cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ကြက်မောက်မျိုးသန့် အဖူးကိုင်းပြင်ဆင်ပုံ

. Cultivation Methods
မျိုးသန့် ကြက်မောက်အဖူးများကို ခွာယူရာတွင် အောက်ခံပင်အား အဖူးထည့်ရန် နေရာပြင်ပြီးမှသာ ဆောင်ရွက်ပါ။
  • ၁။ မိမိကြိုက်နှစ်သက်သည့် ကြက်မောက်မျိုးသန့် (သုံးလက်မချိုး၊ ခွံစိမ်းမျိုး၊ နတ်စိမ်းမျိုး၊ ကော့သောင်းမျိုး) ပင်၏ တစ်နှစ်သားသက်တမ်းရှိ အဖူးကိုင်းကို ဖြတ်ယူပါ။ 

    ၂။ အဖူးကိုင်းရှိ အဖူးကိုခွဲ၍ ကန့်လန့်ဖြတ်ဓါးချက် ပေးပြီးဆွဲပေးပါ။ 

    ၃။ အဖူးစနားတွင် လက်မကို ထောက်၍ ဘေးသို့ဖျစ်၍ တွန်းလိုက်လျှင် အခေါက်ကွာသွားမည်။ ဘေးသို့ ဖျစ်၍ တွန်းခွာခြင်းဖြင့် အဖူးစအောက်ရှိ အသားစထွက်သွားစေပါသည်။ 

    ၄။ မျိုးသန့် ကြက်မောက်အဖူးများကို ခွာယူရာတွင် အောက်ခံပင်အား အဖူးထည့်ရန် နေရာပြင်ပြီးမှသာ ဆောင်ရွက်ပါ။ 

    ၅။ အောက်ခံပင် အခေါက်ခွာချိန် နှင့် အဖူးခွာယူချိန် ကြာမြင့်ပါက အောင်မြင်မှု ရာခိုင်နှုန်း နည်းပါးသွားမည်။ 

    ၆။ အချိန်တိုတောင်းစွာဖြင့် လျှင်မြန်စွာ အခေါက်ခွာ အဖူးသွင်းနိုင်လျှင် အောင်မြင်မှု ရာခိုင်နှုန်း ၈၀% အထက် ရရှိနိုင်ပါသည်။ 

    ၇။ မျိုးသန့် အဖူးသွင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကျွမ်းကျင်လုပ်သား တစ်ဦးတည်းထက် ၂ ဦးပေါင်း၍ တစ်ဦးက အောက်ခံပင်အခေါက်ကိုခွာကာ ကျန်တစ်ဦးက အဖူးကိုခွာ တစ်ပြိုင်တည်းပြီးက အဖူးကပ်ပေးနိုင်ခြင်းဖြင့် အောင်မြင်မှု% အမြင့်ဆုံး ရရှိစေပါသည်။ 

    ၈။ အောက်ခံပင်တွင် မျိုးသန့်အဖူးသွင်းပေးပြီးပါက ပလတ်စတစ်အကြည်စဖြင့် ရစ်ပတ်ဖုံးအုပ်ပေးပါ။ 

    ၉။ အဖူးသွင်းပြီး အောက်ခံပင်များကို ရေဝအောင် လောင်းပေးပါ။ 

    (အပင်ခြေ ပျိုးအိတ်ကိုသာ ရေလောင်းပါ) 

    ၁၀။ အဖူးသွင်းပြီး၍ သုံးပတ် ၂၁ ရက်အကြာတွင် အဖူးအောင် မအောင် စစ်ဆေးပါ။ 

    ၁၁။ အဖူးအောင် မအောင်စစ်ဆေးပုံမှာ မိမိသွင်းထားသည့်မျိုးသန့် အဖူးနေရာတွင် ပတ်ထားသည် ပလတ်စတစ်စများ ခွာထုတ်ပြီး အဖူးသွင်း ဓါးထိပ်ဖြင့် အဖူးစနားနေရာတွင် ခြစ်ထည့်၍ စိမ်းနေပါက အဖူးအောင်ပြီး ဖြစ်သည်။ 

    ၁၂။ မျိုးသန့် အဖူးအောင်မြင်နေကြောင်းတွေ့ရှိရပါက အဖူးအပေါ်မှ ၂ လက်မခန့်ချန်၍ အပင်ပေါ်ပိုင်းကို ဖြတ်ပြစ်ပါ။ 

    ၁၃။ မျိုးသန့် အဖူးအောင်မြင်ပြီး၍ အပင်ဖြတ်ထားသည့် ပျိုးအိတ်များကို ရေဝအောင်လောင်းပေးပြီးအေးမြသည့် အရိပ်အောက်နေရာတွင် ထားပါ။ 

    ၁၄။ မျိုးသန့်ကြက်မောက် အဖူးသွင်းအောင်ပင်မှ ၂ ပတ်ခန့်အကြာတွင် အဖူးစတင် ထွက်လာပါသည်။ 

    ၁၅။ မျိုးသန့်ကြက်မောက် အောင်မြင်သည့် အဖူးသည် ၁ လခန့်အကြာတွင် သိသာထင်ရှားစွာ ရှည်ထွက်လာပါသည်။ 

    ၁၆။ မျိုးသန့် ကြက်မောက် အောင်မြင်သည့် အဖူးသည် ၂ လသားအရွယ်တွင် အရွက်များဝေဆာစွာထွက်လာပါသည်။ 

    ၁၇။ မျိုးသန့် ကြက်မောက်အောင်မြင်သည့် အဖူး ၃ လသား အရွယ်တွင် အရွက်နုများအပြင် ကိုင်းနုများလည်း ဝေဆာစွာထွက်ရှိလာပါသည်။ 

    ၁၈။ ၎င်း ၃ လသားအရွယ်ရှိ အဖူးသွင်းပျိုးပင်များ ပိုးမွှားကိုက်ဖြတ်မှု မရှိစေရန် မြန်မာဆိုက်ပါပိုးသတ်ဆေးကို ရေတစ်ဂါလံ တစ်ဇွန်းနှုန်း ဖျော်စပ်၍ ဖျန်းပေးပါ။ 

    ၁၉။ မျိုးသန့် ကြက်မောက် အဖူးသွင်းအောင်ပင် ၃ လသားအရွယ်မှ စတင်၍ ပလတ်စတစ်အိတ်မဲ အိတ်ကြီး သို့ ပြောင်းရွှေ့စိုက်ပျိုးပါ။ 

    ၂၀။ ၁၈ လက်မအရွယ် ပလတ်စတစ်အိတ်မဲကြီးထဲတွင် ကြက်ချေး ၂ ဆ၊ စက်ဖွဲပြာ ၁ ဆ၊ မြေဆွေး၊ သို့ မြေကျက် ၁ ဆ ရောစပ်မြေစာထည့်ပြီး ပြောင်းရွှေ့စိုက်ပျိုးပါ။ 

    ၂၁။ မျိုးသန့်ကြက်မောက်အဖူးသွင်းပျိုးပင်သက်တမ်း ၁ နှစ်သားသည် စိုက်ခင်းရွှေ့ပြောင်းစိုက်ပျိုးရန် အရွယ်ရောက်ပြီး ဖြစ်ပါသည်။ 

    စိုက်ပျိုးရေးဦးစီးဌာန  

    --------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe  

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
7
comments
0
views
2408