cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

စူပါတိုင်ဖွန်းမုန်တိုင်း - အချင်းမိုင် ၇၃၆ မိုင် အကြွင်းအကျန်များဝင်ရောက်လာချိန် အထူးသတိထားရန်⭕⭕‼️‼️

. Weather News
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေမှာ စူပါတိုင်ဖွန်း RAGASA သက်ရောက်မှု အများဆုံးဖြစ်နိုင်မည့်အခြေအနေ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။
  • Weather Station Track အရလည်း ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းအကြွင်းအကျန်လမ်းကြောင်းအောက်ဘက်ကို ကျမှာ သေချာသလောက်ရှိနေပြီဖြစ်တဲ့အတွက် -

    ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေမှာ စူပါတိုင်ဖွန်း RAGASA သက်ရောက်မှု အများဆုံးဖြစ်နိုင်မည့်အခြေအနေ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။

    မုန်တိုင်းတိုက်ရိုက်ဝင်တိုက်နှိုင်မှာမဟုတ်သော်လည်း အနိမ့်ပိုင်းဒေသတွေက ရပ်ကွက်/မြို့နယ်/ခရိုင်တွေမှာ ရုတ်တရက်ရေကြီးခြင်း၊ မြစ်ရေ/ချောင်းရေကြီးနိုင်ခြင်း(River Flood- Flash Flood- Surface Flood) နှင့် တောင်ထူထပ်တဲ့ဒေသတွေမှာ မြေပြို-တောင်ပြိုနိုင်ခြင်း(Landslide) ဖြစ်ပေါ်နိုင်ခြင်းများအပြင်၊

    စူပါတိုင်ဖွန်းမုန်တိုင်းအရွယ်အစားက ဒီနေ့ SATCON မှ နောက်ဆုံးရတဲ့အချက်အလက်တွေအရ အချင်းမိုင် ၇၃၆ မိုင်ရှိနေတဲ့အတွက် မုန်တိုင်းအကြွင်းအကျန်များ ဝင်ရောက်လာချိန်မှာ အထူးသတိထားကြရမှာဖြစ်ကြောင်း ကြိုတင်ပြင်ဆင်နိုင်ကြပါရန် အသိပေးတင်ပြလိုပါတယ်။

    (စက်တင်ဘာလ ၂၁ ရက် - ညနေ ၃ နာရီ ၂၀ မိနစ်)

    ပြည်နယ်တိုင်းမြို့များ၏ ၄ ရက် မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်များကြည့်ရန် -

    https://disasterinfo.mmweather.org/divisionTownPage

    https://www.mmweather.org/divisional-cities-weather

    Source: Sayar U Win Naing 

    -----   

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို   

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
  • article
  • article
likes
17
comments
0
views
4289