cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မုန်တိုင်း BUALOI - ကြိုတင်ပြင်ဆင်နိုင်ကြပါရန် အသိပေးခြင်း

. Weather News
စက်တင်ဘာလ ၂၉ ရက် နှင့် ၃၀ ရက်နေ့တွေမှာ မိုးသည်းထန်နိုင်ပြီး(POSSIBLE CLOUD BURST)ကြောင့် နေရာကွက်၍မိုးများနိုင်ပြီး ရုတ်ချည်းရေကြီးခြင်း(Flash Flood)၊ တောင်ပြို/မြေပြိုခြင်း၊ စိုက်ပျိုးမြေ/လယ်ကွင်းများ ရေလွှမ်းခြင်း၊ မြစ်ရေမြင့်တက်ခြင်း(RIVER FLOODS)ကြောင့် မြစ်/ချောင်းကမ်းအနီး အနိမ့်ပိုင်းရပ်ကွက်များ/ကျေးရွာများ ရေကြီးခြင်းတို့ ဖြစ်နိုင်ပါတယ်။
  • ဖိလစ်ပိုင်နိုင်ငံကိုဖြတ်ကျော်တိုက်ခတ်လျှက်ရှိသည့် မုန်တိုင်း BUALOI သည် စက်တင်ဘာ ၂၆ ရက် ည တွင် တောင်တရုတ်ပင်လယ်သို့ရောက်ရှိပြီးနောက် တိုင်ဖွန်းမုန်တိုင်း BUALOI ဖြစ်လာနိုင်ပါမယ်။

    အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ဗီယက်နမ်ကမ်းခြေကို Thang Hoa မြို့အနီး မြေပုံညွှန်း 19.764N, 105.911E မှ ဖြတ်ကျော်ဝင်ရောက်နိုင်ပါမယ်။

    ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် စက်တင်ဘာ ၃၀ ရက်နေ့မှာရှမ်းပြည်နယ်အရှေ့ပိုင်းအထိရောက်ရှိနိုင်ကြောင်း JTWC မှ ထုတ်ပြန်ချက် Warning-11 မှာ ဖေါ်ပြထားပါတယ်။

    မြန်မာနိုင်ငံအနှံ့အပြားတွင်မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး စက်တင်ဘာလ ၂၉-၃၀ ရက်တွေမှာ မိုးရွာသွန်းရရှိနိုင်မည့် မိုးရေချိန်ပမာဏပုံပို တင်ပေးထားပါတယ်။

    စက်တင်ဘာလ ၂၉ ရက် နှင့် ၃၀ ရက်နေ့တွေမှာ မိုးသည်းထန်နိုင်ပြီး(POSSIBLE CLOUD BURST)ကြောင့် နေရာကွက်၍မိုးများနိုင်ပြီး ရုတ်ချည်းရေကြီးခြင်း(Flash Flood)၊ တောင်ပြို/မြေပြိုခြင်း၊ စိုက်ပျိုးမြေ/လယ်ကွင်းများ ရေလွှမ်းခြင်း၊ မြစ်ရေမြင့်တက်ခြင်း(RIVER FLOODS)ကြောင့် မြစ်/ချောင်းကမ်းအနီး အနိမ့်ပိုင်းရပ်ကွက်များ/ကျေးရွာများ ရေကြီးခြင်းတို့ ဖြစ်နိုင်ပါတယ်။

    ကြိုတင်ပြင်ဆင်နိုင်ကြပါရန် ကြိုတင်ခန့်မှန်းအသိပေးလိုက်ပါတယ်။

    (#ကြိုတင်ခန့်မှန်းချက်ဖြစ်တဲ့အတွက် ပြောင်းလဲမှုရှိနိုင်သည်များကိုဆက်လက်စောင့်ကြည့်တင်ပေးသွားပါမယ်။)

    ၄ ရက် မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်များကြည့်ရန် -

    https://disasterinfo.mmweather.org/divisionTownPage

    https://www.mmweather.org/divisional-cities-weather

    Win Naing

    Administration Team,

    MMWEATHER,

    ✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
  • article
  • article
  • article
likes
13
comments
0
views
5038