ကြက်သွန် ၁၀၀၀ ကျပ်ဝန်းကျင်သာရှိသဖြင့် တောင်သူနှင့် ကုန်သည်များ အရှုံးပေါ်နေ
ယခုစက်တင်ဘာလ တတိယပတ်ကုန်သည်ထိ တစ်ပိဿာ ကျပ် ၁၀၀၀ ဝန်းကျင်သာ ပေါက်ဈေးရှိသည့်အတွက် တောင်သူများအဆင်မပြေမှု ကြုံတွေ့ရကြောင်း သိရသည်။
တစ်ပိဿာ ကျပ် ၁၀၀၀ ဝန်းကျင် ပေါက်ဈေးမှာ တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု စရိတ်ထက် လျော့နည်းပြီး ကုန်သည်များသည်လည်း ဝယ်လက်နည်းပါးသည့်အတွက် ကုန်လက်ကျန်များပြားကာ ဆုံးရှုံးမှု ကြုံတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
" ကုန်းကြက်သွန်က အခု သီတင်းကျွတ်နဲ့ နောက်လ တန်ဆောင်မုန်းပြီးရင် ရာသီသိမ်းပြီလို့ ပြောလို့ရတယ်။ ရာသီအစကနေ ခုထိ တစ်ပိဿာ ၁၅၀၀ ကျော်မလာဘူး။ တောင်သူက စိုက်စရိတ် သယ်စရိတ် အလုပ်သမားခနဲ့ ဘယ်လိုမှ အမြတ်မရ ရှုံးတယ်။ ကုန်သည်ကလည်း ဈေးတက်မလားဆိုပြီး ဂိုထောင်ပေါ် ဝယ်တင်ထားတာက တစ်ပိဿာ ၁၃၀၀ / ၁၄၀၀ နဲ့။ အခုက တစ်ပိဿာ ၁၁၀၀ ဆိုတာ အမြင့်ဆုံးပဲ။ ကုန်သည်က ဝယ်ဈေးရော အလုပ်သမားခရော ကုန်ဝိတ်လျော့တာရော တွက်ရင် ရှုံးတယ်။ ဒီနှစ်အနေနဲ့ သိပ်မျှော်စရာမရှိတော့ဘူး။ ကြက်သွန်ထိပ်စလည်း သိပ်မလာတော့ဘူး " ဟု ပခုက္ကူမြို့မှ ကြက်သွန်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။
ပခုက္ကူကြက်သွန်ဈေးကွက်အတွင်း ပိဿာအချိန် သုံးသောင်းကျော် ဝင်ရောက်သည့် စက်တင်ဘာလ ၂၀ ရက်တွင် ဂျွန်သေးတစ်ပိဿာ ၃၀၀ - ၅၀၀ ကျပ် ၊ ဂျွန်လတ်တစ်ပိဿာ ၆၀၀ - ၈၀၀ ကျပ် နှင့် ဂျွန်ကြီးတစ်ပိဿာ ၉၀၀ - ၁၁၀၀ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းက ဈေးကွက်အတွင်း ဝင်ရောက်ခဲ့သည့် မိုးကြက်သွန်မှာ တစ်ပိဿာ ၃၃၀၀ ကျပ်ထိ ပေါက်ဈေးရှိခဲ့ပြီး လက်ရှိရောင်းဝယ်နေသည့် နွေကြက်သွန်မှာ တစ်ပိဿာ ၁၅၀၀ ကျပ်ထိသာ ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။
(တောင်သူများသိရှိနိုင်ရန် Eleven Media Group ပေ့ရှ်မှ ကူးယူပြီး ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။)
-------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.


NewsFeed
Communities
Explore
Inbox
Me
Market Price