စမုံစပါးစားသုံးခြင်းရဲ့ အကျိုးရလဒ်
- စမုံစပါးကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အတော်အသုံးများပါတယ်။ စမုံစပါးစေ့ကို ကွမ်းယာထဲ ထည့်စားကြသလို ဟင်းခတ်အမွှေးအကြိုင်ဖြစ်တဲ့ မဆလာဖော်စပ်တဲ့နေရာမှာလည်း ပါဝင်ပစ္စည်း တခုအနေနဲ့သုံးပါတယ်။ ဒါ့အပြင် စမုံစပါးရွက်ကို ကြက်ဥနဲ့ခလောက်ပြီး ကြော်စားတာ၊ ဟင်းချိုချက် သောက်တာ၊ ဟော့ပေါ့ထဲထည့်သောက်တာ စသဖြင့်လည်း အမျိုးမျိုးလုပ် စားကြပါတယ်။ စမုံစပါးပင်ကို အင်္ဂလိပ်လို Fennel လို့ခေါ်ပါတယ်။ ရုက္ခဗေဒနာမည်ကတော့ Foeniculum vulgare Mill ပါ။ မျိုးရင်းအနေနဲ့ကတော့ Apiaceae မျိုးရင်းဖြစ်ပါတယ်။ - နှစ်နှစ်ခံ သို့မဟုတ် နှစ်ရှည်ခံပင်အမျိုးအစားပါ။ ပင်စည်က ထောင်မတ်ပြီး ကိုင်းလေးတွေ ဖြာထွက်နေပါတယ်။ ငှက်မွှေးရွက်ပေါင်းဖြစ်ပြီး အပ်ချောင်းပုံသဏ္ဍာန် ရွက်မြွှာများရှိပါတယ်။ သေးငယ် သော အဝါရောင်ပန်းပွင့်များ ပွင့်ပါတယ်။ အသီးဟာ ဘဲဥပုံရှိပြီး သေးငယ်ကာ ထိုအထဲတွင် စမုံစပါးစေ့များပါပါတယ်။ စမုံစပါးစေ့ကို Fennel seed လို့ခေါ်ပါတယ်။ စမုံစပါးစေ့ (Funnel seeds) မှာ ကြေးနီဓါတ်၊ မဂ္ဂနီဆီယမ် ၊ ဇင့်၊ ပိုတက်စီယမ် စတဲ့သတ္ထုဓါတ်နဲ့ သံဓါတ်များပါဝင်တဲ့အပြင် ပရိုတင်းဓါတ်၊ အမျှင်ဓါတ်၊ ဗီတာမင်အေ၊ ဘီ၊ စီ၊ အီး နဲ့ ဆီလီနီယမ် ဓါတ်များလည်း စုံလင်များပြားစွာပါဝင်ပါတဲ့အတွက် စမုံစပါးစေ့မှာ ရောင်ရမ်းမှုကို သက်သာစေတဲ့အာနိသင် (Anti-inflammatory activity)၊ ဝမ်းလျှောဝမ်းကိုက်လို့ ဗိုက်ရစ်နာတာကိုသက်သာစေနိုင်တဲ့ (Anti-spasmodic activity) နဲ့ ဘက်တီးရီးယား ပိုးမွှားတွေကိုနိုင်တဲ့ (Anti-bacterial activity) တွေရှိပါတယ်။ ဒါကြောင့် စမုံစပါးစေ့ကို တိုင်းရင်းဆေးမှာ လေထိုးလေအောင့်တာ၊ ချောင်းခြောက်ဆိုးတာတွေသက်သာဖို့အတွက် သုံးတဲ့ဆေး တွေထဲ ထည့်သွင်းဖော်စပ်လေ့ရှိပါတယ်။ စမုံစပါးစေ့ဟာ ဆေးအနေနဲ့ရယ် မဆလာဖော် ဖို့ရယ် ကွမ်းယာ ထဲ ထည့်စားဖို့ရယ်ပဲ အသုံးဝင်တာလားဆိုတော့ မဟုတ်ပါဘူး။ - အမျိုးသမီးတွေ အလှအပရေးရာအတွက်လည်း အသုံးဝင်ပါသေးတယ်။ စမုံစပါး တဇွန်းကို ရေနွေးတဖန်ခွက်ထဲကို ထည့်နှပ်ထားကာ မနက်တစ်ခါ ညနေတခါ ပုံမှန်၊ တပတ် ၂ခါလောက် သောက် ပေးမယ်ဆိုပါက ဝိတ်ကျစေနိုင်တဲ့အပြင် စမုံစပါးစေ့မှာ phytoestrogen (သဘာဝအီစတိုဂျင်) ဓါတ် ကြွယ်ဝစွာပါတဲ့အတွက် ရင်သားနဲ့တင်သားတွေကို ကြီးထွားတင်းရင်း စေနိုင်ပါတယ် လို့ သုတေသန တခုက အတည်ပြုပြောထားပါတယ်။ - ဒါကြောင့်အဆုံးသတ်အနေနဲ့ပြောရရင် အဆီကျပြီး တင်ရင်ထွက်ချင်တဲ့အမျိုးသမီးများအတွက် စမုံစပါးစေ့ကို ခုနကပြောထားတဲ့အတိုင်း သောက်သုံးပေးမယ်ဆိုရင် ပိန်ဆေးတွေ ရင်သားကြီးဆေး တွေသုံးတာလို ဘေးထွက်ဆိုးကျိုးလည်းမရှိဘဲ ကျန်းမာရေးအတွက်ပါကောင်းကျိုးရနိုင်ပါတယ်။ - စမုံစပါးစေ့တွေကိုတော့ ပရဆေးဆိုင်တွေမှာဝယ်နိုင်ပါတယ်။အခုနောက်ပိုင်း ဆိုရင် Super market တချို့မှာလည်း တင်ရောင်းနေတာရှိပါတယ်။ - On Doctor Page မှ ကူးယူဖော်ပြပါသည်။ - ---------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
