်းဖြင့် (၁)လခန့်အကြာတွင် အသီးများ ဆွေးမြေ့စေပြီး မြေသြဇာအဖြစ်အသုံးပြုနိုင်ပါသည်။ 
    • ကြွေကျကာစ အသီးများကို တိရိစ္ဆာန်အစာအဖြစ်လည်း အသုံးပြုနိုင်ပါသည်။ 
    • ဓာတုပိုးသတ်ဆေးများဖြင့် ကာကွယ်နှိမ်နင်းလိုပါက စိုက်ချိန်မှ ပန်းပွင့်ချိန်အတွင်း ဖစ်ပရိုးနေးပါဝင်သော မြေအောင်းပိုးသတ်ဆေးခဲများထည့်သွင်းပေးခြင်း၊ ပန်းပွင့်ချိန်မှစ၍ တမာပိုးသတ်ဆေးအား ၁ ပတ်ခြားဖျန်းပေးခြင်း သို့မဟုတ် ဆိုက်ပါမီသရင်းပါဝင်သော ပင်လုံးပြန့်ပိုးသတ်ဆေးကို သတ်မှတ်နှုန်းထားအတိုင်း ဖျန်းပေးခြင်းများပြုလုပ်ပေးနိုင်ပါသည်။ 

    (၂) ရိတ်သိမ်းပြီးနှိမ်နင်းခြင်း ( Post-harvest treatment) 

    အသီးများရိတ်သိမ်းခူးဆွတ်ပြီးချိန်တွင် အသီးတွင်ပါရှိလာသော ဥများဆက်လက် ပေါက်ဖွားခြင်း မရှိစေရန်အတွက် ရည်ရွယ်၍အသုံးပြုသော ကာကွယ်နှိမ်နင်းနည်းဖြစ်ပါသည်။ ထိုနည်းလမ်းများမှာ 

    • အပူငွေ့ဖြင့်နှိမ်နင်းခြင်း (Vapor Heat Treatment) 
    • ရေနွေးစိမ်၍ နှိမ်နင်းခြင်း (Hot Water Treatment) 
    • အအေးပေးစနစ်ဖြင့်နှိမ်နင်းခြင်း (Cold Treatment) 
    • ဓာတ်ရောင်ခြည်ဖြင့်နှိမ်နင်းခြင်း (Radiation Treatment) 

    စိုက်ပျိုးရေးဦစီးဌာနမှ ကောက်နှုတ်ရေးသားဖော်ပြသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
1
comments
0
views
2581