ငါးကန်များရှိ ရေညှိ၊ ရေမှော်များ ဖယ်ရှားခြင်း
- ငါးမွေးတောင်သူများသည် ရေဩဇာရရှိရေးအတွက် ကန်ပြင်ချိန်မှစတင်ပြီး ကန်အတွင်းသို့မြေဩ ဇာထည့်သွင်းခြင်း နှင့် ငါးမွေးမြူရေးကာလအတွင်း မြေဩဇာထပ်မံဖြည့်သွင်းခြင်းကို ဆောင်ရွက်ကြပါ သည်။ ဆိုလိုသည်မှာ ကန်ရေအရောင် အစိမ်းနုရောင်နှင့်အစိမ်းရောင် ဖြစ်လာစေရန်အတွက် ရည်ရွယ် ဆောင်ရွက်ခဲ့ကြပါသည်။ အချို့သော ငါးမွေးတောင်သူများသည် အစာတောင့်ကို ကျွေးပြီးမွေးမြူရာတွင် အစာကြွင်း အစာကျန်များကြောင့်လည်း ကန်ရေ၏အရောင်သည် အစိမ်းရောင်မှ စိမ်းညိုရောင်အထိဖြစ်လာ ခြင်းများတွေ့ရှိရပါသည်။ - အဆိုပါ အစိမ်းရောင် နှင့်စိမ်းညိုရောင် အဆင့်တွင် မိုးရွာသောအချိန် ၊အလင်းရောင်(နေရောင်) ကောင်းစွာမရရှိသောအချိန်များတွင် (တနည်း)ရာသီဥတု ပုံမှန်မဟုတ်သောအချိန်ကာလများတွင် ကန်အ တွင်း ရေညှိ ရေမှော်များဖြစ်ပေါ်လာပြီး၊ အဆိုပါရေညှိရေမှော်များသည် ကန်အတွင်း တဖြည်းဖြည်းများ ပြားလာပါသည်။ အချို့သော ကန်များတွင် ရေညှိတုံးများ(ဂျယ်လီပုံစံ)အဖြစ် ပေါ်ပေါက်လာတတ်ပါသည်။ - ငါးမွေးမြူရေးနည်းပညာအရ ကန်အတွင်း အပင်မျှောလှေးနှင့်အကောင်မျှောလှေးများ ပေါက်ဖွား လာစေရန် ဇီဝမြေဩဇာ နှင့်ဓါတုမြေဩဇာကို အချိုးကျ ထည့်သွင်းရပါသည်။ အဆိုပါ မြေဩဇာများသည် နေရောင် (အလင်းရောင်)ဖြင့် ကန်အတွင်း အပင်မျှောလှေး နှင့်အကောင်းမျှောလှေး ပေါက်ဖွားကြပါသည်။ အဆိုပါ အပင်မျှောလှေးနှင့်အကောင်မျှောလှေးများ များစွာပေါက်ဖွားပြီး ကန်ရေ၏အရောင်သည် အစိမ်းရင့် ရောင်နှင့်စိမ်းညိုရောင်အထိဖြစ်လာပါသည်။ - အဆိုပါကန်အတွင်း အပင်မျှောလှေး များပြားခြင်းမှ အလင်းရောင် နှင့်အပူချိန် မှန်ကန်စွာမရရှိပါက အပင်မျှောလှေးများသေကြေပြီး ရေညှိများ ရေညှိဖမ်းများအဖြစ် ပြောင်းလဲဖြစ်ပေါ်လာရပါသည်။ ရေညှိ ရေမှော်များကန်အတွင်းများပြားပါက ငါးများညအချိန်တွင် အောက်စီဂျင်ကျခြင်းများကို ကြုံတွေ့ နေတတ်ပါသည်။ ငါးများသွားလာလှုပ်ရှားမှု့ကိုလည်း အနှောက်အယှက်ဖြစ်ပေါ်စေပါသည်။ အဆိုပါ ရေညှိ ရေမှော်များကို အောက်ပါအတိုင်း ဖြေရှင်းနိုင်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။ - - တစ်ဧက ကန်အတွက် ဂျစ်ပ်ဆမ် (၆၃) ပိဿာ (သို့မဟုတ်) - - ဒုတ္တာ (ကောပါးဆာလ်ဖိတ်) (၆)ပိဿာ မှ (၈)ပိဿာအထိသုံးစွဲနိုင်ပါသည်။ ၄င်းကောင်းတို့ကို အိပ်ငယ်ကလေးများတွင် ထည့်စီးပြီး ရေထဲရှိ ဝါးလုံးတိုင်တွင် ကပ်ချည်ပါ။ အိပ်ငယ်ကလေးများ ကို ရေထဲသို့ (၄)လက်မ (သို့မဟုတ်) (၆)လက်မခန့် နှစ်ထားရပါမည်။ - ဦးစန်းအောင် - ထွက်တိုး - မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download - ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
