ဖူးစားပြောင်းများဝယ်လိုအားများ၍ စျေးကောင်းရရှိနေကြောင်း
- ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်၌ ဖူးစားပြောင်းများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ကျောင်းကုန်းမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးထံက သိရသည်။ - ကျောင်းကုန်းမြို့နယ်၌ စက်တင်ဘာလဒုတိယပတ်မှစ၍ ဖူးစားပြောင်းများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်းနှင့် အဆိုပါဖူးစားပြောင်းများဝယ်လိုအားကောင်းလာခြင်းသည် ဒေသထွက်ဖူးစားပြောင်းများကို ပုသိမ်အပါအဝင် တခြားဒေသ များမှ ဝယ်လို အားကောင်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ - "ဒေသထွက်ဖူးစားပြောင်းတွေကို ဒေသဈေးကွက်အပြင် တခြားဒေသတွေကပါ အဝယ်လိုက်နေပါတယ်။ လက်ရှိမှာ ဖူးစားပြောင်းတွေ အဝယ်လိုက်နေတဲ့အပြင် ဈေး လည်းကောင်းလာပါတယ်။ ဒေသထွက်ဖူးစားပြောင်းတွေကို ရန်ကုန်ဈေးကွက်က လည်း အဝယ်လိုက်နေပါတယ်" ဟု ၎င်းကပြောသည်။ကျောင်းကုန်းမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများသည် ဒေသထွက်ဖူးစားပြောင်းများကို ဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ အဆိုပါဒေသထွက် ဖူးစားပြောင်းများသည် ပိုးမွှား ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်သဖြင့် ဈေးကောင်းရရှိနေခြင်းဖြစ်ကြောင်း သိရသည်။ - ----------- - Myawady Webportal မှ ကူးယူဖော်ပြပါသည်။ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
