cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ချဥ်ချိုချိုအရသာလေးနဲ့ ဆေးစွမ်းထက်တဲ့ ပင်မှည့်သီး

. Health Articles
ပင်မှည့်သီးပေါချိန်ရောက်ရှိလာပြီဆိုတော့ ပင်မှည့်သီးစားရာကနေရရှိနိုင်တဲ့ အကျိုး ကျေးဇူးလေး တွေကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။
  • ပင်မှည့်သီးမှည့် ၁ လုံးမှာ ပါဝင်နိုင်တဲ့ အာဟာရတွေကတော့ ဗီတာမင်အေ၊ ဗီတာမင်စီ၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကျွန်မကတော့ ပင်မှည့်သီးလေးကို သကြားလေးနဲ့ ခေါက်ပြီး သောက်လိုက်ရတဲ့ အရသာလေးကို အလွန်ကြိုက်နှစ်သက်တာပါပဲရှင်။ 

    ရရှိနိုင်တဲ့အကျိုးကျေးဇူးလေးတွေကတော့ -  

    • ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ လုံလောက်စွာပါဝင်တဲ့အတွက် ဆဲလ်တွေ ဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးတာမို့ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပြီး အသက်ကြီးလာချိန် ဖြစ်တတ်တဲ့ နှလုံးရောဂါနဲ့ အခြားနာတာရှည်ရောဂါတွေ ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ 
    •  အမျှင်ဓာတ်နဲ့ ရေဓာတ်ကြွယ်ဝတာမို့ အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ “ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ” ဆိုသလို ဝမ်းမှန်စေပြီး အစာခြေစနစ်ကိုလည်း ပံ့ပိုးပေးပါတယ်။ 
    •  ပင်မှည့်သီးရဲ့ ချိုချိုမွှေးမွှေးအရသာက ခံတွင်းရှင်းစေပြီး သောက်လို့ကောင်းသလို သကြားပမာဏ ပါဝင်မှုလည်း နည်းတာမို့ ပင်မှည့်သီးစားသုံးပြီး သွေးတွင်းသကြားဓာတ် အလွန်အမင်းမြင့်တက်မှာ စိုးရိမ်စရာမရှိပါဘူး။ 
    •  ပင်မှည့်သီးမှာပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်က သွေးလည်ပတ်မှု ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးတာမို့ နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ 
    • ဗီတာမင်စီ ကြွယ်ဝတာမို့ ကိုယ်ခံအားကောင်းစေပြီး ပြင်ပရောဂါတွေ ဝင်ရောက်လာခြင်းမှ ကာကွယ်ပေးမှာ မလွဲမသွေပါပဲ။ 
    •  ပင်မှည့်သီးမှာပါဝင်တဲ့ သံဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ် စတဲ့ အာဟာရဓာတ်တွေကြောင့် အရိုးအဆစ်များ သန်မာစေရုံသာမက အဆစ်ရောင်ဝေဒနာကိုပါ သက်သာစေနိုင်ပါတယ်။ 
    •  မျက်လုံးအတွက် မရှိမဖြစ် အာဟာရဓာတ်ဖြစ်တဲ့ ဗီတာမင်အေ ကြွယ်ဝတာမို့ မျက်လုံးကျန်းမာရေးအတွက်လည်း အသုံးဝင်လှပါတယ်။… 

    သတိပြုရမည့်အရာများ 

    • ပင်မှည့်သီးဟာ အစေ့လေးတွေပါ ဝါးစားလို့ရပါတယ်။ 
    • ပင်မှည့်သီးနဲ့ ဓာတ်မတည့်မှုရှိပါက စားသုံးရန်မသင့်တော်ပါ။ latex allergy ရှိသူအနေနဲ့ ပင်မှည့်သီးစားသုံးရင် ဓာတ်မတည့်တာမျိုး ခံစားရနိုင်ပါတယ်။ 

    https://www.medicalnewstoday.com/articles/324383 မှ ကိုးကားဖော်ပြသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe   

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။   


  • article
likes
9
comments
0
views
2370