cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

သစ်ခွပင်တွေကို ဘယ်လိုအိုးလဲပေးရမလဲ?

. Cultivation Methods
သစ်ခွပင်များ ကောင်းစွာ ကြီးထွားရန် နှင့် အာဟာရ ကောင်းစွာ ရရှိပြီး ပန်းဖြိုင်ဖြိုင် ပွင့်စေရန် အတွက် ဖြစ်နိုင်လျှင်(၁)နှစ် (သို့) ၂ နှစ် တစ်ကြိမ် အိုးလဲလှယ်ပေးသင့်ပါတယ်။
  • အိုးလဲရန် အသင့်တော်ဆုံး အချိန် ကတော့ နွေဦးပေါက်ကာလတွေနဲ့ အပွင့်ကျပီးပီးခြင်း အချိန်တွေက အကောင်းဆုံးပါပဲ ။ အိုးဖြင့်စိုက်သည့် သစ်ခွပင်များ နှင့် အုန်းဆံခွံထည့်ပြီး စိုက်သည့် သစ်ခွပင်တွေကို အဓိက ပြုလုပ် ပေးသင့် ပါတယ်။ 

    သစ်ခွပင် အိုးလဲလှယ်စဉ် လိုက်နာရမည့် အချက်များ 

    • ရေရှည်စိုက်ပျိုးရန်အတွက် သင့်လျော်သောအိုးကို ရွေးချယ်ပါ။ 
    • ထည့်သွင်းမည့် ပွားစာကို စိုက်ပျိုးမည့်အပင်နှင့် ကိုက်ညီမှုရှိအောင် ရွေးချယ်ပါ။ရေဆင်းအား သိပ်မမြန်တဲ့ အဖက်သေးသေးတွေ သုံးနိုင်လျှင် ပိုကောင်းပါသည်။ အုန်းဆံခွံများကို ကောင်းစွာ နေပြပါ။ အုန်းဆံခွံများကို အမြစ်ကုပ်တွယ်အားကောင်းစေရန် ပွနေအောင် ထုပြီးမှ ပွားစာအနေ ဖြင့် အသုံးပြုပေးပါ။ 
    • အိုးခွဲမစိုက်မီ (၃) ရက်ခန့် အလိုတွင် သစ်ခွပင်အား ရေအဝပေးပါ။ 
    • အိုးအသစ်ထဲမှ ပွားစာများကိုလည်း ရေလောင်းပြီး အစိုဓါတ်ရှိအောင်ပြင်ဆင်ထားပါ။ 
    • အမြစ်များထိခိုက်မှု မရှိစေရန် သစ်ခွပင်ကို ဂရုတစိုက်ထုတ်ယူပါ။ 
    • အမြစ်တွင်ကပ်ကျန်နေသော ပွားစာအ‌ဟောင်းများကို ဖယ်ရှားပစ်ပါ။ 
    • ပျက်စီး၊ ပုပ်ဆွေးနေသော အမြစ်များကို ပိုးသန့်ထားသော ကပ်ကြေးဖြင့် ဖယ်ထုတ်ပစ်ပါ။ 
    • ရောဂါမကျအောင် မှိုသတ်ဆေးတစ်ခုခု ဖျန်းပေးပါ။ 
    • သစ်ခွပင်ကို အိုးအသစ်ထဲသို့ နေရာပြောင်းပါ။ 
    • ပန်းအိုးထဲသို့ ပွားစာအသစ်များထည့်ပါ။အုန်းဆံခွံပွ ၊ မီးသွေး ၊ အုတ်ခဲကျိုး တို့ကို ထည့်ပေးပါ။ 
    • ပြောင်းရွှေ့စိုက်ပြီးသော အပင်ကို ရေပုံမှန်ထောက်ပံ့ပေးပါ။ 

     Source - Growing Windowsill Orchids by PHILIP SEATON, WH and Htwet Toe 

    --------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
9
comments
2
views
3259