ရှောက်သံပုရာ ကင်ကာရောဂါ ( Citrus Canker )
- ရှောက်သံပုရာ မျိုးနွယ်ဝင် အပင်များတွင် အဓိက ဖြစ်ပွားသော ဘက်တီးရီးယား ရောဂါဖြစ်ပါသည်။ ရှောက်ချဉ်သီး၊ သံပုယိုသီး ၊ ကျွဲကောသီး နှင့် ဂရိတ်ဖရုသီးတို့ကို အဓိက တိုက်ခိုက်ခံရသည်။ အရွက်မျက်နှာပြင် ၊ အသီး နှင့် ပင်စည် တွင် တွေ့ရလေ့ရှိသည်။ ၎င်းရောဂါ တိုက်ခိုက်ခံရခြင်းဖြင့် အပင်ပုံစံပျက်သွားခြင်းမရှိပါ။ အရွက်နုထွက်ချိန် နှင့် သီးကင်းဝင်ချိန် တွင် မိုးရွာသွန်းမှုများခြင်း နှင့် ပူနွေးစွတ်စိုသည့် ရာသီဉတုဒဏ် ခံရပါက ကင်ကာရောဂါ ကျရောက်မှု ဆိုးရွားနိုင်ပြီး အရွက်ကြွေခြင်း ၊ အသီးကြွေခြင်း နှင့် ကိုင်းဖျားခြောက်ခြင်းများ ဖြစ်နိုင်ပါသည်။ ရောဂါလက္ခဏာများ - အရွက် နှင့် အသီးမျက်နှာပြင်နှစ်ဘက်စလုံးတွင် အဝါရောင်စက်ဝိုင်းရစ် ပုံစံအဖုအလုံးများ မြင်တွေ့ရပါသည်။ အသီးတွင် ကျရောက်ပါက အချိန်မတိုင်ခင် အသီးကြွေခြင်းများဖြစ်နိုင်ပါသည်။ ရောဂါရ အသီးများမှာ စားသုံး ဖို့အတွက်ဖြစ်နိုင်သော်လည်းဈေးကွက်အတွင်း အသီးမလှခြင်းကြောင့် တန်ဖိုးလျော့ကျခြင်း၊ ရောင်းတန်းမဝင် ခြင်းများ ဖြစ်ပေါ်စေသည်။ ပင်စည်ကိုင်းများတွင် ဒဏ်ရာများ သည် အကွင်းလိုက်ဖြစ်ပြီး ကိုင်းများသေးသွားတတ်သည်။ ရောဂါကျနေသော ပင်စည်ကိုင်းများသည် ဘက်တီးရီးယားများ၏ ရေရှည်အသက်ရှင်မှုကို အထောက်အကူပြုနိုင်သည်။ - ကာကွယ်နှိမ်နင်းရန် - ရောဂါ ကင်းစင်သော ပျိုးပင်များအား ဝယ်ယူစိုက်ပျိုးပါ။
- ခြံဘေးပါတ်လည် လေကာပင်များ စိုက်ပျိုးပါ။
- ခြောက်သွေ့သောရာသီတွင် ရောဂါကျ ကိုင်းများ နှင့် အရွက်များအား ဖယ်ရှားပေးပါ။
- အပင်အောက်ခြေ တစ်ဝိုက်ရှိ အရွက်ကြွေများ ၊ အသီးကြွေများ နှင့် ကိုင်းခြောက်များအား မီးရှို့ဖျက်စီးပါ။
- ကော့ပါးဟိုက်ဒရောဆိုက်၊ ကော့ပါးအောက်ဆီကလိုရိုဒ် ပါသောဆေးများကို ၁၀ ရက်ခြားတစ်ခါ ဖျန်းပက်ပေးပါ။ အရွက်များ များစွာမထွက်မီ ရွက်ထွင်းပိုးအန္တရာယ်ကာကွယ်ပါ။ အပင်ကို ကိုင်းများချိုင်ပေးပါ။
 - Ref : https://www.apsnet.org/edcenter/pdlessons/Pages/CitrusCanker.aspx - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
