မန္တလေးတိုင်း မိုးရွာသွန်းနိုင်မှုနှင့် စိုက်ပျိုး၊မွေးမြူရေးအကြံပြုချက်
- ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ - ဘင်္ဂလားပင်လယ်အော် - · ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် ရေပြင်ညီလေထုအလွှာတွင် အားလျော့သွားပြီး အမြင့်ပေ ၁၉၀၀၀ ကျော်တွင် အထက်လေပွေလှိုင်းအဖြစ် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဆက်လက်တည်ရှိနေပါတယ်။ - · ဘင်္ဂလာပင်လယ်အော်အရှေ့အလယ်ပိုင်း၊ မြန်မာကမ်းရိုးတန်းအနီးတွင်ဖြစ်ပေါ်ခဲ့သည့် အထက်လေပွေလှိုင်းသည် အနောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှုင့်ဆက်စပ်လျှက်ရှိသည့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ နောက်လာမည့် ၁၂ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနမှ စက်တင်ဘာ ၂၅ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ - · စက်တင်ဘာလ ၂၆ ရက်နေ့မှာ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး Depression(အားကောင်းသောလေဖိအားနည်းရပ်ဝန်း) ဖြစ်လာနိုင်ကြောင်း၊ စက်တင်ဘာ ၂၇ ရက်နေ့မှာ ဩရိဿပြည်နယ်နှင့်အန်ဒရာပရာဒက်ရှ်ပြည်နယ်၊ နယ်စပ်အနီးမှ အိန္ဒိယကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်သွားနိုင်ကြောင်း ဆက်လက်ထုတ်ပြန်ထားပါတယ်။ - တောင်တရုတ်ပင်လယ် - · ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ အားကောင်းသောအပူပိုင်းမုန်တိုင်း BUALOI(26W)သည် စက်တင်ဘာ ၂၅ ရက် ည ၀၀:၃၀ နာရီမှစတင်၍ ဖိလစ်ပိုင်နိုင်ငံကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ပြီး တောင်တရုတ်ပင်လယ်သို့ စက်တင်ဘာ ၂၆ ရက် ည၊ ၂၇ ရက် နံနက်အစောပိုင်းအချိန်မှာ စတင်ဝင်ရောက်လာနိုင်ပါတယ်။ - · တောင်တရုတ်ပင်လယ်အတွင်း၊ အနောက်-အနောက်မြောက်ဘက် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းသို့ဆက်လက်ရွေ့လျားပြီး၊ စက်တင်ဘာ ၂၈ ရက် မြန်မာအချိန် နေ့လည်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့အရှေ့မြောက်ဘက် မိုင်၉၀ ခန့်အကွာပင်လယ်ပြင်တွင် တိုင်ဖွန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာနိုင်ပါတယ်။ - · စက်တင်ဘာ ၂၈ ရက် ညပိုင်းမှာ ဗီယက်နမ်နိုင်ငံကမ်းခြေကို Vinh မြို့အနီးမှ တိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့်ဖြတ်ကျော်ဝင်ရောက်ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ် ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံတို့ကိုဖြတ်သန်းတိုက်ခတ်ပြီးနောက် လာအိုနိုင်ငံအလယ်ပိုင်းတွင်အားလျော့သွားကာ မုန်တိုင်းအကြွင်းအကျန်များသည် စက်တင်ဘာလ ၃၀ ရက်နေ့၊ နေ့လည်တွင် လာအို၊ မြန်မာနိုင်ငံ(ရှမ်းပြည်နယ်အရှေ့ပိုင်း)နှင့် တရုတ်ပြည်နယ်စပ်အထိ ဆက်လက်ရွေ့လျားနိုင်ကြောင်း JTWC ၏ မုန်တိုင်းလေတိုက်နှုန်းပြင်းအား(Intensity)နှင့် လမ်းကြောင်း(Track) ခန့်မှန်းချက်များအရ သိရပါတယ်။ - · အရှေ့ဘက်တောင်တရုတ်ပင်လယ်နှင့် အနောက်ဘက်ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်း/လေဖိအားနည်းရပ်ဝန်းတို့၏ သက်ရောက်မှုများကြောင့် မြန်မာနိုင်ငံပြည်နယ်နှင့်တိုင်းအားလုံးမှာ ယခုတပါတ်အတွင်း မိုးရေချိန် ၅ လက်မနှင့်အထက် ၉ လက်မအောက် ရွာသွန်းရရှိနိုင်ပြီး တနင်္သာရီတိုင်းမှာ အများဆုံးဖြစ်နိုင်ပါမယ်။ - စက်တင်ဘာလ ၂၆ ရက် မှ အောက်တိုဘာလ ၂ ရက်အထိ ၇ ရက်အတွင်း မန္တလေးတိုင်းတွင်မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ - · မန္တလေးခရိုင် ၇ ရက် မိုးရေချိန် ၅.၂၁ လက်မ၊ အမရပူရခရိုင် ၇ ရက် မိုးရေချိန် ၄.၅၆ လက်မ၊ ပြင်ဦးလွင်ခရိုင် ၇ ရက် မိုးရေချိန် ၆.၄၄ လက်မ၊ မြင်းခြံခရိုင် ၇ ရက်မိုးရေချိန် ၃.၉၂ လက်မ၊ ကျောက်ဆည်ခရိုင် ၇ ရက်မိုးရေချိန် ၄.၇၃ လက်မ၊ မိတ္ထီလာခရိုင် ၇ ရက်မိုးရေချိန် ၃.၄၇ လက်မ - · ယခုဖေါ်ပြထားသည့် မြို့နယ်/ခရိုင်များနှင့်အနီးပတ်ဝန်းကျင်မှ မြို့နယ်ကျေးရွာများတွင် ရွာသွန်းရရှိနိုင်မည့် မိုးရေချိန်ရရှိနိုင်မှု များစွာကွာခြားနိုင်မည်မဟုတ်ပါ။ - · မန္တလေးတိုင်းအတွင်း နေရာကွက်၍ မိုးသည်းထန်နိုင်သော်လည်း နေ့စဉ်ရွာသွန်းရရှိနိုင်သည့်မိုးရေချိန် ၁ လက်မ ဝန်းကျင်ခန့်သာ ရှိနိုင်ပါမယ်။ ၂၄ နာရီအတွင်း မိုးရေချိန်အများဆုံး ပြင်ဦးလွင်ခရိုင်မှာ ရရှိနိုင်ပြီး ရုတ်ခြည်းရေကြီးနိုင်ခြင်း(FLash Flood)သည် ပြင်ဦးလွင်နှင့် အနီးဝန်းကျင်တောင်ထူထပ်သည့်ဒေသတွေမှာ ဖြစ်ပေါ်နိုင်ပါတယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ - · မန္တလေးတိုင်းရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၁°C (ညောင်ဦးမြို့၊ ကျောက်ဆည်၊ မိတ္ထီလာ)နှင့် ၂၅°C (ပြင်ဦးလွင်) ရှိနိုင်ပြီး - · အနိမ့်ဆုံးညအပူချိန် ၂၀°C(ပြင်ဦးလွင်) နှင့် ၂၅°C(ညောင်ဦး)ရှိနိုင်ပါတယ်။ - · အောက်တိုဘာလ ၁ ရက် နဲ့ ၂ ရက်နေ့တွေမှာ တောင်ဘက်အရပ်မှ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၂၅ မိုင်ခန့်ရှိနိုင်ပြီး၊ - · နေ့လယ်ပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၆၀% ခန့်နှင့် ညပိုင်း၊ နံနက်အစောပိုင်းအချိန်များမှာ ၉၀% မှ ၁၀၀% ရှိနေနိုင်ပါမယ်။ - · လေထုစိုထိုင်းဆမြင့်မားနေချိန် မန္တလေးတိုင်းမြောက်ပိုင်ဒေသတွေမှာ ခံစားရတဲ့အပူချိန် (Feels like temperature)၄၀°C အထိရှိနိုင်ပါတယ်။ - မန္တလေးမြို့၊ ကျောက်ဆည်မြို့နှင့် အနီးပတ်ဝန်းကျင်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value အမြင့်ဆုံး ၆၅ ဝန်းကျင်မှာရှိနေနိုင်ပြီး အန္တရာယ်မရှိပါ။ - မန္တလေးတိုင်းဒေသကြီးအတွင်း မြေပဲစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် - မန္တလေးတိုင်းဒေသကြီးအတွင်း မြေပဲစိုက်ပျိုးရာတွင် မြေပဲမြစ်ခြောက်ဆွေးရောဂါအတွက် ကြိုတင်ကာကွယ်ပေးပါ။ မြေပဲဥ ဖော်ချိန်မှာ မြေပဲတောင့်များပုပ်သွားခြင်း၊ မြေပဲတောင့်များ မြေကြီးအတွင်းမှာကျန်နေတတ်ခြင်း စသည့် အခက်အခဲများကို ဖြစ်ပေါ်စေတဲ့အတွက် ကြိုတင်ကာကွယ်ပေးပါ။ - ကာကွယ်နှိမ်နင်း နည်းလမ်းများ - ကြိုတင်ကာကွယ်သည့်အနေဖြင့် မြေဆောင်မှိုသတ်ဆေး Hymexazol ကြိုတင်ထည့်သွင်းမြေပြင်ပေးခြင်း၊
- မျိုးစေ့လူးနယ်ဆေးများဖြစ်သော Thiram, Ziram များဖြင့် လူးနယ်စိုက်ပျိုးခြင်း၊
- ရောဂါစတင်တွေ့ရှိချိန်မှစ၍ ကာကွယ်ကုသ အာနိသင်ရှိသည့် Azoxystrobin Difenoconazole၊ Hexaconazole ပါဝင်သောမှိုသတ်ဆေးများ အသုံးပြု၍ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
 - ငါးကန်များရှိ ရေညှိ၊ ရေမှော်များဖယ်ရှားခြင်း - မိုးရွာသောအချိန် ၊အလင်းရောင်(နေရောင်) ကောင်းစွာမရရှိသောအချိန်များတွင် ငါးကန်အတွင်း ရေညှိ ရေမှော်များဖြစ်ပေါ်လာသည်။ အချို့သော ကန်များတွင် ရေညှိတုံးများ(ဂျယ်လီပုံစံ)အဖြစ် ပေါ်ပေါက်လာတတ်ပါသည်။ - ရေညှိ ရေမှော်များကန်အတွင်းများပြားပါက ငါးများညအချိန်တွင် အောက်စီဂျင်ကျခြင်းများကို ကြုံတွေ့ နေတတ်ပါသည်။ ငါးများသွားလာလှုပ်ရှားမှုကိုလည်း အနှောက်အယှက်ဖြစ်ပေါ်စေပါသည်။ အဆိုပါ ရေညှိ ရေမှော်များကို အောက်ပါအတိုင်း ဖြေရှင်းနိုင်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။ - - တစ်ဧက ကန်အတွက် ဂျစ်ပ်ဆမ် (၆၃) ပိဿာ (သို့မဟုတ်) - - ဒုတ္တာ (ကောပါးဆာလ်ဖိတ်) (၆)ပိဿာ မှ (၈)ပိဿာအထိသုံးစွဲနိုင်ပါသည်။ ၄င်းကောင်းတို့ကို အိပ်ငယ်ကလေးများတွင် ထည့်စီးပြီး ရေထဲရှိ ဝါးလုံးတိုင်တွင် ကပ်ချည်ပါ။ အိပ်ငယ်ကလေးများ ကို ရေထဲသို့ (၄)လက်မ (သို့မဟုတ်) (၆)လက်မခန့် နှစ်ထားရပါမည်။ - ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများကို ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
