cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ထူးခြားမိုးလေဝသ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့်အခြေအနေ ကြိုတင်ခန့်မှန်းခြင်း⭕⭕

. Weather News
မုန်တိုင်းအကြွင်းအကျန်များနှင့် အားကောင်းလာနိုင်မည့်မုတ်သုံမိုးတို့ကြောင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာ မိုးအသင့်အတင့်မှ မိုးများနိုင်ပါမယ်။
  • (စက်တင်ဘာ ၁၉ ရက် ညနေ ၆ နာရီ ၃၀ မိနစ်

    =====

    ဖိလစ်ပိုင်ပင်လယ်မှ စတင်ပြီး အနောက်ဘက်-တောင်တရုတ်ပင်လယ်သို့ ရွေ့လျားဝင်ရောက်လာမည့် တိုင်ဖွန်းမုန်တိုင်း RAGASA (24W)

    • ဖိလစ်ပိုင်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း RAGASA (24W)သည် အနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ထိုင်ဝမ်ကျွန်းနှင့် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှ ဖြတ်သန်း၍ တောင်တရုတ်ပင်လယ်ထဲကို စက်တင်ဘာ ၂၂ ရက် နေ့လည်ပိုင်းမှာ စတင်ဝင်ရောက်လာနိုင်ပါမယ်။

    • တောင်တရုတ်ပင်လယ်သို့ စတင်ဝင်ရောက်ချိန်မှာ CAT-3 တိုင်ဖွန်းမုန်တိုင်းအဆင့်ကို အားကောင်းလာပြီး အဲ့ဒီည တောင်တရုတ်ပင်လယ်အတွင်းရောက်ရှိတဲ့အချိန်မှာ ပိုမိုကျယ်ဝန်းတဲ့ရေပြင်ကြောင့် အားပိုကောင်းလာပြီး CAT-4 အဆင့် အားအလွန်ကောင်းသောတိုင်ဖွန်းမုန်တိုင်း VIOLENT TYPHOON ဖြစ်လာနိုင်ပါမယ်။

    • JTWC ခန့်မှန်းချက်အရ အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး စက်တင်ဘာ ၂၄ ရက် မြန်မာအချိန် နေ့လည်ပိုင်းမှာ တရုတ်ပြည်ကမ်းခြေကို ဟောင်ကောင်ရဲ့ အနောက်ဘက်မှ CAT-3 တိုင်ဖွန်းမုန်တိုင်းအဆင့်(လေတိုက်နှုန်း တနာရီ ၁၁၅ မိုင်နှုန်းဖြင့်)ဖြတ်ကျော်ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

    • ဥရောပ ECMWF Model ခန့်မှန်းချက်မှာတော့ ဟောင်ကောင်အနောက်ဘက် တရုတ်ပြည်ကမ်းခြေအတိုင်း အနောက်ဘက်ကို ရွေ့လျားပြီး၊ ဟိုင်နန်ကျွန်းကိုဦးစွာဖြတ်ကျော်ဝင်ရောက်ပြီးမှ တုံကင်ပင်လယ်ကွေ့မှတဆင့် ဗီယက်နမ်ကမ်းခြေကို စက်တင်ဘာ ၂၅ ရက်နေ့ည၊ ၂၆ ရက်နေ့အစောပိုင်းမှာ မြေပုံညွှန်းမှတ် 20.293, 106.556 မှ ဖြတ်ကျော်ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

    • မုန်တိုင်းရဲ့ လက်ရှိအရွယ်အစား အချင်းမိုင် ၂၅၃ မိုင်ခန့်(220 nautical miles)ရှိနေပြီး၊ တောင်တရုတ်ပင်လယ်ထဲကို ဝင်လာပြီးတဲ့အခါ အရွယ်အစား(အချင်းမိုင်)ပိုမိုကြီးမားလာနိုင်ပါမယ်။

    မြန်မာနိုင်ငံဘက်တွင် မုတ်သုံမိုးနှင့်မုန်တိုင်းအကြွင်းအကျန်သက်ရောက်နိုင်မည့်အခြေအနေ ကြိုတင်ခန့်မှန်းချက်

    လက်ရှိအချိန်အထိ ရရှိပြီး ကြိုတင်ခန့်မှန်းချက်များအရ - 

    • တိုင်ဖွန်းမုန်တိုင်းအရှိန်သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်မှာ စက်တင်ဘာ ၂၅/၂၆ ရက်နေ့များတွင် အားပိုကောင်းလာနိုင်သော မုန်တိုင်းငယ်၏သက်ရောက်မှုနှင့် အားကောင်းလာသည့် အနောက်တောင်မုတ်သုံလေတို့ ကြောင့် ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်မှာ မိုးသက်လေပြင်းကျနိုင်ပြီး လှိုင်းကြီးနိုင်ပါမယ်။ မိုသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေတိုက်နှုန်း တနာရီ မိုင် ၃၀ မှ မိုင် ၄၀ ခန့်နှင့်၊ လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေခန့်အထိ ရှိနိုင်ပါမယ်။ 

    • စက်တင်ဘာ ၁၈ ရက်နေ့က ကမ်းနီးပင်လယ်ပြင်ရေလုပ်သားများသို့ အသိပေးခြင်း၊ သတိပေးခြင်း ကြိုတင်ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ပါတယ်။

     https://www.facebook.com/uwinnaing/posts/pfbid025t3sigQzGRAKR71mCV1ZHQMtQJaReyFX8seMoJBeKWEX87iGDdjRXdGqJBzqo56Gl

    • #မုန်တိုင်းအကြွင်းအကျန်များနှင့် အားကောင်းလာနိုင်မည့်မုတ်သုံမိုးတို့ကြောင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာ မိုးအသင့်အတင့်မှ မိုးများနိုင်ပါမယ်။ 

    • #ကျန်ပြည်နယ်တိုင်းတွေမှာလည်း မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်ပါမယ်။ မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာတော့ ဒီမုန်တိုင်း ၁ လုံးကြောင့် မိုးများနိုင်ချေလျော့နည်း(မိုးရေချိန်ရရှိနိုင်မှုလျော့နည်း)ပြီး ခေတ္တမျှ မိုးသည်းထန်နိုင်တာတော့ ရှိပါမယ်။

    #မုန်တိုင်း RAGASA ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်မည့်လမ်းကြောင်းအခြေအနေပေါ်မူတည်ပြီး မြန်မာနိုင်ငံအတွင်း မိုးများနိုင်/မိုးအလွန်များနိုင်မည့်ဒေသတွေကို ဆက်လက်စောင့်ကြည့်တင်ပြပေးသွားပါမယ်။

    Source: မိုးလေဝသပညာရှင် ဦးဝင်းနိုင်

    ---   

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို   

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
  • article
likes
16
comments
0
views
5665